Ford Taurus ကိုတော့ 1986 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီးနောက် လျင်လျင်မြန်မြန်ပဲ အမေရိကမှာ ရောင်းအား အကောင်းဆုံး ခရီးသည်တင်ကားတစ်စီး ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ အမေရိကရဲ့ အပြင် ဖက်ဖြစ်တဲ့ အရှေ့အလယ်ပိုင်း ဒေသအတွက် 2023 Taurus အနေနဲ့ အခုနှစ်နှောင်းပိုင်းမှာ စတင်ရောင်းချ လာတော့မှာပါ။
အတွင်းပိုင်းမှာတော့ ရိုးရှင်းတဲ့ Digital Cockpit တစ်ခုနဲ့ ၈ လက်မရှိ Instrument Display တစ်ခုအပြင် ၁၃.၂ လက်မရှိ Center Screen တစ်ခုကို တွေ့မြင်ရမှာပါ။ နည်းပညာပိုင်းအရတော့ Adaptive Cruise Control ၊ ယာဉ်တိုက်မှု ဖြစ်နိုင်တာကို ကြိုတင်သတိပေးစနစ်၊ Blind-Spot Monitoring စတဲ့ စနစ်တွေ ပါဝင်လာပြီး Panoramic Roof နဲ့ ကြိုးမဲ့အားသွင်းစနစ်တွေလည်း ရရှိလာနိုင်မှာဖြစ်သလို Apple CarPlay နဲ့ Android Auto စနစ်တွေကိုလည်း အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ အပြင်ပိုင်းမှာတော့ Ford Taurus ရဲ့ ဒီဇိုင်းက Mondeo နဲ့ဆင်တူပေမယ့် ပါးလွှာတဲ့ Headlamps တွေကြောင့် ပိုပြီး ခေတ်ဆန်တဲ့အသွင်ရရှိ လာပါတယ်။ အနောက်ဖက်မှာတော့ သေးငယ်တဲ့ Taillights ဘား ၃ ခုကိုတွေ့မြင်ရတာကြောင့် Mustang ရဲ့ Taillights တွေနဲ့ ထူးခြားစွာ တူညီနေပြန်ပါတယ်။
စွမ်းဆောင်ရည်ပိုင်းအရတော့ Ford ရဲ့ 2.0 Liter EcoBoost Motor ကို Eight-Speed Automated Gearbox နဲ့တွဲဖက်ပေးထားသလို အခု အဆင့်မြှင့်တင်ထားတဲ့ကားက အရှေ့အလယ်ပိုင်းဒေသရဲ့ အပူချိန် ကို ခံနိုင်ရည်ရှိအောင် စမ်းသပ်ထားပြီးသား ကားတစ်စီးလည်းဖြစ်တယ်လို့ Ford က ဆိုထားတာပဲ ဖြစ်ပါ တယ်။
Ref: AllAutoExperts
Photo Credit: AllAutoExperts