ပြီးခဲ့တဲ့ မတ်လ လောက်တုန်းကတော့ Camouflage တွေအပြည့် ဖုံးအုပ်ထားပြီး လျှို့လျှို့ဝက်ဝက် ရှိနေခဲ့တဲ့ GMC Yukon ကားကြီးက တော့ အခုဆိုရင် တရားဝင်ပဲ ပေါ်ထွက်လို့ လာခဲ့ပါပြီ။ အဆိုပါ ကားကိုတော့ 2023 GMC Yukon Denali Ultimate လို့ အမည်ပေးထား ပြီး Full-Size SUV တွေရဲ့ Yukon Family ထဲမှာ နောက်ဆုံးပေါ် အသစ်စက်စက် Flagship ကားတစ်စီး ဖြစ်လာတော့မှာပါ။ Ultimate ဆိုတဲ့ နာမည်ကို သုံးပေးထားတဲ့ အတိုင်းပဲ တကယ့်ကို အဆုံးစွန်သော အဆင့်မြှင့်တင်မှုတွေနဲ့အတူ အတွင်းခန်းရော အပြင်ပိုင်းတွေမှာပါ သီးသန့်ဆန်တဲ့ Trim တွေ ပြင်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။ ကားရဲ့ အရှေ့ဘက် Fascia ပိုင်းမှာလည်း အနက်ရောင် Chrome Accents အသစ်တွေ ၊ တံခါး တစ်လျှောက်မှာတော့ အရောင်ခပ်တောက်တောက် Chrome တွေ ၊ တံခါး အောက်ဘက် Panel ဘောင် တွေ မှာလည်း Chrome တွေ အများအပြားနဲ့ ကြည့်လို့ ကောင်းနေတော့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၂ လက်မ အရွယ် ဆိုတဲ့ ကြီးမားလှတဲ့ Seven Spoke ဘီးကြီးတွေကလည်း Chrome နဲ့ အနက်ရောင် အလှအပတွေ ပေါင်းစပ်ပြီး တကယ်ကို ခန့်ညားနေတာပါပဲ။

Photo Credit: motor 1.com

အပြင်ပိုင်း အရောင်တွေက တကယ်ကို ဆွဲဆောင်မှု ရှိနေတယ် ဆိုပေမယ့် တကယ့် အံ့ဩမင်သက်မှုတွေကို ခံစားရမှာ ကတော့ အတွင်းခန်း ထဲကို ဝင်လိုက်ရင်ပဲ ဖြစ်ပါတယ်။ Full-Grain လယ်သာ သားတွေကိုမှ Alpine Umber ဆိုတဲ့ အညိုရောင်လေးတွေနဲ့ ‌ကားရဲ့ ထိုင်ခုံ ၃ တန်းလုံးမှာ လှပစွာ အလှဆင်ထား ‌ပါတယ်။ ကားရဲ့ အရှေ့ ဘက်မှာတော့ ယာဉ်မောင်း ထိုင်ခုံတင် သာမက ခရီးသည် ထိုင်ခုံကိုပါ ၁၆ မျိုးအထိ စိတ်ကြိုက် ပုံပြောင်းပေးနိုင်တဲ့ Power ထိုင်ခုံတွေအဖြစ် ထည့်ပေးထားတာဖြစ်ပြီး အနှိပ်ဝန်ဆောင်မှုလည်း ပါဝင်ပါသေးတယ်။ Ultimate ဆိုတဲ့ Brand နာမည်နဲ့ Stitch လေးတွေကလည်း ထိုင်ခုံတွေကိုပိုကြွရွ လှပလာစေသလို Woodgrain Trim ဆိုတဲ့ အညိုရောင် အလှလေးတွေကလည်း အတွင်းခန်းနေရာ အနှံ့ နေရာယူထားနိုင်တာပါပဲ။ ဒါနဲ့ လိုက်ဖက်နေတာ ကတြော အလူမီနီယံ Trim တွေဖြစ်ပြီး အသံစနစ်ကလည်း စပီကာ ၁၈ လုံး နဲ့ Bose Systemကို အဆင့်မြှင့် ပေးထားပြီး အရှေ့ဘက် ထိုင်ခုံရဲ့ ခေါင်းမှီနေရာတွေမှာကိုပါ စပီကာ တွေ မြှုပ်ပေးထားပါတယ်။

Photo Credit: motor 1.com

နည်းပညာပိုင်း အရတော့ အတော်လေး အဆင့်မြင့်တဲ့ Super Cruise Control စနစ်ကို ထည့်ပေးထားပါတယ်။ အဆိုပါ ယာဉ်မောင်းအကူ စနစ်မှာတော့ လမ်းကြောစနစ် အလိုအလျောက် ထိန်းညှိပေးထားမယ့် Auto Lane Change နည်းပညာ ၊ Hands Free စနစ် နဲ့ နောက်တွဲ ကို ဆွဲပေးနိုင်မယ့် နည်းပညာတွေလည်း ပါဝင်လာပါတယ်။ ကားအတွင်းမှာတော့ ၁၀.၂ လက်မ Center Infotainment Screen ကြီးတပ် ဆင်ထားပြီး Google လည်း နဂို ပါဝင်ပြီးသားဖြစ်ကာ Apple CarPlay နဲ့ Android Auto တို့ကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထား ပါတယ်။ ဒါတင်မကသေးပဲ Amazon Alexa စနစ်ကိုလည်း အသုံးပြုနိုင်ဉီးမှာ ဖြစ်ကာ Wifi Hotspot ကိုလည်း ရွေးချယ်စရာ တစ်ရပ် အနေနဲ့ ထည့်သွင်းအသုံးပြုနိုင်ဉီးမှာပါ။ ကားရဲ့ စွမ်းဆောင်ရည်ပိုင်း မှာကတော့ ယခင်နဲ့ မတူတဲ့ ထူးထူးခြားခြား အသစ်ဆိုတာမျိုး ပါမလာခဲ့ပဲ ဝယ်ယူလိုသူတွေ အနေနဲ့ 6.2 Liter V8 Engine ကို အခြေခံ ထည့်ပေးထားပါတယ်။ အဆိုပါ အင်ဂျင်နဲ့ ဆိုရင်တော့ 420 hp အထိ စွမ်းဆောင်နိုင်မှာဖြစ်ပြီး Turbocharged 3.0 Liter Duramax ဒီဇယ် Engine ကိုသုံးမယ် ဆိုရင်တော့ 277 hp နဲ့ 460 lb-ft Torque အထိ စွမ်းဆောင်ရည်ကို ရရှိ မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် နဂို ပါဝင်ထားတဲ့ လုပ်ဆောင်ချက်တွေ အနေနဲ့ ဆိုရင်တော့ Magnetic Ride Control ၊ Air Ride Adaptive Suspension စနစ်နဲ့ 4Wheel Drive စနစ်တွေ ပါဝင်မှာပါ။ အခု ကားရဲ့ ရောင်းဈေးကို အတိအကျ မသိရသေးပေမယ့် မကြာခင် စတင်ရောင်းမယ့် နေ့ရက်နဲ့အတူ သိလာရနိုင်ပါတယ်။ ယခင် 2022 Yukon Denali ကားတုန်း ကတော့ Two Wheel Drive နဲ့ ဒီဇယ် အင်ဂျင်နဲ့ $ 70,000 အထိ ဈေးကျသင့် ခဲ့တာ ဖြစ်ပါတယ်။ အခု ကား အသစ်စက်စက်ကြီး ကတော့ ၂၀၂၃ မော်ဒယ် အနေနဲ့ အခု ၂၀၂၂ ဆောင်းတွင်း လောက်မှာ ဈေးကွက်ထဲ စတင်ရောက်လာ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: motor 1.com