2023 Hyundai Grandeur ကားသစ်ကို စတင် မိတ်ဆက်ခဲ့စဉ်တုန်းကတည်းက ကုမ္ပဏီဟာ ကားရဲ့ အသေးစိတ် အချက်အလက်တွေကို သေချာမဖော်ပြထားသေးပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ အဆိုပါ အသေးစိတ် အချက်အလက်တွေကအစ ထွက်ပေါ်လာပြီဖြစ်ပြီး သေချာတာတစ်ခုက ယခင် Grandeur တွေထက်ပိုပြီး အဆင့်မြင့် ခန့်ညားလာတယ် ဆိုတာပါပဲ။ ကားရဲ့ အနေအထားကတော့ Gensis G80 ထက် ပိုရှည်ပြီး G90 ထက်တော့ ပိုတို တာ‌ဖြစ်ပါတယ်။ ကားရဲ့တစ်စီးလုံးစာ အရှည်ကတော့ ၁၉၈.၂ လက်မအထိ ရှိတာပါ။

Photo Credit: AllAutoExperts

ကားရဲ့ Base Model ကိုတော့ Four-Cylinder 2.5 Liter အင်ဂျင်နဲ့ ပွဲထုတ်ပေးထားပြီး 195 hp နဲ့ 183 lb-ft Torque အထိကို စွမ်းဆောင်လာ နိုင်ပါတယ်။ အဆိုပါ ကားမှာတော့ Front-Wheel Drive နဲ့ တွဲဖက်ထားပြီး နောက်ထပ် အင်ဂျင် အမျိုးအစား ၂ မျိုးကိုလည်း ရွေးလို့ရအောင် ထပ်ထည့်ပေးထားပါသေးတယ်။ All-Wheel Drive စနစ်နဲ့ပါ တွဲရွေးလို့ရမယ့် အင်ဂျင်တစ်မျိုးကတော့ ပိုကြီးတဲ့ 3.5 Liter V6 အင်ဂျင်ဖြစ်ပြီး 296 hp နဲ့ 256 lb-ft Torque အထိကို စွမ်းဆောင် နိုင်တာပဲ ဖြစ်ပါတယ်။ နောက်ထပ် ရွေးစရာတစ်မျိုးကတော့ Front-Wheel Drive စနစ်နဲ့ 3.5 Liter အင်ဂျင်ဖြစ်ပြီး 237 hp နဲ့ 232 lb-ft Torque အထိကို စွမ်းဆောင် နိုင်ဦးမှာပါ။ အဆိုပါ ကားကတော့ ဂတ်စ်နဲ့ မောင်းနှင် လို့ ရနိုင်မယ်လို့ သိရပါတယ်။

Photo Credit: AllAutoExperts

အခု လက်ရှိမှာတော့ တောင်ကိုရီးယား ဈေးကွက်ထဲမှာ စတင်ရရှိနိုင်ပြီဖြစ်ပြီး $ 30,600 နဲ့ $ 38,000 အထိကို ရှိလာ နိုင်ပါတယ်။ Trim Level အမျိုးမျိုးအလိုက် ဈေးတွေကကွာခြားလာနိုင်ပြီး နောက်ထပ် ထူးခြားတဲ့ အရောင် တစ်မျိုးအဖြစ် Black Ink ဆိုတဲ့ နက်မှောင်နေတဲ့ အရောင်အတွက်ကိုလည်း $ 1,050 လောက် ထပ်ပေးကာ ဝယ်လို့ ရဦးမှာဖြစ်ပါတယ်။ Premium V6 အင်ဂျင်ကိုလည်း $ 2,000 ဝန်းကျင် လောက်နဲ့ ဝယ်လို့ရအောင် ထပ်ထည့်ပေးထား သေးပြီး သာမန် Base Four-Cylinder Model မှာမရနိုင်မယ့် HTRAC ကိုလည်း $ 1,800 နဲ့ ထပ်မံ ရွေးချယ်နိုင်ဦးမှာ ပါ။ ဒါ့အပြင် နောက်ထပ် နည်းပညာမြင့် Package ကိုလည်း $ 1,200 ၊ Electronically Controlled Suspension ကိုလည်း  $ 1,000 တို့နဲ့ ထပ်ပြီးဝယ်ယူလို့ ရပါသေးတယ်။ ဒါတွေတင်မကသေးပဲ အနောက်ဘက် ထိုင်ခုံတွေအတွက် VIP Package အပြင်အဆင်ကိုလည်း $ 1,500 နဲ့ ထပ်မံ ဝယ်ယူပြောင်းလဲ နိုင်ဦးမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts