Honda ကနေ မျိုးဆက် ၄ ခုမြောက် Fit ကားသစ်ကို ၂၀၁၉ အောက်တိုဘာ တုန်းက ချပြခဲ့ပြီး အတော်လေးကို လှပကျစ်လစ်တဲ့ Supermini ကားကောင်း လေးတစ်စီး အဖြစ် ချပြထားနိုင်ဆဲ ဖြစ်ပါတယ်။ အခု မြင်ရတာကတော့ JDM ဈေးကွက် Version ဖြစ်ပြီး Lineup ကိုလည်း သေချာပြောင်းလဲထား ခဲ့ထား သေးတာကြောင့် အခုက စဝယ်ယူမယ့် သူတွေဆိုရင် Basic ၊ Home ၊ Luxe ၊ Crosstar နဲ့ RS တို့ဆိုပြီး ရွေးချယ်လို့ ရလာတော့မှာပါ။ အခု ပိုထူးခြားလာတာ ကတော့ RS အမျိုးအစားပါ ရလာတာ ဖြစ်ပေမယ့် အရမ်းကြီး ထူးခြား ကောင်းမွန်နေမယ့် Hot Hatch လို ကားမျိုးလောက် အထိတော့ မျှော်လင့်လို့ မရသေး ပါဘူး။ RS ဆိုတဲ့ တံဆိပ်ကို တကယ်က Audi နဲ့ Ford ကားတွေ ဆီမှာ စတင်မြင်တွေ့ ခဲ့ရတာကြောင့် Honda ကလည်း သူတို့ရဲ့ ပိုကောင်းတဲ့ စွမ်းဆောင်ရည် မြင့် Sports အရသာဆန်ဆန် ကားတွေကို အခုလို နာမည်ပဲ သုံးလာခဲ့တာပါ။ တစ်ဖက်က Civic Sedan မှာ ဆိုရင်ပိုပြီး Aggressive ဖြစ်တဲ့ ရုပ်ထွက် ကို ပေးထားနိုင်ပေမယ့် Si ကားထက်တော့ ပိုပြီး လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အခု Fit RS ကားမှာလည်း အလားတူပဲ ဖြစ်ပြီး ပိုသေးတဲ့ Fit Hatchback ကားတွေထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပါလာနိုင်ပါတယ်။

Photo Credit: motor 1.com

အခု အနေအထား အရတော့ ကြိုမြင် ရသလောက်ပဲ ရှိသေးတာကြောင့် အသေးစိတ် အချက်အလက်တွေ သိရဖို့ကို တော့စောင့်ကြည့် ရဦးမှာပါ။ အခု ကား ကိုမှ ဥရောပ ဈေးကွက်ထဲမှာဆိုရင် Jazz ဆိုတဲ့ ကားနာမည်နဲ့ Hybrid တစ်မျိုးတည်းသာ ထူးထူးခြားခြား ရနိုင်တာ ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ B Segment အနေနဲ့ စွမ်းဆောင်ရည်ကို 109 hp ၊ 187 lb-ft Torque အထိ ရှိပြီး တစ်နာရီ မိုင် ၆၂ မိုင်နှုန်း ရဖို့ဆိုရင် ၉.၄ စက္ကန့်အတွင်း အရှိန်တင်မောင်းနှင်နိုင် မှာ ဖြစ်ကာ အမြင့်ဆုံး မြန်နှုန်း ဆိုရင်တော့ တစ်နာရီကို ၁၀၉ မိုင် အထိ ရှိနေပါတယ်။ Hondaကတော့ အခု ကားသစ်မှာ မြန်နှုန်းအပြင် စွမ်းဆောင်ရည်ပိုင်း တွေပါ ပိုကောင်းအောင် ထည့်ပေးလာ မယ်လို့လည်း အာမခံထားပြီး Fit RS အနေနဲ့ ဆိုရင်တော့ Normal ၊ Sport နဲ့ Eco ဆိုပြီး Driving Mode အစုံ ရွေး နိုင်ဦးမှာပါ။ ဒါပေမယ့် အခု ကားအသစ်မှာတော့ စတီယာတိုင်ရဲ့ အနောက်မှာ Deceleration Selector ဆိုတဲ့ ခလုတ်လေး ထပ်ပါလာဦးမှာ ဖြစ်ပြီး Clarity ကားရဲ့ Regenerative Braking စနစ်လိုမျိုး အတူတူပဲ အလုပ်လုပ်မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

တစ်ခု သတိပြုရမှာ ကတော့ RS ကားသစ်ကို Front-Wheel Drive တစ်မျိုးတည်း အနေနဲ့သာ ရနိုင်တာဖြစ်ပြီး အခြားသော Crosstar အပါအဝင် Trim အစုံ မှာတော့ ဂျပန် ဈေးကွက်ထဲမှာဆိုရင် All-Wheel Drive ပါ ရနိုင်သေးတာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် အသား ပေးထားတဲ့ အခု RS Version မှာတော့ အပြင် ဒီဇိုင်းပိုင်းကလည်း ပိုပြီး Sports ဆန်ကောင်းမွန်လာကာ အဝါရောင် လိုင်းလေးတွေ ကလည်း Stitch လှလှ လေးတွေအဖြစ် အတွင်းခန်း Cabin မှာ ထည့်ပေးထားမှာပါ။ အခြားသော Trim Level တွေ နဲ့ အတူတူပဲ အဆိုပါ ကားမှာလည်း လိုအပ်မယ့် အဆင့်မြင့်လုံခြုံရေးစနစ်တွေကို တစ်ပါတည်း ထည့်ပေး ထားဦးမှာပဲ ဖြစ်ပါတယ်။ Honda ကတော့ အမေရိကဈေးကွက်ထဲမှာဆိုရင် Fit ကို ပြီးခဲ့တဲ့ မျိုးဆက် အကုန်ကတည်းက ဖယ်ထုတ်လိုက်ပြီး ဖြစ်တာကြောင့် ပြန်လည်း ယူဆောင် ပေးလာဖို့ မဖြစ်နိုင်တော့ ပါဘူး။ ဂျပန် ပြင်ပက ဈေးကွက်‌တွေ ထဲမှာတော့ RS ကားသစ်ကို မြင်ရမယ် ဆိုပေမယ့် လာမယ့် ဆောင်းဦး မှာ ဂျပန်ဈေးကွက်အတွင်း ချပြအပြီးမှသာ ဖြစ်လာနိုင်ပါတယ်။

Ref: motor 1.com