G80 လျှပ်စစ် ကားအမျိုးအစားအသစ်ကို တရားဝင် စတင်ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ Genesis တို့ ကတော့ အခုဆိုရင် ဈေးနှုန်းကိုပါ ချပြလိုက်ပါပြီ။ အဆိုပါ ကားရဲ့ဈေးကတော့ ဒေါ်လာ ၈၀,၉၂၀ လောက်ကနေ စတင် လာမှာ ဖြစ်တယ်လို့ အတည်ပြုပေးထားပြီး အခုဆိုရင်တော့ အမေရိက ရဲ့ ကယ်လီဖိုးနီးယား ၊ Connecticut ၊ New Jersey နဲ့ New York တွေမှာရှိတဲ့ Genesis တရားဝင် အရောင်း ကိုယ်စား လှယ်ဆိုင်တွေမှာ တရားဝင် စတင် မှာယူနိုင်ပါပြီ။ အပြီးပြည့်စုံဆုံး တစ်စီးတည်းသော Version အဖြစ် ပွဲထွက်လာမယ့် အဆိုပါ ကားမှာတော့ All-Wheel Drive စနစ်ကိုမှ လျှပ်စစ်မော်တာ ၂ လုံး တပ်ပေးထားတာ ဖြစ်ပါတယ်။ တစ်လုံးကို 136 kw အထိ ရှိတဲ့ လျှပ်စစ် မော်တာတွေကို ဝင်ရိုးတစ်ဖက်တစ်ချက်ဆီမှာ တပ်ဆင်ပေးထားတာကြောင့် စုစုပေါင်း စွမ်းဆောင်ရည်ကလည်း 365 hp အထိကို ရှိလာခဲ့ပါတယ်။ ဒါ့အပြင် 87.2 kWh အထိ ရှိတဲ့ Lithium-Ion Battery တွေကြောင့်လည်း တစ်ကြိမ်အားသွင်းထားရုံနဲ့ ၂၈၂ မိုင် အထိကို မောင်းနှင် နိုင်ပါလိမ့်မယ်။ လက်ရှိမှာတော့ EPA ရဲ့ တရားဝင် မှတ်တမ်း အချက်အလက်တွေက အခုကားနဲ့ပတ်သက်ပြီး မထွက်ရှိသေးတာကြောင့် ဒီအချက်တွေမှန်မမှန် စောင့်ကြည့် ရဦး မှာပါ။

Photo Credit: MotorAuthority

Genesis ရဲ့ အဆိုအရတော့ အဆိုပါ G80 လျှပ်စစ်ကားကို ၂၂ မိနစ် အားသွင်းရုံနဲ့ တင် ၁၀ % ကနေ ၈၀% လောက် အထိ အားအမြန် ပြည့်နိုင်ပြီး 350 kw ရှိတဲ့ အားသွင်းရုံတွေမှာ အဆင်ပြေနေမှာပါ။ ဒါ့အပြင် အမေရိက ဈေးကွက် အတွင်းမှာ ဆိုရင်လည်း နာမည်ကျော် Electrify America တို့နဲ့ ပူးပေါင်းထားတာကြောင့် အဆိုပါ ကွန်ရက်တွေမှာ အမြဲတမ်း နာရီဝက် အခမဲ့အားသွင်းခွင့်ကို ၃ နှစ်အထိ ပေးထားမှာ ဖြစ်ပါ တယ်။ အခုကားကို ရုတ်တရတ်ကြည့်လိုက်မယ် ဆိုရင်တော့ လျှပ်စစ် မဟုတ်တဲ့ သာမန်ကား G80 မျိုးကွဲနဲ့ အတူတူပဲလို့ ထင်ကောင်းထင် ရနိုင်ပါတယ်။ ကားရဲ့ Grille ကိုလည်း ပုံမှန်ကားလိုပဲ အပိတ်လုပ်ပေးထား ပြီး အခုလျှပ်စစ် ကားမှာတော့ အားသွင်းပေါက်ကို အဆိုပါ Grille အောက်မှ မြုပ်ပြီးဖွက်ထားတဲ့ ဒီဇိုင်း သုံးထားတာပါ။ အထူးသဖြင့် ယာဉ်မောင်း ဘက်အခြမ်း Grille ရဲ့ အောက်မှာ ထားပေးထားတာဖြစ်ပြီး စိန်ပွင့် ပုံစံ တံခါးလည်း ပါဝင်ထားပါသေးတယ်။ အခုကားအတွက် သီးသန့် ၁၉ လက်မဘီးတွေနဲ့ Matira Blue ဆိုတဲ့အပြင် အရောင်တွေကြောင့် အခုကားကို သာမန် G 80 ကားနဲ့ ကွဲထွက်နေစေမှာသေချာပါတယ်။

Photo Credit: MotorAuthority

အခု ကားရဲ့အတွင်းခန်းပိုင်း ကတော့ ဂတ်စ်အင်ဂျင်သုံးနဲ့ အတူတူပဲ ဖြစ်ပေမယ့် လျှပ်စစ်ကားမှာ ထူးခြားချက် အနေနဲ့ အနက်ရောင် Lagoon Green အရောင်လေးနဲ့ Glacier White အဖြူရောင် Scheme တွေကိုပါ ထပ်‌ရွေးချယ် နိုင်ဦးမှာ ပဲ ဖြစ်ပါတယ်။ အဆိုပါ လျှပ်စစ် G80 ကားအသစ်တိုင်းမှာ တော့အလိုအလျောက်အရေးပေါ် ဘရိတ်စနစ်၊ လမ်းကြောင်း အလိုအလျောက် ပြောင်းပေးတဲ့စနစ် ၊ Blind-Spot Monitor စနစ်တို့အပြင် အလိုအလျောက် High Beam မီးရောင် စနစ်တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Ref: MotorAuthority