Honda ကတော့ သူတို့ရဲ့ Odyssey ကား Lineup ကို ၂၀၂၃ မော်ဒယ်တွေအတွက် အပြောင်းအလဲတွေ လုပ်ဆောင် ပေးလိုက်ပါပြီ။ အထူးသဖြင့် တစ်ခါမှ မရှိဖူးသေးတဲ့ Sport Trim စထည့်ပေးလိုက်တာဖြစ်ပြီး တစ်ဖက်မှာတော့ Entry Level Trim တစ်ခုဖြစ်တဲ့ LX Trim ကို ဖြုတ်လိုက်ပါတယ်။ အခုလိုမျိုး အနိမ့်ဆုံး ရွေးချယ်စရာ တစ်ခုမပါလာတော့တာ ကတော့ ကားရဲ့ အခြေခံဈေးနှုန်းကို မြင့်တက်သွား စေတာပဲ ဖြစ်ကာ EX Trim  က အနိမ့်ဆုံး ရွေးချယ်စရာ အဖြစ် ရှိလာခဲ့ပါပြီ။ 2023 Honda Odyssey EX Trim ကတော့ $ 38,635 အထိ ဈေးကျသင့်မှာဖြစ်ပြီး 2022 Version ထက် နည်းနည်း ဈေးတက်သွားတာ ဖြစ်ကာ 2022 Model တုန်း ကတော့ $ 37,735 ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခင် က အနိမ့်ဆုံး ရွေးချယ်စရာအဖြစ် ရှိခဲ့တဲ့ 2022 LX Trim ရဲ့ $ 34,335 နဲ့ ယှဉ်လိုက်ရင်တော့ ဈေးက တော်တော်လေး သိသိသာသာ များ သွားတော့တာပဲ ဖြစ်ပါတယ်။ အသစ်ပါလာတဲ့ Sport Trim အသစ်ကတော့ EX-L နဲ့ Touring Trim တွေ ကြားမှာ ရပ်တည်လာမှာ ဖြစ်ကာ ကားရဲ့ အပြင်ပိုင်းနဲ့ အတွင်းပိုင်းတွေကို လုံးဝဒီဇိုင်း ပြောင်းလဲ အဆင့်မြှင့် တင် ပေးထားတာကြောင့် အခြား မျိုးကွဲတွေနဲ့လုံးဝ မတူ ဖြစ်နေတာတော့ သေချာပါတယ်။ အဆိုပါ Odyssey Sports ကတော့ ပိုပြီး နက်မှောင်တဲ့ Taillight တွေနဲ့ အတူ အနက်ရောင် ၁၉ လက်မ အရွယ်ဘီး တွေကိုလည်း တပ်ဆင်ပေးထားတာ တွေ့ရမှာပါ။ ဒါ့အပြင် Sports ရဲ့ ဒီဇိုင်းပိုင်း ကလည်း Grille ပေါ်မှာမှ အနက်ရောင် Gloss Trim ၊ Headlight Trim နဲ့ ပတ်ပတ်လည်မှာလည်း Fog Lights တွေ ထည့်ထားတာ ပုံစံဖြစ်လို့ တော်တော်လေး ကြည့်ရတာ ကွဲပြားနေမှာပါ။ ဒါ့အပြင် ကား ရဲ့ဘက်ကြည့်မှန်တွေနဲ့ B-Pillar ၊ C-Pillar တွေကအစ လုံးဝ Sports ဆန်ဆန် အရသာ ဖြစ်နေအောင် ပြောင်းပေးထားလိုက်ပါတယ်။ အနက်ရောင် အသုံးပြု ဒီဇိုင်းဖော်ထားတာက အတွင်းခန်း အထိကို ‌ပါလာခဲ့ပြီး အနက်ရောင် Headliner နဲ့ အနက်ရောင် လယ်သာ ထိုင်ခုံကြီးတွေကလည်း ကြည့်လို့ ကောင်းနေတာပါပဲ။

Photo Credit: motor 1.com

ဒါ့အပြင် အရှေ့နဲ့ အနောက် ထိုင်ခုံတွေကို ပိုပြီး လိုက်ဖက်စေမယ့် အနီရောင် အစင်းလေးတွေနဲ့လည်း ပေါင်း စပ်ပေး ထားပါသေးတယ်။ Sport အနေနဲ့တော့ Dashboard ပေါ်မှာလည်း အနီရောင် အစင်းလေးတွေနဲ့ အလှဆင် ပေးထားပြီး ‌ကြမ်းခင်းတွေ ၊ တံခါး လက်ကိုင်တွေနဲ့ တံခါးပေါ်က ပစ္စည်းထည့်စရာ နေရာလေး တွေကအစ အနီရောင်နဲ့ အနက်ရောင်ကို လှပအောင် ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အဆိုပါ Sport Version အသစ်ကိုတော့ ပလက်တီနမ် အဖြူရောင် ၊ Crystal Black Pearl ဆိုတဲ့ ပုလဲ နက်ရောင် ၊ Radiant Red Metallic ဆိုတဲ့ သတ္တုစပ် အနီရောင်တို့ ဆိုပြီး ၃ ရောင် အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Sonic Gray Pearl ဆိုတဲ့ မီးခိုးပုလဲ အရောင်လည်း Odyssey မှာ ပထမဆုံး အရောင်အသစ် အနေနဲ့ ရလာ ခဲ့ပြီ ဖြစ်ပြီး Sport အမျိုးအစား အသစ်အပြင် Touring နဲ့ Elite Trim တွေမှာလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ အခု ၂၀၂၃ မော်ဒယ် အတွက် အရာရာဆန်းသစ် ပေးလာတယ် ဆိုပေမယ့် အင်ဂျင်ကတော့ ယခင် 3.5 Liter V 6 Engine ကိုပဲ ဆက်သုံးပေးထားတာ ဖြစ်ကာ 280 hp နဲ့ 262 lb-ft Torque အထိ စွမ်းဆောင် နိုင်မှာပါ။ ဒါ့အပြင် Honda ရဲ့ 10-Speed Automatic ဂီယာကိုမှ Paddle Shifters တွေနဲ့ တွဲဖက်ပေး ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကားကို ရေရှည် ပြုပြင်ထိန်းသိမ်း ပေးနိုင်မယ့် ဝန်ဆောင်မှု အသစ်ဖြစ်တဲ့ Honda Service Pass ကိုလည်း ပေးနိုင်ဖို့ စီစဉ် ထားပြီး အခု 2023 Model အသစ်တွေကို ဝယ်ယူသူတွေ က စတင်ကာ ရလာဖို့ ရှိပါတယ်။ အဆိုပါ ဝန်ဆောင်မှုတွေ မှာတော့ ဆီနဲ့ Filter နေရာတွေ ပြောင်းပေးတာ တွေ ၊ တာယာလဲပေးတာတွေနဲ့ အခြားသော အချက်အလက်တွေကို စစ်ဆေးပေးတာတွေ အထိ ပါဝင်မှာ ဖြစ်ပြီး ၂ နှစ်စာ ဒါမှမဟုတ် မိုင်ပေါင်း ၂၄,၀၀၀ စာ အထိကို ဝန်ဆောင်မှု ပေးထား မှာပဲ ဖြစ်ပါတယ်။ အခု 2023 Honda Odyssey EX ကားသစ်တွေကတော့ လာမယ့် မေလ ၂၃ ရက်နေ့ အရောက်မှာပဲ အရောင်း ကိုယ်စားလှယ်တွေဆီ စတင် ရောက်လာ တော့မယ်လို့ သိရပါတယ်။

Ref: motor 1.com