ဗုဒ္ဓဟူးနေ့ကမှ ချပြခဲ့တဲ့ 2023 Honda Civic Type R ကားအသစ်ကတော့ အမေရိက ဈေးကွက်ထဲက စွမ်းဆောင်ရည်အကောင်းဆုံး Honda ကားတစ်စီးအဖြစ် 315 hp နဲ့ ပွဲထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ စွမ်းဆောင် ရည် ပိုင်းကိုသာ အဆင့်မြှင့်တင်ခဲ့တာမျိုး မဟုတ်ပဲ မျိုးဆက်သစ် Type R အတွက် ဂီယာပိုင်းနဲ့ Suspension ပိုင်းတွေ ကိုပါ အဆင့်မြှင့်တင်ပေးလာတာ တွေ့ရပါတယ်။ အဓိကကတော့ 315 hp နဲ့ 310 lb-ft Torque အထိ စွမ်းဆောင်နိုင်မယ့် 2.0 Liter Turbo-4 Engine ပါဝင်လာတာဖြစ်လို့ ယခင် Type R အဟောင်းရဲ့ 306 hp နဲ့ 295 lb-ft Torque ထက် သိသိသာသာ တိုးတက်လာတာပါ။ ဒါ့အပြင် နောက်ထပ် အရေးကြီးတဲ့ အဆင့်မြှင့်တင်မှု ၃ ခု အနေနဲ့ ဒီဇိုင်းပြောင်းပေးထားတဲ့ Turbocharger ၊ Intake Flow Rate လေဝင်လေထွက် ပိုကောင်းစေတဲ့ စနစ်နဲ့ ပိုကောင်းတဲ့ အိတ်ဇောစနစ်တို့ဆိုပြီး ပါဝင်လာပါသေးတယ်။

Photo Credit: MotorAuthority

Turbocharger အသစ် အနေနဲ့ကတော့ ပုံစံ ၊ အရွယ်အစားနဲ့ Turbine Wheels အရေအတွက်က အစတိုးကာ ပြောင်းလဲပေးထားတာ ဖြစ်ပါတယ်။ အဆိုပါ အပိုင်းကိုမှ လေဝင်လေထွက် ပိုကောင်းမယ့် Air Intake Design ကောင်းကောင်းတွေနဲ့ သုံးလိုက်တဲ့ အခါမှာတော့ စွမ်းဆောင်ရည်ကောင်းအပြင် Range ကောင်းကောင်းပါ ရလိုက် တော့တာပါပဲ။ အခု ကားအသစ်မှာ နောက်တစ်ချက် ထူးခြားလာတာကတော့ ပိုကြီးတဲ့ Grille ၊ Radiator နဲ့ Diameter Fan တွေ ပါဝင်လာတာပဲဖြစ်ပြီး အဓိကရည်ရွယ် တာကတော့ အင်ဂျင်ကို ပိုအေးအောင်လုပ်ပြီး စွမ်းဆောင်ရည် ပိုမြှင့်ပေးနိုင်အောင်လို့ပဲ ဖြစ်ပါတယ်။ အိတ်ဇောစနစ်ရဲ့ အလယ်ပိုက်မှာ ပါဝင်တဲ့ Active Valve အစို့ရှင် အရှင်လေးကလည်း ကားကို ယခင်ကထက် ပိုကောင်းတဲ့ Rpm ပမာဏတွေ ရအောင် ဖန်တီးပေးနိုင် ပါသေးတယ်။ ဒါပေမယ့် Honda ဘက်ကတော့ ဘယ်လောက် Rpm ပမာဏအထိ တိုးတက်လာတယ် ဆိုတာ မပြောပြသေးပဲ လျှို့ဝှက်ထားပါသေးတယ်။ ဒါတင်မကသေးပဲ ပိုပြီး ပေါ့ပါးလာတဲ့ ဘီးတွေနဲ့ 6-Speed Manual Transmission ဂီယာတွေကိုလည်း အဆင့်မြှင့်တင် မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ချပြထားပါတယ်။ Honda ကတော့ အခု ကားအသစ်မှာ ယခင် 2022 Civic Si မှာ သုံးခဲ့ဖူးတဲ့ Rev-Matching စနစ်ကိုလည်း ပြန်ထည့်သုံးလာ ခဲ့တာတွေ့ရပါတယ်။

Photo Credit: MotorAuthority

၁၁ ခုမြောက် Civic ကားမျိုးဆက်အပေါ် အခြေခံထားတဲ့ Type R ကားအသစ်ကတော့ ယခင်ကထက် ပိုရှည်ကာ ပိုလည်း ကျယ်လာခဲ့တာ တွေ့ရမှာပါ။ ကားရဲ့ ရှေ့ဘီးနောက်ဘီးကြားအကွာအဝေး Wheelbase ကလည်း ယခင် Type R နဲ့ယှဉ်ရင် ၁.၄ လက်မလောက် ပိုရှည်လာခဲ့ပြီး အရှေ့ဘက်မှာဆိုရင် ၁.၀ လက်မ လောက်နဲ့ အနောက်ဘက် မှာ ၀.၇၅ လက်မ ‌ဆီလောက်လည်း Track တွေက ပိုရှည်လာခဲ့ပါတယ်။ အခု လိုမျိုး ပိုရှည်လာတဲ့ Civic Type R တစ်စီးအတွက် Honda Engineer တွေကတော့ ပိုကောင်းတဲ့ အနေအထားတွေရအောင် အရှေ့ဘက်မှာ Strut နဲ့ အနောက်ဘက်မှာ Multi-Link Suspension စနစ်တွေကိုပါ ပြောင်းသုံးလာခဲ့ပါတယ်။ ဒါကြောင့်လည်း ကားက လမ်း အတည့်မောင်းတဲ့ နေကာတွေမှာပိုပြီး ငြိမ်ကာသုံးလို့ ကောင်းလာခဲ့သလို စတီယာတိုင် ‌ပိုင်းလည်း ပိုတိုးတက်လာခဲ့ တာပါ။ အခု Type R ကားအသစ်ကို အဓိက ထိန်းပေးထားမယ့် ဘရိတ်တွေ အနေနဲ့ကတော့ အရှေ့ဘက်မှာဆိုရင် Two-Piece Brembo Brake Rotors တွေတပ်ဆင်ထားပြီး Brake Booster ကိုလည်း Tuning ပြန်လုပ် ထားပေးသေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကားက မောင်းရတဲ့ အရသာတင် ပိုကောင်းလာတာ မကပဲ ထိန်းချုပ်ရတဲ့ အပိုင်းတွေမှာပါ ပိုပြီး သိသိသာသာ တိုးတက်လာမှာ ဖြစ်တယ်လို့ Honda တို့က ညွှန်းဆိုထားပါတယ်။ Honda ဘက်ကတော့ အဆိုပါ ကားအသစ်ရဲ့ ဈေးနှုန်းကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးတာကြောင့် ‌ရင်ခုန်ရဦးမှာ ဖြစ်ပါတယ်။ ကားသစ်တွေကိုတော့ ဂျပန်မှာရှိတဲ့ ကုမ္ပဏီပိုင် Yorii စက်ရုံမှာပဲ ထုတ်လုပ်သွားမှာဖြစ်ပြီး လာမယ့် ဆောင်းဦး ရာသီလောက်မှာ စတင်ဈေးကွက် ဝင်လာနိုင်ပါတယ်။

Ref: MotorAuthority