ဒီဇိုင်း ပြောင်းလဲထားမယ့် ပုံစံအသစ်နဲ့ Honda Pilot ကတော့ ၂၀၂၃ မော်ဒယ်အနေနဲ့ မကြာခင် ပွဲထွက်လာတော့မှာ ဖြစ်ပြီး အခုနှစ် နှောင်းပိုင်းလောက်မှာ တရားဝင် မိတ်ဆက်ပေးလာဖို့ ရှိ‌နေပါပြီ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့တုန်း ကတော့ Honda အနေနဲ့ သူတို့ရဲ့ Mid-Size SUV အသစ်မှာ လမ်းကြမ်းပိုင်း ပိုကောင်းမယ့် Trailsport Grade အသစ်ပါ တစ်ပါတည်းတွဲပြီး ပါလာမှာဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

Photo Credit: MotorAuthority

အဆိုပါ Trailsport Grade ကိုတော့ ပြီးခဲ့တဲ့ 2022 Passport ကားသစ်မှာ စတင် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး Fascia Design က ပုံမှန်နဲ့ ပိုမို ကွဲထွက်နေခဲ့ပါတယ်။ ဒါ့အပြင် ဘီးပုံစံတွေနဲ့ အတွင်းခန်း Accents တွေမှာလည်း သိသိသာသာ ထူးခြားလာခဲ့ပါတယ်။ လမ်းကြမ်းပိုင်းအတွက် သီးသန့် Driving Mod အပြင်အဆင်တွေ လုပ်မထားခဲ့ပေမယ့်လည်း အခု 2023 Pilot မှာတော့ ပိုလုပ်ပေးလာနိုင်ပါတယ်။ အကြောင်းက တော့ Honda အနေနဲ့ အခု SUV ကို လမ်းကြမ်းပိုင်းအတွက် အကြမ်းဆုံး ကားတစ်စီး ဖြစ်လာမယ် ဆိုပြီး ကြိုတင်ကြေညာထားခဲ့ လို့ပါပဲ။ အခု Pilot အသစ်ကိုတော့ Redesigned 2022 Acura MDX လိုပုံစံမျိုး ပေါ် အခြေခံဖန်တီးထားနိုင်ပြီး Platform က ယခင်ထက် ပိုပြီး မာကျောအကြမ်းခံလာဖို့ များပါတယ်။ ဒါ့အပြင် လမ်းတွေရဲ့ ဘယ်လို အခြေအနေမျိုးမှာမဆို စွမ်းဆောင်ရည် ကောင်းတွေပြသလာနိုင်ကာ ၈ ယောက် စီး ကားတစ်စီးအနေနဲ့ V6 Engine ကို Standard အဖြစ် ထည့်ပေးထားနိုင်ဖို့ မျှော်လင့်ရပါတယ်။

Photo Credit: MotorAuthority

လက်ရှိ မြင်ရသလောက် Prototype ‌တွေအရ ဆိုရင်တော့ ကားက လက်ရှိမျိုးဆက် Pilot ကားတွေထက် ပိုပြီးလည်း ခပ်ကြမ်းကြမ်း ဒီဇိုင်းအသွင်မျိုး ပေါက်နေပြီ ဖြစ်ပါတယ်။ အခု Pilot ကားအသစ် ထွက်လာဖို့ အတွက် က Honda ရဲ့ ဒီဇိုင်း အင်ဂျင်နီယာတွေ အဖို့လည်း အတော်လေး အလုပ်ရှုပ်ခံကာ ကြိုးစားထား ကြရတယ်လို့ သိထား ရပါတယ်။ တကယ်လည်း ဒီနှစ်က Honda အတွက် အလုပ်များရတဲ့ နှစ်တစ်နှစ်ဖြစ် ပြီး လတ်တလောမှာ ကိုပဲ Subcompact HR-V နဲ့ Compact CR-V ကားတွေရဲ့ အမျိုးအစားအသစ်တွေကို မိတ်ဆက်ထားခဲ့ ပြီးဖြစ်ပါတယ်။ အခု Pilot ကားအသစ် အပြင် လာမယ့် ၂၀၂၃ အရောက် မှာလည်း လျှပ်စစ်ကားသစ် Prologue ကို မိတ်ဆက်ဖို့ ရှိနေသေးတာကြောင့် Honda ရဲ့ SUV ကားသစ် တွေဟာ တရစပ် ထွက်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority