Honda ရဲ့ ရောင်းအားကောင်း CR-V Crossover ကားကတော့ ဒီဇိုင်း ပြန်လည် ဆန်းသစ်ထားတဲ့ Redesigned Version အနေနဲ့ မကြာခင် ပွဲထွက်လာတော့မှာပါ။ အခု နှစ်ကုန်ပိုင်း လောက်ကစကာ ၂၀၂၃ မော်ဒယ် အနေနဲ့ စတင် ရောင်းချဖို့ စီစဉ်နေပြီး အခု ဆိုရင်တော့ ပထမဆုံးသော တရားဝင် Teaser ပုံရိပ် တစ်ချို့ကို Honda ဘက်က ချပြလာ ခဲ့ပါပြီ။ အဆိုပါ ကားသစ်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လာမယ့် နွေထဲမှာပဲ ဆက်လက်ထုတ်ပြန် ပေးလာနိုင်ပေမယ့် ပိုအဆင့်မြင့်တဲ့ Hybrid Engine အပြင် Sport ပိုဆန်မယ့် အရသာကောင်းတွေကို ပေးစွမ်းလာနိုင် လိမ့်မယ်လို့ ကြိုတင်သိထားရပြီး ဖြစ်ပါတယ်။ လက်ရှိ Honda Civic ရဲ့ Hybrid အင်ဂျင်မှာ ဆိုရင် 2.0 Liter Inline-4 Engine ကို လျှပ်စစ်မော်တာ တစ်စုံနဲ့ ပေါင်းစပ်ပေးထားတာ ဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်း ကလည်း 212 hp အထိရှိတာ ဖြစ်ပါတယ်။ အဆိုပါ ကားမှာတုန်းကတော့ All-Wheel Drive ကို Standard အနေနဲ့ ထည့်ပေးလာ ခဲ့တာ တွေ့ရမှာပါ။

Photo Credit: MotorAuthority

ဒါပေမယ့် အခုလ အစောပိုင်း လောက်တုန်းကတော့ တရုတ် ဈေးကွက်ထဲမှာချပြမယ့် CR-V ကားသစ် ရဲ့ ပုံရိပ်တစ်ချို့ ကို မြင်တွေ့ခဲ့ရဖူးပြီး ယခင် Version ကားအဟောင်းထက်စာရင် တော့ပိုပြီးကြီးမားလာတာက ကားသစ် အတွက် သိသာတဲ့ အချက်ပါပဲ။ လက်ရှိကားမော်ဒယ်မှာတော့ ၁၈၂.၁ လက်မ လောက် ရှိပေမယ့် အခု ကားသစ်ကတော့ ၁၈၅.၁ လက်မအထိကို ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခု CR-V ကိုပဲ တစ်ချို့ သော ကားဈေးကွက် တွေထဲမှာ ဆိုရင် ထိုင်ခုံ ၃ တန်းအထိ ပါတဲ့ ကားတစ်စီး အနေနဲ့ ပြောင်းလဲမိတ်ဆက် ပေးထားခဲ့တာပါ။ ကားရဲ့ Platform ပိုင်းကလည်း Redesigned 2022 Civic ကားနဲ့ အတူတူပဲ သုံးလာဖို့ ရှိနေပြီး အတွင်းခန်းကလည်း Prototype တွေမှာ ကြိုမြင် ထားရသလောက်ကတော့ Civic ရဲ့ အတွင်းခန်း နဲ့ ခပ်ဆင်ဆင် တူတာတွေပဲ ဖြစ်လာနိုင်ပါတယ်။

Photo Credit: MotorAuthority

ထိပ်တန်း ဇိမ်ခံကား အမျိုးအစားတွေနဲ့ ယှဉ်လိုက်ရင်တော့ အခုလို Crossover တွေရဲ့ဈေးကွက် ရနိုင်ခြေက နည်းပါးတာ သဘာဝ ဆိုပေမယ့်လည်း CR-V တို့ ကတော့ ရောင်းအား ထိပ်တန်းမှာ ရှိနေဆဲပါ။ လက်ရှိ ကားမော်ဒယ် ကတော့ အမေရိက ဈေးကွက်ထဲမှာတင် ၂၀၁၇ လောက် ကတည်းက တစ်နှစ်ကို အစီးရေ ၃၅၀,၀၀၀ လောက်အထိ ပုံမှန် ရောင်းချနေရတာ ဖြစ်ပြီး ကိုဗစ်နဲ့ အခြား အခက်အခဲတွေကြောင့် ထုတ်လုပ် မှုတွေ နှောင့်နှေးခဲ့ရတာ တောင်မှ မနှစ်က ဆိုရင် အစီးရေ ၃၆၁,၂၇၁ စီး အထိကို ရောင်းချခဲ့ ရသေးတာ ဖြစ်ပါတယ်။ အခု 2023 CR-V ကားအသစ်အတွက်ကိုတော့ ဆက်ပြီး စောင့်ကြည့်ရတော့မှာဖြစ်ပြီး နောက် ထပ် Honda ရဲ့ HR-V နဲ့ Pilot Crossover တွေ ကိုလည်း Redesigned Version တွေ အဖြစ်အသစ် ထုတ်ပေးလာဦးမှာပါ။ လက်ရှိ အထိလည်း အဆိုပါ 2023 HR-V ကားနဲ့ 2023 Pilot ကားတွေရဲ့ စမ်းသပ် ဆဲ ယာဉ်တွေကို မြင်နေရပြီ ဖြစ်တာကြောင့် လက်တွေ့မြင်ရဖို့တော့ သိပ်မကြာတော့ ဘူးလို့ပဲ ခန့်မှန်းရပါ တယ်။

Ref: MotorAuthority