အခုနှစ်ထဲမှာ 2023 Model အသစ်အနေနဲ့ အပြောင်းအလဲများများနဲ့ ပွဲထွက်လာမယ့် Honda Pilot အသစ်က စိတ်ဝင် စားစရာ ကောင်းနေတာကြောင့် Honda ကလည်း ကားပုံရိပ်တွေကို Teaser ပုံလေးတွေ အနေနဲ့ တစ်စ တစ်စ ချပြလာ နေပါတယ်။ ပထမဆုံး မြင်ရတဲ့ Teaser ပုံရိပ်မှာတော့ များများစားစား သိပ်မဖော်ပြထားသေးပေမယ့်လည်း Kolesa.Ru ကနေ ဒီဂျစ်တယ် ဒီဇိုင်းပုံရိပ် တစ်ခုကို ခန့်မှန်းရေးဆွဲ နိုင်ခဲ့ပြီး အပြောင်းအလဲ ပါလာနိုင်ဖွယ်ရှိတဲ့ နေရာ တွေကိုလည်း သိခဲ့ရပါတယ်။ Pilot ကားအသစ်ကို မြင်ရတဲ့ Spy Shots တွေမှာတုန်းကတော့ ကားရဲ့ အဓိက အပြောင်းအလဲ ဖြစ်လာနိုင်တဲ့ နေရာတွေကို Camouflage များများနဲ့ ဖုံးထားဆဲ ဖြစ်ပေမယ့် အခု ဒီဂျစ်တယ် ပုံကြမ်းမှာတော့ ခန့်မှန်းချပြထား လိုက်နိုင်ပါပြီ။ ပုံစံအရတော့ ပိုပြီး တိကျလှပတဲ့ SUV တစ်စီး ဖြစ်လာခဲ့ပြီး Headlights တွေ ခပ်ပါးပါး ၊ ဘန်ဘာအပေါ်မှာ ဒေါင်လိုက် Vents တွေနဲ့ ခပ်ကြီးကြီး ရိုးရိုးရှင်းရှင်း Grille တွေ ကိုလည်း မြင်တွေ့ ထားရတာပါ။ အခု ပုံကြမ်းကတော့ ယခင် Spy Shots တွေမှာ မြင်ထားခဲ့ရတဲ့ ပုံရိပ်တွေနဲ့လည်း အနီးစပ် ဆုံးတူညီ နေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Spy Shots တွေအရတော့  SUV ရဲ့ အနောက်ဘက် အပိုင်းကို သေချာမမြင်ထားရသေး ပေမယ့်လည်း တကယ့်အခု ပုံကြမ်းမှာ ဆိုရင်တော့ ကားရဲ့ အနောက်ဘက်မှာ Taillight က အပြည့် ပါဝင်လာလိမ့်မယ် ဆိုတဲ့ ပုံစံကို ဖော်ပြထားပါတယ်။ ကားကတော့ Sport ဆန်ဆန် အရသာ ကောင်းကောင်း ပေးထားနိုင်ပြီး သိသိသာသာ မြင်နိုင်တဲ့ Roof Spoiler လည်း ပါဝင်လာပါတယ်။ အနောက်ဘက် ဘန်ဘာပေါ်က အနက်ရောင် Cladding နဲ့ ငွေရောင် Insert တွေက စွမ်းဆောင်ရည် ပိုကောင်းတဲ့ ပုံပေါက်အောင်လည်း ပြသထားနိုင်တာဖြစ်ပါတယ်။ Honda အနေနဲ့ Teaser တွေအရ များများစားစား သိပ်မပြထားသေးဘူး ဆိုပေမယ့်လည်း ခန့်မှန်းချက်တွေအရတော့ ပိုကြမ်းပိုကောင်းတဲ့ Trailsport Trim ကပါ ဒီဇိုင်းအသစ်နဲ့ တစ်ကျော့ပြန်လာ ဦးမယ်လို့ ယူဆရပါတယ်။ Trim အသေးစိတ်တွေနဲ့ ပတ်သက်လို့ သေချာမသိရသေးပေမယ့်လည်း SUV ကတော့ တကယ်တမ်း ထွက်လာရင် ယခင်ကထက် ပိုပိုပြီး ကောင်းတဲ့ ပုံစံအသစ်ကိုမှ ဒီဇိုင်းအသစ် အဆန်းတွေနဲ့ သေချာပေါက် ပေါ်လာတော့မှာ ဖြစ်ကာ Pilot Trail Sport Trim အသစ်အနေနဲ့ ထွက်လာဖြစ်မယ် ဆိုရင်လည်း တကယ်စွမ်းဆောင်ရည် ကြမ်းတဲ့ ကားဖြစ်နေတော့မှာပါ။ အင်ဂျင်ပိုင်းတွေ အနေနဲ့လည်း တိတိကျကျ မသိရသေးဘူး ဆိုပေမယ့် လက်ရှိ မျိုးဆက်ရဲ့ 3.6 Liter V6 Engine ကိုပဲ ဆက်ပြီး ယူဆောင် လာဦးမယ်လို့ ယူဆရပါတယ်။ လက်ရှိအင်ဂျင်ကတော့ 280 hp အထိ စွမ်းဆောင်ရည် ရှိနေတာဖြစ်ပြီး အခု ကားသစ်မှာတော့ လက်ရှိ Acura MDX ကားသစ်နဲ့ Platform အတူတူကိုပြောင်းသုံးလာ နိုင်တာကြောင့် စွမ်းဆောင်ရည် အပြောင်းအလဲ ရှိလာမလား ဆို‌တာတော့ စောင့် ကြည့်ရ‌မှာပါ။ အတွင်းခန်းကတော့ Spy Shots အနေနဲ့ရော အခု ဒီဂျစ်တယ် ပုံကြမ်းအနေနဲ့ပါ အတွင်းခန်းကို မမြင်နိုင် သေးပေမယ့်လည်း အပြင် ဘက်လိုပဲ သေချာ ပေါက် ကောင်းမွန် နေမယ်တော့ ယုံကြည်ရပါ တယ်။ Honda ဆီကနေ အခု Pilot ကားအသစ် ထွက်လာမယ့် အချိန် အတိအကျ ကြေညာ လာတာကို စိတ်ဝင်တစား စောင့်ဆိုင်းနေရတာ ဖြစ်ပြီး အချိန်သိပ်မကြာ တော့ဘူးလို့တော့ ယူဆရပါတယ်။ အခုဆိုရင်ပဲ ဩဂုတ်လ တစ်ဝက်ကျိုးကာ နောက်လ ဆိုရင်ပဲ စက်တင်ဘာ ရောက်ပြီ ဖြစ်တာကြောင့် ၂၀၂၂ ကုန်ခါနီး ဖြစ်နေကာ ကားသစ်မြင်ရဖို့လည်း အတော် နီးစပ်နေပြီလို့ ယုံကြည်ရတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com