GMC Sierra 1500 ကားသစ်တွေကတော့ အခု ၂၀၂၃ မော်ဒယ်တွေကို Mid-Cycle Update အနေနဲ့ အပြောင်းအလဲတစ်ချို့ ထည့်ပြီး ထုတ်လုပ်ပေးထားပါတယ်။ အခုကား Lineup ထဲမှာတော့ AT4X AEV ဆိုတဲ့ Edition တစ်ခုလည်း အသစ်ပါဝင်လာခဲ့ပြီး လမ်းကြမ်းသီးသန့် ကျွမ်းကျင်သူ ဖြစ်တဲ့ American Expedition Vehicle ကနေ အခုအမျိုးအစားကို ပိုပြီးအကြမ်းခံ စွမ်းဆောင်ရည်ကောင်းအောင် လုပ်ပြထားပါတယ်။ အဆိုပါ ကားသစ်မှာတော့ ကားကိုယ်ထည်ပိုင်း အတွက် Underbody Protection ၊ ပြန်လည် ပြင်ဆင် ဒီဇိုင်းပြောင်းထားတဲ့ အရှေ့ဘက် Grille နဲ့ Fascia ၊ အနက်ရောင် ကိုယ်ထည် Accents တွေအပြင် ၁၈ လက်မ အရွယ်ဘီးတွေကို ၃၃ လက်မ အရွယ် Goodyear Wrangler Territory MT  တာယာတွေနဲ့ပါ ဖန်တီး ပေးထားပါတယ်။

Photo Credit: MotorAuthority

မူလ ကားကတော့ ATX 4 ကိုပဲ အခြေခံ ဖန်တီးထားတာဖြစ်ပြီး Four-Wheel Drive  စနစ်နဲ့ 420 hp စွမ်းဆောင်ရည်ရှိတဲ့ 6.2 Liter V8 အင်ဂျင်နဲ့အတူ $ 83,545 ဝန်းကျင် ကျသင့်တဲ့ ကားလည်း ဖြစ်ပါတယ်။ အခု Edition အသစ်မှာ ဆိုရင်တော့ နောက်ထပ် $ 6,895 လောက် ဈေးပိုများသွားတာ ကြောင့် ကားကလည်း $ 90,440 အထိကို ဈေးတက်သွား ခဲ့ပါတယ်။ သာမန် 2023 1500 Sierra အနေနဲ့ကတော့ $ 38,995 ကနေ စတင် ကျသင့်မှာပဲ ဖြစ်ပါတယ်။ တကယ်တော့ အခု Lineup အသစ် မှာ AT4X AEV က တစ်ခုတည်းသော Edition အသစ်တော့ မဟုတ်ပဲ Pro Grade မှာလည်း Graphite Edition ကို ရရှိနိုင်ပါသေးတယ်။ အဆိုပါ Edition မှာ ဆိုရင်တော့ လူကြိုက်များတဲ့ ရွေးချယ်စရာ ‌တွေ အပြင် ကိုယ်ထည်နဲ့ တစ်ရောင်တည်း ဖြစ်နေမယ့် အရှေ့နဲ့အနောက် Fascia တွေ ၊ လက်မ ၂၀ အရွယ် ဘီးတွေနဲ့ အခြားသော အပြင်အဆင် တွေကို ထည့်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု 2023 ကားသစ်တွေထဲမှာ နောက်ထပ် အပြောင်းအလဲတွေ အနေနဲ့ Sterling Metallic ၊ Volcanic Red Tintcoat နဲ့ Deep Bronze Metallic ဆိုတဲ့ အရောင်သစ်တွေ ပါဝင်လာတာဖြစ်ပြီး လက်မ ၂၀ အရွယ် ဘီးသစ်ကိုလည်း ရွေးချယ်စရာအနေနဲ့ ထည့်ပေးထား ပါသေးတယ်။ အင်ဂျင်ပိုင်းတွေ ကတော့ ယခင်ထက် မပြောင်းလဲပဲ 3.0 Liter Turbodiesel အင်ဂျင်ကိုပဲ ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်း ကတော့ ပါဝါပိုင်းမှာ ၁၀% ၊ Torque အပိုင်းမှာ ၇.၆ % လောက်အထိ တိုးတက်ကာ 305 hp နဲ့ 495 lb-ft Torque လောက် အထိ ရှိနေပါပြီ။ ကားရဲ့ အမြင့် ဆုံး ဆွဲနိုင်မယ့် အလေးချိန်ကလည်း ပေါင် ၁၃,၀၀၀ အထိကို ရှိမယ်လို့ သိရပါတယ်။ ကားရဲ့ Base Engine အပိုင်းမှာတော့ Turbocharged 2.7 Liter Inline-4 အင်ဂျင်ကို သုံးထားတာဖြစ်ပြီး 310 hp နဲ့ 430 lb-ft Torque အထိကို ရှိထား ပါတယ်။ ဒါ့အပြင် နောက်ထပ် V8 အင်ဂျင် ၂ မျိုး ရွေးချယ် လို့လည်း ရသေးပြီး 420 hp ၊ 460 lb-ft Torque အထိ ရှိတဲ့ 6.2 Liter V8 အင်ဂျင်နဲ့ 355 hp နဲ့ 383 lb-ft Torque အထိ ရှိတဲ့ 5.3 Liter V8 အင်ဂျင်တို့ပဲ ဖြစ်ပါ တယ်။ အင်ဂျင် အများစုနဲ့ လိုက်ဖက်မယ့် 10-Speed Automatic ဂီယာကို သုံးထားပြီး 2.7 Liter Inline-4 အင်ဂျင်မှာ ဆိုရင်တော့ 8-Speed Automatic ဂီယာကို ပြောင်းသုံးပေးထားတာ တွေ့ရမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority