မြောက်အမေရိက ဈေးကွက် အတွက် HR-V ဆိုတဲ့ ကားကို သီးသန့် ထုတ်ပေးခဲ့တဲ့ Honda ကတော့ အခု ဆိုရင် ဂျပန် ဈေးကွက်အတွက် ထပ်တူနီးပါး တူတဲ့ ZR-V ကားသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Z Runabout Vehicle လို့ အဓိပ္ပါယ် ရတဲ့ အဆိုပါ ZR-V ကား အမျိုးအစားကို ယခင်ကတည်းက တရုတ်ဈေးကွက်မှာ ပုံစံတူ နီးပါးနဲ့ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပြီး လာမယ့် နှစ်မှာတော့ ဥရောပအထိ ဒီကားရောက်လာနိုင်ချေရှိနေပါတယ်။ ဥရောပဈေးကွက် ထဲရောက်လာ ရင်တော့ ဥရောပရဲ့ HR-V ကား နဲ့ အမေရိကမှာ မြင်ခဲ့ရတဲ့ မျိုးဆက်သစ် CR-V တို့ အကြားကကားကောင်းတစ်စီး အဖြစ် ရှိလာမှာပါ။ အခု ဂျပန် ဈေးကွက်ထဲက ကား သစ်မှာတော့ အမေရိက ကားမှာတုန်းကလိုမျိုး Honeycomb Style Grille မဟုတ်တော့ပဲ အနည်းငယ် ဒီဇိုင်း ပြောင်းထား ကာ Maserati Grecale Trofeo လို ကားမျိုးကို တောင် ပြန်ပြောင်း သတိရစေခဲ့ ပါတယ်။ ကားရဲ့ အရှေ့ဘက် ဘန်ဘာပိုင်းကိုတော့ ယခင်ကထက် ပိုပြီး သိသိသာသာ ထင်ထင်ရှား ရှားမြင်ရ စေဖို့ ဖန်တီးထားတာ ဖြစ်ကာ လိမ္မော်ရောင် ဘေးဘက် အပိုင်းလေးတွေလည်း မတွေ့ရတော့ ပါဘူး။ ကားရဲ့ အနောက်ဘက်မှာတော့ အိတ်ဇောပိုက် ခပ်ကြီး ကြီးနှစ်လုံး တွေ့ရပြီး ကားကို Sport ပိုဆန်တဲ့ အရသာ ရစေတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အတွင်းခန်း ကတော့ Civic အသစ် ကနေ အတော်များများ ပြန်ယူထားတဲ့ HR-V ကားသစ်နဲ့ အတူတူ နီးပါးပါပဲ။ ဒါပေမယ့်လည်း အခု ZR-V ကားသစ်မှာတော့ Automatic Gear အုံအစား ခလုတ်လေးတွေ အစားထိုးသုံးထားကာ ပိုပြီးခေတ်မှီသန့်စင်တဲ့ အသွင်အပြင်ကို ပေးစွမ်းလာနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အတွင်း ခန်းကို ပိုပြီး ဇိမ်ကျခေတ်မှီတယ်ဆိုတဲ့ အမြင်ရစေဖို့အတွက် လိမ္မော်ရောင်အစင်းကြောင်းလေးတွေနဲ့လည်း ပေါင်းစပ်ပေးထား ပါသေးတယ်။ မြောက် အမေရိက ဈေးကွက်ထဲက HR-V နဲ့ သိသိသာသာ ကွဲပြားတာကတော့ စက်ပိုင်းဆိုင်ရာ ဖြစ် နိုင်ပါတယ်။ HR-V မှာတုန်းက 2.0 Liter Gasoline Engine ကို ထည့်ပေး ထားပြီး 158 hp နဲ့ 138 lb-ft Torque အထိ စွမ်းဆောင်ထားနိုင်ကာ အခု ZR-V ကားသစ် မှာတော့ Civic e:HEV ဆီက မှီငြမ်းထားတဲ့ Hybrid အနေနဲ့ ပွဲ ထွက်လာ တာ ဖြစ်ပါတယ်။ အခုမြင်ရတဲ့ ပွဲဦးထွက် မိတ်ဆက်ကားမှာတင် e:HEV ဆိုတဲ့ တံဆိပ်ကို မြင်တွေ့ထားရတာ ဖြစ်ပြီး နောက်တစ်မျိုး အနေနဲ့ဆိုရင် တော့ 1.5 Liter Gasoline Engine ကို ထည့်ပေးထား နိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ အင်ဂျင်မတူ ကား ၂ မျိုးလုံးမှာတော့ All-Wheel Drive အနေနဲ့ ရရှိဖို့ များပါတယ်။

Photo Credit: motor 1.com

စက်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက် တွေကိုတော့ ဂျပန် ဈေးကွက်ထဲ အခုကားသစ်အတွက် အမှာစာတွေ စတင် လက်ခံမယ့် စက်တင်ဘာလမှသာ အသေးစိတ်ထပ်ပြီး ကြေညာလာဖို့ ရှိနေတာပါ။ အဆိုပါ ကားရဲ့ ဥရောပဈေးကွက် အတွက် Version ကိုတော့ 2023 Model အနေနဲ့ ထုတ်ပေးလာဖို့ စီစဉ်ထား ပြီး ယခင်ဥရောပရဲ့ HR-V လို မျိုးပဲ လျှပ်စစ်စွမ်းအင် ပေါင်းပေးထား နိုင်ပါတယ်။ Hybrid အပိုင်းတွေနဲ့ ဆက်စပ်ပြီး ပြောရမယ် ဆိုရင်တော့ အခု အသစ် ထွက် လာဦးမယ့်  Civic Type R အသစ်ကလည်း ဈေးကွက်အတွက် နောက်ဆုံးသော လောင်စာဆီသုံး အင်ဂျင်နဲ့ ကားဖြစ်လာ တော့မယ်လို့ သိထားရတာကြောင့် မကြာခင် လျှပ်စစ်မျိုးကွဲ အတော်များများကို Honda ဆီက ထပ်မြင်လာ ရနိုင်ပါ သေးတယ်။

Ref: motor 1.com