2023 Ford Maverick ကားသစ်ကတော့ နာမည်ကြီး Tuner Tremor ရဲ့ လမ်းကြမ်းပိုင်း အထူးပြင်ဆင်ပေးမှုကို ရလာ တဲ့ နောက်ဆုံးပေါ် Ford Compact Pickup ကားတစ်စီး ဖြစ်လာခဲ့ပါပြီ။ Ford ကတော့ အခုလို Package မျိုးကို ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းက Full-Size Super Duty Pickup ကားတွေမှာ စတင် ထုတ်ပေးနိုင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ F-150 နဲ့ Ranger Pickup ကားတွေအထိ ရလာခဲ့တာပါ။ အဆိုပါ Package မှာတော့ ကားရဲ့ နဂို မောင်းနှင်အား ၊ ကုန်တင်နိုင်မှုနဲ့ အနောက်ကနေ ဆွဲ‌နိုင်တဲ့ Towing Capacity စတဲ့ အချက်တွေ ဘာတစ်ခုကိုမှ လျော့ကျ မသွားစေနိုင်ပဲ လမ်းကြမ်းပိုင်း ပိုမောင်းလို့ကောင်းအောင် ဖန်တီးပေးတာလည်း ဖြစ်ပါတယ်။ အခု Maverick အသစ်မှာ ဆိုရင်တော့ Package အသစ်ကို XLT နဲ့ Lariat Grade တွေမှာ ရနိုင်ပြီဖြစ်ပြီး Pickup ကားရဲ့ ရထားပြီးသား Turbocharged 2.0 Liter Inline-4 Engine ကိုပါ ဒီအတိုင်း ဆက်ရှိ နေစေမှာပါ။ အဆိုပါ အင်ဂျင်နဲ့ အတူ နဂိုပါဝင်ထားတဲ့ 8-Speed Automatic ဂီယာနဲ့ All-Wheel Drive စနစ်တွေလည်း ဆက်လက်ရရှိ နေဦးမှာဖြစ်ပြီး 250 hp နဲ့ 277 lb-ft Torque အထိ စွမ်းဆောင်ထားနိုင်တာလည်း ဖြစ်ပါတယ်။

                                                                                                                                             Photo Credit: MotorAuthority

အခု Package ကိုတော့ Maverick ရဲ့ Standard FX4 Off-Road Package အသစ်ပေါ်မှာ အခြေခံ ဖန်တီးထားတာ ဖြစ်ပြီး Ford ရဲ့ Trail Control စနစ်ကိုလည်း လမ်းကြမ်းမောင်း ပိုင်းနဲ့ ပေါင်းစပ်ပေးထားပါတယ်။ အဆိုပါ စနစ်မှာ လိုချင်တဲ့ မြန်နှုန်းကို သတ်မှတ်ထားပြီးပြီ ဆိုတာနဲ့ အရှိန်နှုန်း အလျော့အတင်းနဲ့ ဘရိတ်တွေကို ကားကအလို အလျောက် လုပ်သွားတော့မှာ ဖြစ်လို့ ယာဉ်မောင်းက စတီယာတိုင်ကိုပဲ သေချာထိန်းပေးစရာ လိုပါတော့တယ်။ ကားမှာတော့ Springs သီးသန့် တွေ နဲ့ Shocks အသစ် တွေကိုလည်း ဖန်တီးပေးထားတာကြောင့် ယခင် ၈.၆ လက်မ ကနေ ၉.၄ လက်မ လောက် အထိကို ပိုမြင့်လာခဲ့ပြီး Heavy Duty Transmission Cooler နဲ့ အဆင့်မြင့် Half-Shafts တွေကိုလည်း လမ်းကြမ်းပိုင်းမောင်းရင် ပိုအလုပ်ဖြစ်အောင် သုံးပေးထားပါသေးတယ်။ အခုလို ပြုပြင် ပြောင်းလဲမှုတွေ အတော်များများ လုပ်ထားတယ်ဆိုပေမယ့်လည်း ကားရဲ့ ပစ္စည်းအဆွဲနဲ့ တင်ဆောင်နိုင်တဲ့ ပမာဏတွေကတော့ မပြောင်းလဲပဲ ယခင် အတိုင်းပေါင် ၂,၀၀၀ နဲ့ ၁,၂၀၀ ပေါင်တွေ အတိုင်းဆက်ပြီး လုပ်ဆောင် နိုင်နေဆဲပါ။ အခု Package ကတော့ စွမ်းဆောင်ရည်အပြင် ကားအတွင်းအပြင် ဒီဇိုင်း အပြောင်းအလဲတွေလည်း ပါဝင်လာ ပြီး Grille အပိုင်းက ပုံမှန်ထက် ပိုထူးခြားတဲ့ အသွင် ဖြစ်လာသလို ၊ ဘီးတွေကိုလည်း ၁၇ လက်မအရွယ်အဖြစ် သီးသန့် ဖန်တီး ပေးထား ပါတယ်။ ဒါ့အပြင် လိမ္မော်ရောင် Accents လေးတွေ ၊ အနက်ရောင် တံဆိပ်တွေနဲ့ Tremor Logo တွေ ကလည်း အတော်လေး ကြည့်ကောင်းလိုက်ဖက် နေတာပါ။ နောက်တစ်မျိုးအဖြစ် ရနိုင်တဲ့ Tremor Appearance Package မှာဆိုရင်လည်း ကားအမိုးနဲ့ ဘေးဘက်မှန်တွေကို မီးခိုးရောင် ပြောင်းပေးထားသလိုမျိုး သီးသန့် အသေးစိတ် အရောင်လေးတွေကိုပါ သုံးပေးထားပါတယ်။ ဒါ့အပြင် အဆိုပါ Pack မှာတော့ အင်ဂျင်စက်ဖုံးနဲ့ ကိုယ်‌ထည် အောက်ဘက်တွေမှာ အနက်ရောင် Side Graphics တွေကိုလည်း သုံးထား ပါသေးတယ်။

                                                                                                                                       Photo Credit: MotorAuthority

Maverick ကားကတော့ 2022 Model အနေနဲ့ Ford ရဲ့ Lineup ထဲ အသစ် ဝင်လာခဲ့တာ ဖြစ်ပြီး 2023 Model အသစ် တွေကို လာမယ့် စက်တင်ဘာလမှာ စတင်မှာယူလို့ ရလာမှာပါ။ အဆိုပါ မူလ Maverick မှာတော့ Base Engine အနေနဲ့ 2.5 Liter Inline-4 Hybrid Engine အဖြစ် သုံးပေးထားပြီး စွမ်းဆောင်ရည်ကတော့ 191 Hp နဲ့ 155 Lb-Ft Torque အထိကို ရှိထားပါတယ်။ အဆိုပါ စွမ်းဆောင်ရည်နဲ့အတူ Front-Wheel Drive စနစ်ကိုမှ Electronic Continuously Variable ဂီယာတွေနဲ့ပါ တွဲဖက်ပေးထားလို့ မောင်းနှင်ရတာ ပိုကောင်းမွန် စေပါတယ်။ Ford ကတော့ အခု ကားသစ်တွေရဲ့ ဈေးကို မကြေညာထားရသေးပေမယ့်လည်း အခု Tremor Off-Road Package ကတော့ $ 2,995 ကျသင့်မယ်လို့ သိရပြီဖြစ်ပြီး သာမန် Appearance Package သာ ဆိုရင်တော့ $ 1,495 ပမာဏပဲ ကျသင့်မှာပါ။ 2022 Maverick တုန်းကတော့ $ 21,490 ကျသင့်ထားတာပဲ ဖြစ်ပါတယ်။ လာမယ့် အနာဂါတ် မှာတင်ပဲ နောက်ထပ် Maverick မျိုးကွဲ အသစ်တွေကိုလည်း မြင်ရဖို့ ရှိလာနိုင်ပြီး ဖြစ်နိုင်ချေရှိတာ တစ်ခုကတော့ Rattler Package လို့ အမည်ရတဲ့ ပိုဈေးသက်သာ လမ်းကြမ်းမောင်း Package တစ်ခုပါပဲ။ အဆိုပါ Package ကိုဆိုရင် F-150 ကားမှာ ကတည်းက Ford တို့ ဖန်တီးပေးခဲ့ဖူးတာ ဖြစ်ပြီး Plug-In Hybrid နဲ့ လျှစ်စစ် သီးသန့်တွေ အနေနဲ့လည်း ရခဲ့ ဖူးသေးကာ အဆိုပါ Package နဲ့ ကားတွေကိုတော့ Thunder ၊ Lightning စတဲ့ နာမည်တွေနဲ့ အသီးသီး ထွက်လာ ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

(23) ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube