ပြိုင်ဘက် Chevrolet ရဲ့ ကားသစ် မိတ်ဆက်လာခဲ့အပြီး မရှေးမနှောင်းမှာပဲ လမ်းကြမ်းမောင်း အလန်းစားနဲ့ တတိယမြောက်မျိုးဆက် Canyon ကားသစ်ကို GMC တို့ အထင်ကြီးစရာ ချပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိ ရှိပြီးသား Colorado ZR2 ၊ Toyota Tacoma TRD Pro နဲ့ အသစ်လာဦးမယ့် Ford Ranger Raptor တို့ကလည်း လမ်းကြမ်း ပိုင်းအားစိုက်လာတာကြောင့် အခုကားသစ်ရဲ့ ထူးခြားတဲ့ စွမ်းရည်ကလည်း လမ်းကြမ်းပိုင်းပဲ အားစိုက်လာခဲ့ပါတယ်။ အခု ကားမှာမှ AT4X Model အသစ်တော့ AT4 ကိုမှအဆင့်မြှင့်တင်ပေးထားပြီး Colorado ZR2 နဲ့ အဓိကပြိုင်ဘက် တွေ ဖြစ်လာနိုင်ပါတယ်။ အဆိုပါ ကားမှာတော့ ၁၇ လက်မ အရွယ်ဘီးတွေကို ၃၃ လက်မအရွယ် Mud-Terrain တာယာ တွေ ၊ Multimatic DSSV Dampers တွေနဲ့ ကားကို မြှင့်ပေးထားမှုတွေလည်း ပါဝင်လာပါတယ်။ အရှေ့နဲ့ အနောက်မှာ ဆိုရင်လည်း Trim သီးသန့်ရနိုင်မယ့် Baja Drive Mode တွေအတွက် Lockers အသစ်တွေပါ ပါဝင်လာ ပါတယ်။

အခုကားအတွက် သီးသန့်အနေနဲ့ 9500 Lb ရှိတဲ့ Off-Road Bumper တွေကိုမှ လက်မ ၃၀ အရွယ် LED Light Bar ၊ ၁၇ လက်မအရွယ် Beadlock Capable ဘီးတွေနဲ့ အရှေ့အနောက် Underbody ကင်မရာတွေ ပါ ပါဝင်လာဦးမှာပါ။ အခု ကားမှာတော့ လမ်းကြမ်းပိုင်း အကြမ်းစားဆိုတာ ပိုပြီး ကြည့်ကောင်းနေစေမယ့် ဒေါင်လိုက် Grille အကြီးတွေ အပြင် ပိုပြီးလိုက်ဖက်မယ့် Running Lights အပါးတွေ ၊ Headlights အခွဲပုံစံတွေနဲ့လည်း ဒီဇိုင်းပြင်ဆင်ထားပါတယ်။ Running Lights အပိုင်းတွေကတော့ အပေါ်ဘက်ကို L ပုံစံ နဲ့ ဖန်တီး ပေးထားတာဖြစ်ပြီး လိမ္မော်ရောင် Clearance Light တွေကိုလည်း လမ်းကြမ်းအတွက် အသုံးဝင်အောင် ထည့်ပေးထားပါသေးတယ်။ ဒီဇိုင်းပိုင်းတွေ အပြင် စွမ်းဆောင်ရည်ပိုင်း အတွက်ကတော့ အခု 2023 Canyon ကားသစ်တွေတိုင်းက Chevrolet Colorado နဲ့ အတူတူ Turbocharged 2.7 Liter Four-Cylinder Engine ကိုပဲ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် အမြင့်စား ဖြစ်တာကြောင့် 430 lb-ft Torque ပမာဏလောက် အထိ ရှိနိုင်ကာ Eight-Speed Automatic Gear  ကိုလည်း သုံးပေးထားနိုင်ပါသေးတယ်။ ဒါကြောင့် ဒီ အနေအထား အတိုင်းသာဆိုရင် 237 hp နဲ့ 259 lb-ft Torque ပမာဏ လောက်ကို Base နဲ့ Mid Range Trim တွေမှာ မြင်ရနိုင်ပါတယ်။

Photo Credit: motor 1.com

အတွင်း ပိုင်းမှာတော့ အသစ်အသစ်သော ခံစားချက်တွေ ရအောင်ပေးထားနိုင်ပြီး Head-Up Display သီးသန့် ၊ ၁၁ လက်မ အရွယ် Instrument Cluster နဲ့ ၁၁.၃ လက်မအရွယ် Infotainment Display တွေကို လည်း တပ်ဆင် ပေးထားပါသေးတယ်။ Dashboard တစ်ခုလုံးကိုတော့ အလျားလိုက် ပုံစံနဲ့ပဲ ဒီဇိုင်းချထားပြီး လယ်သာသားတွေ ၊ သစ်သားတွေနဲ့ ကာဗွန် ဖိုက်ဘာတွေကိုလည်း သုံးပေးထားပါသေးတယ်။ Premium Model အတွက် အနက်ရောင်က အတော်လေး Classic ဆန်ပြီး အနက်၊ အနီနဲ့ အဖြူစပ်ထားတဲ့ လမ်းကြမ်းပိုင်း ကားကလည်း အတော်ကို ကြမ်းတယ် ဆိုတဲ့ ပုံပေါက်ပါတယ်။ ဈေးနှုန်းကတော့ ထုံးစံ အတိုင်းပဲ များမှာဖြစ်တာကြောင့် AT4 X Edition 1 ကားကိုတင် $ 63,350 ကျသင့်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် Standard Canyon ကားမှာ ဆိုရင်တော့ $ 40,000 ဝန်းကျင်လောက် နဲ့စနိုင်ပြီး ယခင် 2022 Model တွေထက်ကို $ 8,000 လောက်အထိ ပိုများလာတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ အဆိုပါကားသစ် တွေကိုတော့ လာမယ့် ၂၀၂၃ နွေဦးရာသီလောက်မှာတင် စတင်ရောင်းချလာဖို့ ရှိနေပါပြီ။

Ref: motor 1.com