2023 Honda Civic Sedan ကားသစ် Lineup ထဲမှာဆိုရင်တော့ Base Trim တစ်ခုဖြစ်တဲ့ LX ကို ချန်ထားခဲ့ပြီဖြစ်ပြီး Entry Level Model အဖြစ် $ 25,745 ကနေ စတင်ကျသင့်မယ့် Sport Grade က ရပ်တည် လာတော့မှာပါ။ အဆိုပါ ကားကိုတော့ တံခါးလေးပေါက် ပုံစံနဲ့ ရနိုင်မှာဖြစ်ပြီး ဈေးအသက်သာဆုံး တံခါးလေးပေါက် မော်ဒယ်ကိုတင်ပဲ မနှစ် ကထက် စာရင် ဒေါ်လာ ၂,၁၀၀ လောက် ဈေးပို တက်လာခဲ့ပါတယ်။ ဈေးနှုန်း တွေကိုတော့ ကုမ္ပဏီဘက်က အတည် မပြုနိုင်သေးပဲ ‌လက်ရှိ‌မှာ ဈေးကွက်ထဲ မရောင်းချသေးတဲ့ ကားသစ်တွေ ဖြစ်တာကြောင့် လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ဈေးကွက်ထဲရောက်မှသာ ဈေးနှုန်းတွေ အတည်ပြုနိုင်မယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

ဈေးပိုကြီးလာမယ် ဆိုပေမယ့် Civic Sport ကတော့ယခင် LX နဲ့ အချက်အလက်တွေ အတော်များများ တူညီနေဆဲပါ။ ကားမှာတော့ ၁၈ လက်မ အရွယ် Gloss Black ဘီးတွေနဲ့ Chrome Exhaust Trim တွေ ကိုထည့်ပေးထား ပါတယ်။ အတွင်းခန်းကို ကြည့်မယ် ဆိုရင်လည်း လယ်သာ သားတွေကို စတီယာတိုင်နဲ့ ဂီယာတွေ ပေါ်မှာပါ ထည့်သုံး ပေးထား ပြီး စပီကာ ၈ လုံးနဲ့ စတူဒီယို အသံစနစ်ကိုလည်း ကောင်းကောင်း ခံစားနိုင်ဦးမှာပါ။ ကားမှာတော့ Remote Engine Start စနစ်လည်း စတင်ပါဝင်လာပြီဖြစ်ပြီး အဝေးကနေ Auto Lock အဖွင့်အပိတ် ပြုလုပ်နိုင်မယ့် Smart Entry စနစ်လည်း စတင်ပါဝင်လာပြီ ဖြစ်ပါတယ်။

Photo Credit: motor 1.com

LX Model မရှိတော့တဲ့ အတွက်ကြောင့် အခု Sport Trim အသစ်ကပဲ Civic အသစ်တွေထဲ Naturally Aspirated 2.0 Liter Four-Cylinder အင်ဂျင် ပါဝင်လာမယ့် ကားဖြစ်လာမှာပါ။ စွမ်းဆောင်ရည် ပိုင်းက တော့ 158 hp နဲ့ 138 lb-ft Torque အထိ ရှိလာမှာဖြစ်ပြီး EX နဲ့ Touring ကားတွေမှာ ဆိုရင်တော့ 180 hp နဲ့ 177 lb-ft Torque အထိ စွမ်းဆောင်နိုင်မယ့် 1.5 Liter Turbocharged Four-Cylinder Engine ကို သုံးပေးလာပါလိမ့်မယ်။ ဒါပေမယ့် Sport ၊ EX နဲ့ Touring ကားသစ်တွေ အားလုံးမှာတော့ CVT ဂီယာပိုင်းကို တွဲဖက်သုံးပေးထားမှာပါ။ Civic Si Sedan ဆိုတဲ့ နောက်ထပ် မျိုးကွဲတစ်ခုကိုလည်း 1.5 Liter Turbo Four-Cylinder Engine နဲ့ တွဲဖက် ထုတ်လုပ်ပေးထား ပြီး 200 hp နဲ့ 192 lb-ft Torque အထိကို စွမ်းဆောင်ရည် ရှိပါတယ်။ ဒါပေမယ့် Gearbox ပိုင်းကတော့ Six-Speed Manual Gear ကိုပဲ အသုံး ပြုထားမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com