Honda Passport ရဲ့ ၂၀၂၃ ကား မော်ဒယ် အသစ်ကတော့ All-Wheel Drive စနစ် တစ်မျိုးတည်းကိုပဲ စံထားကာ ထုတ်လုပ်ပေးလာခဲ့ပါပြီ။ ဈေးနှုန်းကတော့ Entry-Level ဖြစ်တဲ့ AWD EX-L Version ကိုတောင် $ 42,395 အထိ ရှိလာခဲ့တာ တွေ့ရပါတယ်။ Cars Direct သတင်းရဲ့ အချက်အလက်တွေအရ ဆိုရင်တော့ အဆိုပါ Entry-Level Trim ကား အတွက်ကိုပဲ ဝယ်ယူလိုသူတွေဟာ ယခင်ကထက် ဒေါ်လာ ၂,၇၀၀ လောက် ပိုကုန်ကျ ရတော့မယ်လို့ သိရပါတယ်။

Photo Credit: AllAutoExperts

အခု ဈေးနှုန်းတွေ ကြေညာချက်တွေကတော့ Honda အနေနဲ့ Passport ကားမှာ Sport Grade ကို ဖြုတ်ချထားခဲ့ ပြီ လို့ တရားဝင် အတည်ပြုချက် ထွက်ပေါ်လာခဲ့တာပါ။ ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ မော်ဒယ်ရဲ့   Base Model ဈေးနဲ့ ယှဉ်လိုက်မယ်ဆိုရင် $ 5,080 လောက်ကို ပိုပြီးဈေးတက်သွားတဲ့ သဘော ဖြစ်ပါတယ်။ Honda Passport ကတော့ Redesigned CR-V နဲ့ ပိုကြီးမားတဲ့ ခုနစ်ယောက်စီး Pilot တွေ အကြားမှာ ရပ်တည်နေတဲ့ ကားကောင်းတစ်စီး ပါပဲ။

Photo Credit: AllAutoExperts

အခုကားရဲ့ ဈေးအသစ်တွေကို အခြားသော ကားတွေနဲ့ နှိုင်းယှဉ်ကြည့်ရမယ် ဆိုရင်တော့ လာမယ့်နှစ်မှာ ဒီဇိုင်းသစ် ပြောင်းထွက်လာမယ့် Pilot ကားကိုပဲ Front-Wheel Drive စနစ်နဲ့ဆိုရင် $ 40,000 ကျသင့်မှာ တွေ့ရပါတယ်။ အဆိုပါ ဈေးနဲ့ Pilot ကလည်း နောက်နှစ် ကားသစ်ထွက်လာမယ်ဆိုရင် လက်ရှိမြင်ရတဲ့ Passport ကားအမျိုး အစားကိုတောင် ဈေးကျော်တက်သွားနိုင်ပါတယ်။ အခု Passport ကားတင်မကပဲ အခြားသော Honda Model တစ်မျိုးဖြစ်တဲ့ Ridgeline Pickup Truck ကားကိုလည်း လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက Front-Wheel Drive အမျိုး အစားကို ဖြုတ်ချခဲ့ပြီးပါပြီ။ ဒါပေမယ့် Honda ရဲ့ ကားတွေထဲမှာ အခုလိုမျိုး Trim တွေ ဖြုတ်ချပြီး ဈေးတွေ တက်ကုန်တာ ဒီ ၂ မျိုးတည်းတော့ မဟုတ် သေးပြန်ပါဘူး။ လာမယ့် ၂၀၂၃ အရောက်မှာလည်း Honda က CR-V Lineup ထဲက LX Grade ကို ဖြုတ်ချ‌ဦးမှာ ဖြစ်တာကြောင့် အဆိုပါ ကားလည်း အသစ်မှာဆိုရင် ဒေါ်လာ ၄,၃၀၀ လောက်အထိ ဈေးတက်သွားနိုင်မယ်လို့ ခန့်မှန်းရပါသေးတယ်။

Ref: AllAutoExperts