ပြီးခဲ့တဲ့ ဇူလိုင် လကတည်းက ကမ္ဘာ့ဈေးကွက်အတွက် ချပြထားပြီးသား 2023 Hyundai Ioniq 6 ကားသစ်ကတော့ အခုဆိုရင် LA ကားပြပွဲကြီးကတစ်ဆင့် အသေးစိတ်အချက်အလက်တွေ အပါအဝင် အမေရိက ဈေးကွက် အတွက် စတင် မိတ်ဆက် ပေးလိုက်ပြန်ပါတယ်။ အခု ကားကတော့ ယခင်မြင်ထားပြီးသားနဲ့ တစ်ထပ်တည်းနီးပါး တူညီ နေပေမယ့် ကွာခြားချက်လေးတွေတော့လည်း တစ်ချို့ရှိနေပါတယ်။ ကားသစ်ရဲ့ Drag Coefficient အပိုင်းက အမေရိက ဈေးကွက်ထဲမှာ 0.1 ပမာဏလောက် ပိုမြင့်တာဖြစ်ပြီး အဓိက ကတော့ ကားရဲ့ ဘေးဘက်မှန်တွေ ကြောင့် ဖြစ်ပါတယ်။ တောင်ကိုရီးယား ဈေးကွက်ထဲက ဘက်မှန် အစား ထိုး ဘက်ကင်မရာမှန်တွေကို အခု ဈေးကွက်ထဲမှာ စံနှုန်းတွေ မကိုက်ညီတာကြောင့် အစားထိုးလိုက်ရလို့ပါပဲ။

Photo Credit: motor 1.com

ကားသစ်မှာတော့ 53.0 kWh နဲ့ 77.4 kWh ဆိုတဲ့ ဘက်ထရီ ၂ မျိုးနဲ့ ရနိုင်ပါတယ်။ Standard Range မှာဆိုရင် အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ လျှပ်စစ်မော်တာကြောင့် 149 hp နဲ့ 258 lb-ft Torque အထိ စွမ်းဆောင် နိုင်ပါ လိမ့်မယ်။ ဒါ့အပြင် Rear-Wheel Drive နဲ့ မော်တာတစ်လုံးတပ် ဘက်ထရီ အကြီးမျိုး ၊ All-Wheel Drive နဲ့ မော်တာ ၂ လုံးတပ်တို့ဆိုပြီး နောက်ကားတွေလည်း ရွေးချယ်နိုင်သေးကာ RWD အမျိုးအစားမှာ ဆိုရင်တော့ 225 hp နဲ့ Dual-Motor ဆိုရင် 320 hp နဲ့ 446 lb-ft Torque အထိ အသီးသီး ရှိနေမှာပါ။ လျှပ်စစ်မော်တာ တစ်လုံးတပ် ဘက်ထရီ အကြီးမျိုးမှာတော့ တစ်ခါအားသွင်းထားရင် ၃၄၀ မိုင်အထိ ရှိထားပြီး လျှပ်စစ်မော်တာ ၂ လုံး ဆိုရင်တော့ ၃၁၀ မိုင် အထိကို မောင်းနှင် စွမ်းဆောင်နိုင်ပါတယ်။  အခု ကားသစ်အတွက် 350 KW Fast Charger လည်း ပါဝင် ပြန်တာကြောင့် ၁၀% ကနေ ၈၀% အထိ အားပြည့်ဖို့အတွက် ၁၈ မိနစ်ပဲ အချိန် ပေးရမှာပါ။ ဒါ့အပြင် အလျှင် လိုတယ် ဆိုရင်တော့ ၆၅ မိုင်စာပမာဏ အတွက် ၅ မိနစ်အတွင်း အမြန် ရနိုင်ပါသေးတယ်။ ဒါပေမယ့် သာမန် Level 2 အဆင့် အားသွင်းခေါင်းနဲ့ပဲ ဆိုရင်တော့ အားအပြည့်ရဖို့ကို ၇ နာရီ ကျော်အထိ ကြာနေပါလိမ့်မယ်။

Photo Credit: motor 1.com

အတွင်းခန်းမှာတော့ ကားမှာသုံးထားတဲ့ Hyundai ရဲ့ E-Global Modular Platform ကြောင့် ကြမ်းခင်းခပ်ပြားပြား နဲ့ အတော်ကျယ်တဲ့ အခန်းအရသာကို မြင်ရမှာပါ။ ဒါ့အပြင် တံခါး ရဲ့ ဘောင်တွေကခလုတ် တွေပါ မပါတော့တာ ကြောင့် ပုံမှန်ထက် ပိုကျယ်လာတာ သိသာသလို ၁၂.၃ လက်မအရွယ် Digital Screen တွေကိုလည်း Gauge Display နဲ့ Infotainment Screen တို့အဖြစ် ပေါင်းစပ်ကာ တစ်ပါတည်း ထည့် ပေးထားပါတယ်။ နောက်ပိုင်းမှာ တော့ ကားရဲ့ Throttle Response နဲ့ ပိုကောင်းတဲ့ စတီယာတိုင် အတွေ့အကြုံတွေအတွက် OTA Update တွေ ကနေ ရရှိလာမှာပါ။ အဆိုပါ စနစ်တွေနဲ့အတူ ပိုသုံးလို့ကောင်းမယ့် Hyundai ရဲ့ SmartSense Advanced Driver Assistance စနစ်ကိုလည်း ပေါင်းစပ် ထည့်သွင်းပေးထား ပါသေးတယ်။ အခု Ioniq 6 ကတော့ လာမယ့် ၂၀၃၀ အရောက်မှာ BEV Model ၁၇ မျိုးအထိ ထုတ်လုပ် ပေးမယ့် ကုမ္ပဏီရဲ့ နောက်ဆုံးထွက် လျှပ်စစ်ကားဖြစ်ပါတယ်။ အခု ကားသစ်ကတော့ အမေရိက ဈေးကွက်ထဲ လာမယ့် နွေဦးကာလ လောက်မှာ ဝင်လာမှာဖြစ်ပြီး အမေရိကမှာ ဆိုရင် Electrify America ရဲ့ တစ်သက်တာသုံးနိုင်မယ့် တစ်ခအားသွင်း မိနစ် ၃၀ စာ အခမဲ့ ဝန်ဆောင်မှုကိုလည်း ရနိုင်ဦးမှာ ဖြစ်ပါတယ်။ ကားရဲ့ ဈေးနှုန်း အသေးစိတ်ကိုတော့ မသိရသေးတာကြောင့် စတင်ရောင်းချမယ့် အချိန်အထိ စောင့်ကြည့် ရဦးမှာပါပဲ။

Ref: motor 1.com