2023 Genesis G90 ကားကတော့ ပိုပြောင်းလဲလာတဲ့ Sedan အသွင်အပြင် ဒီဇိုင်းတွေအပြင် ပိုပြီးလည်း ဇိမ်ကျ လာတဲ့ အတွင်းခန်း ပုံစံတွေနဲ့ ပွဲထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ ကားသစ်ရဲ့ ဈေးနှုန်းတွေကိုပါ သိရှိ လာရပြီ ဖြစ်ပြီး 3.5T AWD Trim ဆိုရင် $ 89,495 ကနေ စတင်မှာ ဖြစ်ကာ 3.5T E-SC AWD Grade ဆိုရင်တော့ $ 99,795 အထိ ကျသင့်မယ်လို့ သိရပါတယ်။ 3.5T AWD ကားမှာတော့ ၁၂.၃ လက်မအရွယ် Instrument Display နဲ့ အရွယ်တူ Infotainment Screen တို့အပြင် Head-Up Display တို့ကို မူလကတည်းက ထည့်ပေးထားမှာပါ။ ဒါ့အပြင် အသံ စနစ်ပိုင်းကလည်း အဆင့်မြင့် Bang & Olufson အသံ စနစ်ကို သုံးပေးထားတာဖြစ်ပြီး အရှေ့ဘက် ထိုင်ခုံတွေ ဆိုရင် အနှိပ်ဝန်ဆောင်မှုနဲ့ လေသန့်စင်စနစ်တွေတောင် ပါဝင်သေးတာပဲ ဖြစ်ပါတယ်။ ‌ဒါတင်မကသေးပဲ လက်မ ၂၀ အရွယ်ဘီးကြီးတွေ တပ်ဆင်ထားတဲ့ အဆိုပါကားမှာတော့ Nappa Leather သားတွေကိုလည်း Cabin ပိုင်းမှာ ထည့်ပေးထားပါသေးတယ်။

Photo Credit: motor 1.com

အဆိုပါ အမျိုးအစားမှာတော့ 3.5 Liter Twin-Turbocharged V6 Engine ကို သုံးထားပြီး 375 hp နဲ့ 391 lb-ft Torque အထိ စွမ်းဆောင်ထားနိုင်မှာ ဖြစ်ကာ Eight-Speed Automatic ဂီယာကိုလည်း သုံးထားမှာ ဖြစ်ပါတယ်။ 3.5T E-SC AWD Version ကား အမျိုးအစားမှာ ဆိုရင်တော့ စပီကာ ၂၁ လုံးပါ Stereo စနစ်နဲ့ Power-Closing အလိုအ လျောက် တံခါးတွေလည်း ပါဝင်လာမှာပါ။ ဒါ့အပြင် မောင်းနှင်မှုအပိုင်းမှာလည်း Rear Wheel စတီယာတိုင်နဲ့ Multi-Chamber Air Suspension စနစ်တွေ ရထားတာဖြစ်ပြီး ၂၂ လက်မ အရွယ်ဘီးတွေကိုလည်းတပ်ဆင် ပေးထားပါတယ်။ အခု ကားရဲ့ ဆီစားနှုန်းတွေကတော့ မြို့တွင်းဆိုရင် တစ်ဂါလံကို ၁၈ မိုင်အထိ မောင်းလို့ရပြီး ၊ နယ်ဝေးမောင်းမယ် ဆိုရင်တော့ တစ်ဂါလံကို ၂၆ မိုင် မောင်းနိုင်ကာ ၂ မျိုးပေါင်း မောင်းမယ်ဆိုရင် တစ်ဂါလံကို ၂၁ မိုင်အထိ မောင်းလို့ ရနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု ကားရဲ့ အင်ဂျင်ပိုင်းကတော့ Mild-Hybrid စွမ်းအင်ဖြည့်ပေးထားတဲ့ Twin-Turbocharged 3.5 Liter V 6 အင်ဂျင် ဖြစ်ပြီး Electric Supercharger လည်း ပါဝင် လာပါတယ်။ အဆိုပါ ကားရဲ့ အတွဲအစပ်တွေ အရတော့ စွမ်းဆောင်ရည် ပိုင်းက 409 hp နဲ့ 405 lb-ft Torque အထိ ရှိထားတာဖြစ်ပြီး ဂီယာပိုင်းကတော့ 8-Speed Automatic ပဲ ဖြစ်ပါတယ်။ အဆိုပါ ကား ရဲ့ ပမာဏတွေ အရတော့ မြို့တွင်း တစ်ဂါလံကို ၁၇ မိုင် ၊ အဝေးပြေးကို ၂၄ မိုင်နဲ့ နှစ်မျိုးပေါင်း မိုင်၂၀ အထိ ရနိုင်မှာပဲ ဖြစ်ပါတယ်။ 2023 G 90 ကားသစ်တွေကတော့ အခုနှစ်ကုန်ပိုင်း မတိုင်ခင် လောက်မှာတင် အမေရိက ဈေးကွက်ထဲ ရောက်လာ တော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

(26) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube