တောင်ကိုရီးယား ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ Hyundai နဲ့ Kia တို့ ကတော့ နယူးယောက် ကားပြပွဲ ကြီးထဲမှာ 2023 Palisade အသစ် နဲ့ Telluride အသစ်တို့ကို ချပြလာ ခဲ့ပါတယ်။ Hyundai ရဲ့ ထိုင်ခုံ ၃ တန်းပါ လူ ကြိုက်များတဲ့ အရွယ်အစား အလယ်အလတ်ရှိ Palisade SUV ကတော့ ကားရဲ့ အတွင်းအပြင်တွေ အကုန် လုံး ပြောင်းလဲ ဆန်းသစ်လာခဲ့ပြီး နည်းပညာ အသစ် တွေလည်း ပါလာခဲ့ပါတယ်။ ကားရဲ့အပြင်ဘက်က တော့ ပိုပြီး ခန့်ညားရင့်ကျက်လာတဲ့ အသွင်နဲ့အတူ ပိုပြီးတိကျကြီးမားလာတဲ့ Grille နဲ့ နည်းပညာ ပိုကောင်း လာတဲ့ အသွင် Daytime Running Lights တွေ ကို လည်း မြင်တွေ့ လာရပါတယ်။ ဒါ့အပြင် အရှေ့ နဲ့ အနောက်ဘက်က Fascia တွေ ကလည်း အသစ် တွေ ဖြစ်သွား ပြီး အလင်းရောင် အလို အလျောက် မှိန်ပေး နိုင်တဲ့ ဘက်မှန် တွေလည်း ထည့်ပေးလာပါတယ်။

Photo Credit: MotorAuthority

Instrument Cluster အတွက် ဒီဇိုင်း အသစ် ၊ Infotainment System အတွက် ပိုကြီးတဲ့ Screen တွေ ပါလာတဲ့ ကားရဲ့ အတွင်းခန်းက ပိုဆန်းသစ်လာတာ ဖြစ်ပြီး ထိုင်ခုံ မျက်နှာစာတွေ ၊ သုံးထားတဲ့ Material တွေနဲ့ စတီယာတိုင် ဒီဇိုင်း တွေကအစ အစစအရာရာ အသစ် ဖြစ်လာခဲ့ပါတယ်။ နည်းပညာအသစ်တွေ အနေနဲ့ ဆိုရင်လည်း Digital အနောက်ကြည့် မှန် ၊ Wifi ပါဝင်လာမှုတို့ အပြင် Iphone ၊ Android တွေနဲ့ပါ ချိတ်ဆက်ပေးထားနိုင်မယ့် Digital Car Key စနစ် တွေလည်း ပါဝင်လာပါတယ်။ USB-A အပေါက်တွေ အစား USB-C အပေါက်တွေ ပြောင်းလဲ ပေးလိုက်သလို ကြိုးမဲ့ အားသွင်းနေရာ ကလည်း ယခင်က 5 W အထိပဲ ရခဲ့ရာကနေ အခု ဆိုရင်တော့ 15 W အထိကို ရလာပြီ ဖြစ်ပါတယ်။ ကားသစ် မိတ်ဆက်ရာမှာ အထူး ခြားဆုံး ဖြစ်ခဲ့တာကတော့ ပိုကြမ်းတဲ့ XRT Grade ထည့်ပေးလာခဲ့ ခြင်းပါပဲ။ ယခင် Santa Fe နဲ့ Tucson တို့ရဲ့ XRT Versions တွေနဲ့ အတူတူ ဖြစ်လာမယ့် အခု Palisade XRT Version အသစ် မှာတော့ လမ်းကြမ်းမောင်း ကားတစ်စီးရဲ့ အသွင်အပြင်တွေကို ပိုပြီး ပေးလာနိုင်တာ ဖြစ်ပါတယ်။ ဘီးတွေ ကလည်း လက်မ ၂၀ အရွယ်တွေ ဖြစ်လာသလို ၊ Fascia တွေ နဲ့ Skid Plate Design တွေကလည်း သီးသန့်ဆန်လာ ခဲ့ပြီး အမိုးလိုင်းတွေနဲ့ အနက်ရောင် ကားအပြင်ဖက် အသွင်အပြင်တွေကလည်း တစ်မူ ထူးခြားလာနေတာ ပါ။ အင်ဂျင် ပိုင်းကတော့ ယခင်အတိုင်းပဲ ဖြစ်ပြီး 3.8 Liter V 6 Engine ကိုမှ 291 hp နဲ့ 262 lb-ft Torque အထိကို စွမ်းဆောင် နိုင် မှာ ဖြစ်ပါတယ်။ အင်ဂျင်နဲ့ ကောင်းကောင်း တွဲဖက်နိုင်ဖို့ 8-Speed Automatic နဲ့အတူ Front-Wheel Drive ဒါမှမဟုတ် All-Wheel Drive စနစ်တွေဆိုပြီး ရွေးချယ်နိုင်မှာ ပါ။

Photo Credit: MotorAuthority

အခု Palisade ကားသစ်တိုင်းမှာတော့ Electronic စနစ်သုံး ယာဉ်မောင်းအကူ နည်းပညာတွေ အများအ ပြားကို နဂို အနေနဲ့ရော ထပ်မံ ရွေးချယ်စရာတွေ အနေနဲ့ပါ ထည့်ပေးထားပါတယ်။ အဆိုပါ စနစ်တွေထဲမှာ ဆိုရင်တော့ အရှေ့ ဘက်က ယာဉ်တိုက်မှု ဖြစ်နိုင်တာကို သတိပေးတာတွေ ၊ Blind Spot နဲ့ အနောက်ဘက် ယာဉ်ဖြတ်သွားတာကို သတိ ပေးမယ့် စနစ်တို့ အပြင် Driver Monitor နဲ့ ပါကင် အကူစနစ်တို့လည်း ပါဝင်လာမှာပါ။ တကယ်တော့ Palisades တွေက အမေရိက ဈေးကွက်မှာလည်း ရောင်းအား အကောင်းဆုံး SUV တွေ ဖြစ်ပြီး ၂၀၂၁ က ဆိုရင် အစီးရေ ပေါင်း ၈၆,၅၃၉ စီး အထိ ရောင်းချခဲ့ရလို့ ၂၀၁၈ နောက်ပိုင်း အကောင်းဆုံး စံချိန် ဖြစ်ခဲ့ပါတယ်။ အဆိုပါ ကားသစ်တွေကို တော့ တောင်ကိုရီးယား ရှိ Ulsan စက်ရုံမှာ ‌ထုတ်လုပ်နေတာ ဖြစ်ပြီး အမေရိကမှာ စက်ရုံသစ် ဖြစ်လာနိုင်မလား ဆိုတာ ကတော့ ဈေးကွက် ဝယ်လို အားအပေါ် မူတည်လာနိုင်ပါတယ်။ အခု ကားသစ်တွေ အတွက် ဈေးနှုန်းကို သေချာ မသိရသေးပေမယ့် 2022 Model တွေကတော့ $ 34,335 ကနေ စတင်ထားတာဖြစ်လို့ မော်ဒယ်အသစ်မှာ ဆိုရင်တော့ အဆိုပါ ဈေးထက် အနည်းငယ်လေး မြင့်တက်လာဖို့ ရှိပါတယ်။

Ref: MotorAuthority