Honda ကတော့ သူတို့ရဲ့ မျိုးဆက်သစ် HR-V ကားရဲ့ ပုံစံတွေကို တရားဝင် ချပြလာခဲ့ပြီး ဖြစ်ပေမယ့် စက် ပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက် တွေကိုတော့ မသိရသေးတာပဲ ဖြစ်ပါတယ်။ ကားရဲ့ပုံစံနဲ့ ဘယ်လို စွမ်းဆောင်ရည် အနေ အထားမျိုးတွေအထိ ရှိမယ်ဆိုတာ ခန့်မှန်းထားနိုင်မိပြီးသားဖြစ်ပေမယ့် အင်ဂျင်ပိုင်း ဆိုင်ရာမှာတော့ လုံးဝကို မခန့်မှန်း ထားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ EPA ရဲ့ စံနှုန်း သတ်မှတ်ချက် တွေကနေ 2023 HR-V ရဲ့ စက်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို Fuel Economy အချက်တွေနဲ့တကွ ချပြလာနိုင်ပြီပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ အင်ဂျင်ရဲ့ ဝန်အားကို လျှော့ချ နိုင်ကာ စွမ်းအင် ချွေတာမှုတွေကို ပိုလုပ်ထားနိုင်တာ တွေ့ရပြီး Front-Wheel Drive နဲ့ All-Wheel Drive တွေအဖြစ် မြင်တွေ့ရမှာပါ။

Photo Credit: motor 1.com

EPA ရဲ့ စံသတ်မှတ်ချက်တွေ အရတော့ အခုကားမှာ ဆိုရင် လက်ရှိမျိုးဆက်ရဲ့ Naturally Aspirated 1.8 Liter အင်ဂျင် ကနေ ပိုကြီးတဲ့ 2.0 Liter အင်ဂျင် ဖြစ်လာ နိုင်ပြီး Turbocharged တော့ မဖြစ်လာနိုင်ပါ ဘူး။ ယခင်က သိထားခဲ့ရတဲ့ အတိုင်း Four-Wheel Drive နဲ့ All-Wheel Drive စနစ်တွေ အဖြစ် ရွေးချယ် လာနိုင်ပြီး CVT Gear ကိုတော့ ရွေးချယ် စရာ အနေနဲ့ ထပ်ရလာ နိုင်ဖို့ ရှိပါတယ်။ အင်ဂျင်ရဲ့ အရွယ်အစား အနည်းငယ် ပိုကြီးလာတာနဲ့ အမျှ Fuel Economy အပိုင်းတွေမှာလည်း အပြောင်းအလဲတွေတော့ ရှိလာ ပါတယ်။ Four-Wheel Drive Version မှာ ဆိုရင် 26/32/28 (မြို့တွင်း ၊ နယ်ဝေး နဲ့ နှစ်မျိုး ပေါင်း ) အနေ အထားတွေ ရှိလာနိုင်ပြီး All-Wheel Drive Version မှာ ဆိုရင်တော့ 25/30/27 ဆိုတဲ့ စွမ်းအင် သုံးစွဲနှုန်း တွေ ရှိလာမှာပါ။ တကယ်လို့ 2022 ကားရဲ့ စံနှုန်းတွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင်တော့ စွမ်းအင် ချွေတာနှုန်းက နည်းနည်း ပိုကျလာတာ တွေ့ရမှာပါ။

Photo Credit: motor 1.com

အခု ပိုစိတ်ဝင်စားစရာ ကောင်းလာတာကတော့ 2.0 Liter Engine ရဲ့ စွမ်းဆောင်ရည်ပါပဲ။ ၁၁ ခုမြောက် မျိုးဆက်သစ် Honda Civic မှာတုန်းကတော့ Naturally Aspirated Inline-Four Pot DOHC i-VTEC Engine ကိုသုံးထားပြီး 158 hp နဲ့ 138 lb-ft Torque အထိ ရှိခဲ့တာကို တွေ့မြင် ရမှာပါ။ ဒါပေမယ့် တစ်ခု သိထားရမှာကတော့ အမေရိက ဈေးကွက် ထဲ မဝင်တဲ့ HR-V ကားတွေမှာ ဆိုရင် Hybrid ရလာလေ့ ရှိတာ ပါပဲ။ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် ဈေးကွက်တွေ ထဲမှာ ဆိုရင် အဆိုပါ ကားက Turbocharged 1.5 Liter Engine နဲ့ လက်ရှိမျိုးဆက်မှာ ထွက်ထားတာ ဖြစ်ပြီး စွမ်းဆောင်ရည် ကလည်း 174 hp နဲ့ 177 lb-ft Torque အထိကို ရှိထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု 2023 Hond HR-V ကားအသစ်ကို အခုလာမယ့် ဇွန်၇ ရက် နေ့မှာတင် တရားဝင်ကြေညာတာ မြင်ရတော့မှာဖြစ်တာကြောင့် အသေးစိတ်အချက် အလက် တွေ အပြင် အတွင်းခန်းနဲ့ အခြားသော အပြင်အဆင်တွေကိုလည်း စောင့်ကြည့် ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com