Ford Ranger Raptor ကားသစ်ကတော့ ဥရောပဈေးကွက်ဆီ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လမ်းကြမ်းပိုင်း အတွက် စွမ်းဆောင်ရည်ကောင်းတွေနဲ့ အဆိုပါ ခပ်ကြမ်းကြမ်း ကားမှာတော့ 3.0 Liter V6 Engine ကို တပ်ဆင် ပေးထားပြီး Twin-Turbocharged အမျိုးအစားဖြစ်တာကြောင့် အခြားသော ဈေးကွက်တွေထဲက အမျိုးအစားနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ဩစတြေးလျ ဈေးကွက်ထဲမှာ တုန်းကတော့ အဆိုပါ ကားရဲ့ စွမ်းဆောင်ရည်ပိုင်းက 392 hp နဲ့ 430 lb-ft Torque အထိ ရှိထားတာဖြစ်ပြီး ဥရောပ ဈေးကွက် ထဲမှာကတော့ 288 hp နဲ့ 362 lb-ft Torque အထိပဲ ရှိမှာ ဖြစ်ပါတယ်။ အဓိက ကတော့ ဥရောပ ဈေးကွက်ရဲ့ ကာဗွန်ထုတ်လုပ်မှုပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကြောင့် ဖြစ်ပါတယ်။ ကားသစ်ရဲ့ Suspension ပိုင်းတွေကိုတော့ လမ်းကြမ်းပိုင်းတွေနဲ့ ပိုလိုက် ဖက်အောင် ပြုပြင်ပြောင်းလဲတာတွေ ထပ်လုပ်ပေးထားပါတယ်။ အရှေ့ဘက်နဲ့ အနောက်ဘက်မှာလည်း Suspension အရှည်တွေအပြင် Watt ရဲ့ Link Rear End ပိုင်းကိုလည်း ပြန်လည် ပြုပြင်ထားပါတယ်။ ကားရဲ့ အပေါ်ဘက်နဲ့ အနောက်ဘက် Arms တွေ အကုန်လုံးက ပေါ့ပါးတဲ့ အလူမီနီယံတွေနဲ့ ပြုလုပ်ပေးထားတာပါ။

Photo Credit: AllAutoExperts

ကားသစ် အနေနဲ့ အရှေ့နဲ့အနောက်ပိုင်းတွေမှာ Differential Lock အသစ်တွေကို မတူအောင် သုံးထား ပေးပြန်ပါတယ်။ ဒါကြောင့်လည်း ကားမောင်းနှင်ရာမှာ Normal ၊ Sport ၊ Slippery ၊ Rock Crawl ၊ Sand ၊ Mud/Ruts နဲ့ Beja စသဖြင့် အတော်စုံတဲ့ Mode တွေ ၇ မျိုး အထိကို ရွေးချယ်မောင်းနှင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Ford Ranger Raptor အသစ်ရဲ့ အပြင်ဘက် အပြင်အဆင်တွေအတွက်လည်း အရောင် ၇ ရောင် အထိ ရွေးချယ်နိုင်အောင် စီစဉ်ပေးထားပြီး ၁၇ လက်မ အရွယ် အလွိုင်းဘီးတွေလည်း တပ်ဆင်ထားတာပါ။ ဒါတင် မကသေးပဲ Raptor ကားအတွက် သီးသန့် ဖြစ်လာမယ့် All-Terrain စွမ်းဆောင်ရည်မြင့် တာယာတွေ ၊ Matrix LED Headlights မီးတွေနဲ့ LED DRLs အတွက် ပိုသုံးကောင်းဦးမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts