မြန်မာနိုင်ငံ ကားလောကနဲ့ ရင်းနှီးသလို အမေရိက ဈေးကွက်ထဲမှာ ရောင်းအား အကောင်းဆုံး SUV တွေထဲက တစ်စီးဖြစ်တဲ့ Honda ရဲ့ CR-V ကားကတော့ ၆ ခု မြောက် မျိုးဆက်သစ် အနေနဲ့ ထွက်ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ထွက်လာခဲ့တဲ့ အဆိုပါ ကားကတော့ လက်ရှိမှာ တစ်ချို့ဈေးနှုန်းတွေလည်း သိရှိရလာနိုင်ခဲ့ပြီဖြစ်ပြီး အမျိုးအစားအလိုက် လိုအပ်ချက်အလိုက် ဈေးတွေလည်း ကွာခြားလာမှာပါ။ လက်ရှိဖော်ပြထားမယ့် ဈေးတွေကတော့ 2023 Honda CR-V ရဲ့ EX နဲ့ EX-L Trims တွေအတွက်ပဲ ဖြစ်ပြီး အဆိုပါ ကား ၂ မျိုးလုံးမှာတော့ Honda Sensing စနစ် ပါဝင်လာပါတယ်။ နောက်ထပ် အမြင့်ဆုံး Spec တွေနဲ့ Sport Touring Hybrid ကားသစ်ကိုတော့ လာမယ့် အောက်တိုဘာလမှာမှ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ ကားရဲ့ ဈေးနှုန်းတွေကို ဒေါ်လာနဲ့ပဲ အကြမ်းဖျဉ်း တွက်ကြည့်ကြမယ် ဆိုရင်တောင် အမြင့်ဆုံး အမျိုးအစားတွေအနေနဲ့ ဒေါ်လာ ၄ သောင်းကျော်လောက် အထိ ဈေးရှိလာနိုင်တာ တွေ့ရမှာပါ။

Photo Credit: motor 1.com

 မော်ဒယ်အမြင့် 2023 CR-V EX-L Trim ဆိုရင် 2WD ရော AWD ပါ ရနိုင်တာဖြစ်ကာ ဈေးကတော့ $ 35,260 အထိကို ရှိလာ ပါတယ်။ အဆိုပါ ကားမှာတော့ Turbocharged 1.5 Liter Four-Pot Engine ကို တပ်ဆင်ပေးထားပြီး 190 hp နဲ့ 179 lb-ft Torque အထိ စွမ်းဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ AWD Version ကို လိုချင်တယ်ဆိုရင် တော့ နောက်ထပ် ဒေါ်လာ ၁,၅၀၀ ထပ်မံ ကျသင့်မှာပါ။ အဆိုပါ ကားတွေမှာပဲ အရောင်တွေကလည်း ယခင်ထက် ပိုမို စုံလင်စွာ ရွေးချယ်လာနိုင်ပြန်ပါတယ်။ ဒါပေမယ့်လည်း Platinum White Pearl ၊ Radiant Red Metallic ၊ Still Night Pearl နဲ့ Urban Gray Pearl အရောင်တွေအတွက် ဆိုရင်တော့ ‌နောက်ထပ် ၃၉၅ ဒေါ်လာ အပိုဆောင်း ပေးရဦးမှာပါ။ ငွေရောင် အပြင်အဆင်နဲ့ ၁၈ လက်မအရွယ် အလွိုင်းဘီးတွေကတော့ Standard အနေနဲ့ ပါဝင်လာပြီး အနက် ဒါမှ မဟုတ် ကြေးနီရောင်ကို လိုချင်တယ်ဆိုရင်တော့ ၁,၈၀၀ ဒေါ်လာအထိ ပိုပေးရဖို့ ရှိပြန်ပါတယ်။ ဒါပေမယ့် ‌ရွေးချယ် ထားတဲ့ ကားရဲ့ အပြင်ဘက်အရောင်နဲ့ လိုက်ဖက်မယ့် မီးခိုးရောင် လယ်သာကိုတော့ အပိုထပ်ပေးစရာ မလိုပဲ ရရှိနိုင်မှာပါ။

Photo Credit: motor 1.com

အခုထိ လောလောဆယ် ‌ရွေးချယ်စရာတွေ အကုန်ရွေးခဲ့ရင်တောင် ဈေးက $ 38,700 အထိ ရောက်နေမှာ ဖြစ်ပေမယ့် ပိုပြီး ဈေးကြီးတဲ့ အသုံးတည့် Utility Package တစ်ခု ထပ်ဝယ်ဦးမယ် ဆိုရင်တော့ $ 1,780 အထိ ထပ်မံကျသင့်မှာ ပါ။ အဆိုပါ Pack မှာ ဆိုရင်တော့ အသုံးတည့်မယ့် အမိုးကိုင်းတွေ ၊ Crossbars တွေ ၊ Running Boards တွေ ၊ Trailer Hitch ‌တွေနဲ့ ထိုင်ခုံအတွက် Seat Back Protector တွေ ပါဝင်လာ မှာ ဖြစ်ပါတယ်။ အဆိုပါ Package တွေရဲ့ ကုန်ကျစရိတ်တွေ အားလုံးပေါင်းလိုက်မယ် ဆိုရင်တော့ $ 40,480 အထိကိုကျသင့်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်လမှ စတင်ရောင်းချမယ့် CR-V Sport Touring Hybrid ကားဆိုရင်တော့ ဒီထက်တောင် ပိုပြီး ဈေးများလာ ဦးမယ်လို့ပဲ ယူဆရပါတယ်။

Ref: motor 1.com