လက်ရှိ မှာတော့ နည်းပညာ နယ်ပယ် Metaverse ထဲအထိ ခြေဆန့်မှုတွေနဲ့ အတူ ခြေရှုပ်နေဟန်ရှိတဲ့ Hyundai တို့ ကတော့ သူတို့ရဲ့ အနာဂါတ်အတွက် လျှပ်စစ် ကားဈေးကွက်ကိုလည်း စိုးမိုးနိုင်ဖို့ ခြေလှမ်း ကောင်းတွေ ခြေကုပ်ယူထား နိုင်နေပါပြီ။ တစ်ချိန်တည်းမှာပဲ ထူးခြားတဲ့ နည်းပညာနဲ့ ဟိုက်ဒရိုဂျင် စွမ်းအင် သုံး ကားတွေ ဘက်ကိုပါ ကုမ္ပဏီက ပြင်ဆင်နေပြီး တကယ်ကို ဘက်ပေါင်းစုံ လှမ်းနေပေမယ့် ကုမ္ပဏီရဲ့ အဓိကအပိုင်း ဖြစ်တဲ့ စီးပွားဖြစ် ကားရောင်းချမှုကနေတော့လည်း မသွေဖယ်သွားပြန်ပါဘူး။ အခုဆိုရင် တော့ ကုမ္ပဏီရဲ့ ကားပေါင်းများစွာ ထဲက နောက်ထပ် အဆင့်မြှင့်တင် ထုတ်ပေးလိုက် ပြန်တာကတော့ Hyundai Venue ပဲ ဖြစ်ပါတယ်။ အခု ကားကို တော့ အိန္ဒိယဈေးကွက် အဓိက 2023 Model အနေနဲ့ ချပြ လိုက်တာဖြစ်ပြီး အရမ်းကြီး စိတ်လှုပ်ရှားစရာ ကောင်းတာ တွေ မျှော်လင့် မထားသေးခင် ယခင် Venue Model နဲ့ တူတာတွေ များတယ်ဆိုတာ လေးကိုတော့ သတိချပ် စေချင်ပါတယ်။

Photo Credit: CARBUZZ

ဒါဆိုရင် ဘာတွေ ပြောင်းသွားတာလဲ မေးရင် ဒီဇိုင်းတွေပါ။ ဒီဇိုင်းတွေဆိုတဲ့ နေရာမှာလည်း ကားရဲ့ အရှေ့နဲ့ အနောက် ပုံစံတွေ ပြောင်းသွားတာဖြစ်ပြီး အခု နောက်ပိုင်း Hyundai ကားတွေ မှာသုံးထားတဲ့ Trend ကို လိုက်ထား ပါတယ်။ အခု ဆိုရင်တော့ Grille ကအစ Parametric Grille ကို Tucson ကားမှာလို ထည့်ပေး ထားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ပိုကြီးလာတဲ့ Chrome နဲ့ လိုက်ဖက်မယ့် အနက်ရောင် Chrome Frame ကိုလည်း ထည့်ပေးထားကာ မီးကြီး ပိုင်းနဲ့ အချက်ပြမီးတွေ အတွက် ကိုလည်း ယခင်ကထက် ပိုရှည်ပြီး ပို‌လှပတဲ့ နူးညံ့တဲ့ အချိုးအကွေ့ လေးတွေအဖြစ် ပြင်ဆင် ပေးလာပါတယ်။ ကားရဲ့ အောက်ဘက် Headlight တွေကတော့ မပြောင်းထားပေမယ့် အောက်ဘက် Grille ကလည်း အကုန်တော့ အသစ် ဖြစ် သွားခဲ့ပါပြီ။ အနောက်ဘက်မှာ ဆိုရင်တော့ Taillight က ကိုယ်ထည်အပြည့် ပတ်ပေးထားပြီး ခေတ်ပေါ် Graphic ဒီဇိုင်းတွေ အပြင် ဘန်ဘာကိုလည်း အရှေ့ဘက် ရုပ်ထွက်နဲ့ လိုက်အောင် ထည့်ပေးထား ပါတယ်။

Photo Credit: CARBUZZ

အတွင်းခန်းမှာ ဆိုရင်တော့ တံခါး လော့ခ် ချတာ ၊ Climate Control စနစ် ၊ တည်နေရာစနစ်တွေနဲ့ တာယာ လေပေါင် တွေအပြင် အခြား အချက်အလက်တွေ စုံအောင် ထည့်ပေးနိုင်မယ့် Infotainment System အသစ် ပါလာခဲ့ပါပြီ။ ကားကို ပိုပြီး ဇိမ်ကျ အဆင့်မြင့် နေစေမယ့် နောက်တစ်ချက် ကတော့ ဒုတိယမြောက် ထိုင်ခုံတွေရဲ့ အဆင့် ၂ ဆင့် အထိ ပုံပြောင်းလို့ ရနိုင်မယ့် ဒီဇိုင်းတွေပါပဲ။ နည်းပညာပိုင်းမှာ ဆိုရင်လည်း Alexa တွေ Google Voice Assistant စနစ် တွေ ပါလာတာကြောင့် အင်္ဂလိပ် နဲ့ အိန္ဒိယဘာသာ စကားတွေ သုံးကာ အသံနဲ့ လိုတာကို ခိုင်းစေ နိုင်မှာပါ။ ကားရဲ့ Digital Cluster မှာတော့ Driving Mode အမျိုးမျိုး ရွေးနိုင်မယ့်အပြင် Sounds Of Nature ဆိုတဲ့ စိတ်သက်တောင့် သက်သာ ရှိစေမယ့် အသံလေးတွေလည်း ထူးထူးခြားခြား ပါဝင်လာပါတယ်။ အင်ဂျင်ရွေးချယ်စရာ တွေကလည်း ယခင် ကားမော်ဒယ်တွေနဲ့ အတူ တူပဲ ဖြစ်ပြီး တရားဝင် မိတ်ဆက်ပွဲကိုတော့ အခုလ ၁၆ ရက်နေ့မှာ ပြုလုပ် ပေးသွားမှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com