ကားသစ်တွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လာရင်တော့ ဥရောပဈေးကွက်အတွက်က အမြဲတမ်း တစ်ဆင့်တော့နိမ့်နေပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ အီးယူက သတ်မှတ်ထားတဲ့ ကာဗွန်ထုတ်လုပ်မှု ကန့်သတ်ချက် ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ကိုလိုက်နာနေရလို့ ပါပဲ။ အခု ဆယ်စုနှစ်နှောင်းပိုင်းမှာ အတည်ပြုပြဌာန်းလာ တော့မယ့် Euro 7 ဆိုတဲ့ စည်းမျဉ်းအသစ်တွေကို လိုက်နာဖို့ ဆိုရင်တော့ ပိုလို့ တောင် ခက်ခဲလာနိုင်ပါတယ်။ 2023 Ford Ranger Raptor ကားအသစ်နဲ့ ပတ်သက်လာရင်တော့ ယခင်တုန်းကလည်း Explorer ST ကားရဲ့ Detuned Version Twin-Turbo V6 ကို သုံးလာလိမ့်မယ်လို့သတင်းတွေထွက်လာခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုဥရောပဈေးကွက် အပြင်ဘက်မှာ ထွက်ပေါ်လာတဲ့ ကားသစ်မှာ ဆိုရင်တော့ 3.0 Liter EcoBoost အင်ဂျင်က အများကြီး ပိုသာတဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းထားနိုင်တာ တွေ့ရပြီး ဩစတြေးလျနဲ့ တောင်အာဖရိက ဈေးကွက် တို့မှာ အသစ် ထွက်လာတဲ့ အခု ကားသစ်ကတော့ 392 hp နဲ့ 430 lb-ft Torque အထိကို ရှိလာခဲ့ပါတယ်။ ဒါဟာ ဥရောပဈေးကွက် ကထက် 100 hp နဲ့ 66 lb-ft Torque လောက်အထိကို ပိုများလာ တာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါတင်မကသေးပဲ Explorer ST ကားထက်ကိုပါ 15 lb-ft Torque လောက်အထိပိုများလာတာ ဖြစ်ပါတယ်။ အခုလိုမျိုး ဥရောပဈေးကွက် ထက် အများကြီးသာတဲ့ စွမ်းဆောင်ရည်တွေကို ပြသလာတာကြောင့် V6 Engine ပါလာ ဦးမယ်လို့ သိထားရတဲ့ Bronco Raptor ကား အတွက်လည်း ကြီးကြီးမားမား မျှော်လင့်ချင်စရာ ကောင်းလာပါတယ်။ အခုကားအသစ်ကတော့ ‌ဈေးကွက်ထဲ ရောက်လာခဲ့ရင် ပိုကောင်း တဲ့ EcoBoost Engine နဲ့ တွဲဖက်ပြီး ဘယ်လိုနေရာ ဘယ်လိုလမ်းမျိုးမဆို ကောင်းကောင်း မောင်းနိုင်မယ့် ကားကောင်းတစ်စီး ဖြစ်လာ တော့မှာပါ။ တစ်ခြားသော ဈေးကွက်တွေထဲမှာ ဆိုရင်လည်း Range Raptor ကိုပဲ Twin-Turbodiesel 2.0 Liter Engine နဲ့ ရရှိ နိုင် အောင် ဖန်တီးပေးထားပါသေးတယ်။ အသေးစိတ်အချက်အလက်တွေ မသိရသေးဘူးဆိုပေမယ့်လည်း Four- Pot EcoBlue ကား တစ်စီး အနေနဲ့ ကတော့ 204 hp နဲ့ 369 lb-ft Torque အထိ ရှိလာနိုင်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် ဓာတ်ဆီရော ဒီဇယ်ကား ၂ မျိုးလုံး မှာပါ အမြင့်မားဆုံးသော Towing Capacity စွမ်းဆောင်ရည် အနေနဲ့ ကတော့ 5,511 ပေါင် အထိကို ရှိလာမှာ ဖြစ်ကာ Ten-Speed Automatic Transmission ဂီယာနဲ့ တွဲဖက် ပေးထားမှာ ဖြစ်ပါတယ်။ တစ်ချို့ကတော့ အခု ကားသစ်နဲ့ အတူပဲ နောက်ထပ်စိတ်လှုပ်ရှားစရာ ကားကောင်း တစ်စီး ဖြစ်တဲ့ Everest Raptor SUV အသစ်ကိုပါ ချပြလာ လိမ့်မယ်လို့ ယူဆနေကြပေမယ့် တကယ်တမ်းမှာတော့ အချိန်တစ်ခု စောင့်ရနိုင် ပါသေးတယ်။ Bronco Raptor နဲ့ Range Raptor တို့ကို ချပြပြီးသွား ပြီ ဆိုရင်တော့ တတိယမြောက် ကားမော်ဒယ်အသစ် အနေနဲ့ အခုနှစ် နှောင်းပိုင်း လောက်မှာမှ စတင် ထွက်ပေါ်လာနိုင်ပြီး F-150 Raptor R ဖြစ်လာဖို့ များနေပါတယ်။ အဆိုပါ ကားမှာ ဆိုရင်တော့ Ram 1500 TRX ကို အဓိက ယှဉ်ပြိုင်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး V 8 Engine သုံးလာနိုင်တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com