2023 Ford F-Series Super Duty ကားကြီးကတော့ တရားဝင်ထွက်ရှိလာခဲ့ပြီဖြစ်ပြီး ထုံးစံအတိုင်း ‌ပိုကောင်းလာတဲ့ စွမ်းဆောင်ရည်တွေက အံ့အားသင့်စရာပါပဲ။ အခု ကားသစ်ကြီးမှာတော့ 6.8 Liter V8 Gas Engine ကြီးကို အသုံးပြုထားပြီး 405 hp နဲ့ 445 lb-ft Torque အထိကို စွမ်းဆောင်ရည်တွေ ရှိလာပါတယ်။ ယခင်တုန်းက 385 hp နဲ့ 430 lb-ft Torque အထိရှိတဲ့  6.2 Liter V8 Engine အဟောင်းနဲ့ ယှဉ်လိုက် ရင်တော့ အနည်းငယ်လောက်ပဲ တိုးတက် လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် 7.3 Liter Godzilla V8 Engine ကိုလည်းရွေးချယ် နိုင်အောင် ထည့်ပေးထားဆဲ ဖြစ်ပြီး Air Intake တွေကိုလည်း အမြင့်ဆုံး အထိ ရအောင် Tuning လုပ်ပေးထားပါသေးတယ်။ အခုလို အပြင်အဆင် တွေကြောင့် 10 lb-ft Torque အထိ ပိုတိုးတက်လာပြီး 430 hp နဲ့ 485 lb-ft Torque အထိ ရှိလာတာကိုလည်း တွေ့ရပါတယ်။

Photo Credit: AllAutoExperts

နောက်ထပ် 6.7 Liter Power Stroke V8 ဒီဇယ်အင်ဂျင်ကိုလည်း အခုကားအတွက် ရွေးချယ်စရာအဖြစ် ထပ်ထည့်ပေးထား သေးပြီး 475 hp နဲ့ 1,050 lb-ft Torque အထိ စွမ်းဆောင်လာ နိုင်ပါတယ်။ ဒါပေမယ့် ဒီအင်ဂျင်မှာ ထူးခြားတာ တစ်ချက်က အိတ်ဇောပိုင်းတွေ အထူးတလည် ပြန်လည်ပြင်ဆင် ပေးထားတာတွေ ၊ Turbocharger ထပ်ထည့် ပေးထားတွေပဲ ဖြစ်ပါတယ်။ အခုလို ထပ်ထည့် ပေးလိုက်တာတွေကြောင့် 1,200 lb-ft Torque နဲ့ 500 hp အထိကို အမြင့်ဆုံးရလာခဲ့ပြီး အခုကားသစ်ရဲ့ မျိုးကွဲတွေထဲ အကောင်းဆုံးလည်း ဖြစ်လာပါတယ်။

Photo Credit: AllAutoExperts

အဆိုပါ အင်ဂျင်တွေ အကုန်လုံးနဲ့ တွဲဖက် ပေးထားမှာကတော့ 10-Speed Automatic Gear  ဖြစ်ပါတယ်။ ဒါ့အပြင် Four Wheel Drive စနစ် ကလည်း အခု ဆိုရင် XLT Trim နဲ့ အထက် ကားတိုင်းမှာ နဂို ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဈေးနှုန်းတွေ အနေနဲ့ကတော့ Ford ရဲ့ ပြောကြားချက်အရ အခြေခံဈေးနှုန်းမှာတင် $ 43,970 အထိ ရှိလာမှာ ဖြစ်ပါတယ်။ ကားသစ် တွေကိုတော့ အခု လာမယ့်နှစ် အစောပိုင်းမှာတင် ဈေးကွက်ထဲ ပို့ဆောင်ပေးနိုင်မှာ ဖြစ်တာ ကြောင့် အမှာစာတွေလည်း စတင် လက်ခံနေပြီပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts