Ford ရဲ့ နာမည်ကျော် F-Series Line Up ဖြစ်တဲ့ Pickup ကားတွေကိုတော့ ၁၉၄၈ ခုနှစ် ကား မော်ဒယ် ကတည်းက စတင် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုနောက်ဆုံး ထွက်ထားတဲ့ 2023 F-Series ကားသစ်တွေဟာ သက်တမ်းအားဖြင့် ၇၅ နှစ် တိတိ ပြည့်မြောက်ပြီလည်း ဖြစ်ပါတယ်။ အခုလို ၇၅ နှစ် ပြည့်တာကို ဂုဏ်ပြုတဲ့ အနေနဲ့ 2023 F-150 Pickup ကားတွေရဲ့ XLT Grade တွေမှာ Heritage Edition ဆိုတဲ့ အထူးထုတ်တွေကို ရွေးချယ်စရာ တစ်မျိုး အနေနဲ့ ထည့်ပေးသွားမှာပါ။ အဆိုပါ ကားတွေမှာ တော့ အတိတ်ကို ပြန်အမှတ်ရစေမယ့် ခေတ်ဟောင်း လက်ရာ တစ်ချို့အပြင် ၁၉၇၀ ခုနှစ်တွေနဲ့ ၈၀ ခုနှစ် တွေတုန်းက နာမည်ရခဲ့တဲ့ နှစ်ရောင်စပ် အချိုးအစားတွေ ကိုလည်း မြင်တွေ့လာရမှာပါ။ Ford က‌တော့ အဆိုပါ နှစ်ရောင်စပ်တွေကို A-B-A Finish လို့ အမည်ပေးထာပြီး အရောင် တစ်ရောင် ကိုတော့ ကားရဲ့ အပေါ်ဘက်နဲ့ အောက်ဘက် နေရာတွေ အတွက်သုံးထားကာ ဒုတိယ အရောင် ကိုတော့ ကားရဲ့ အလယ်မှာ ညှပ်ထည့် ပေးထားတာ ဖြစ်ပါတယ်။ နှစ်ရောင်စပ်တွေကိုမှ မတူတဲ့ အရောင် ၅ မျိုး စပ်ထားတာ တွေကို Showroom တွေမှာ ဝယ်ယူတဲ့ အခါ စိတ်ကြိုက်  ရွေးနိုင်ပါလိမ့်မယ်။

Photo Credit: MotorAuthority

အတွင်းခန်းမှာတော့ မီးခိုး နဲ့ အနက်ရောင် အရောင်တွေကို ထိုင်ခုံ အစင်းကြောင်းလေးတွေနဲ့ Console Lid ပေါ်က Pattern လေးတွေနဲ့ ထူးထူးခြားခြား ဖြစ်အောင် ပေါင်းစပ်ပေးထား ပါသေးတယ်။ ဒါ့အပြင် “75 Years” ဆိုတဲ့ စာသား လိုဂို လေးကလည်း ကားရဲ့ရှေ့ လေကာမှန် အပေါ်ဘက်မှာ ထည့်ပေးထား သေးတာ ကြောင့် အတော်လေး သီးသန့် ဆန်နေသလိုကားရဲ့ Instrumental Cluster နဲ့ Infotainment Hub တွေရဲ့ Screen အဖွင့်တွေမှာလည်း ဒီ စာသားလေးကို မြင်နေရမှာပါ။ F-150 Heritage Edition ကတော့ XLT Grade အပေါ် အခြေခံ ထားတာကြောင့် ‌ဝယ်ယူ သူတွေအနေနဲ့ 3.3 Liter V 6 Engine ၊ Twin-Turbocharged 2.7 Liter V 6 ဒါမှမဟုတ် 5.0 Liter V 8 Engine တွေထဲက စိတ်ကြိုက် ရွေးချယ်နိုင်မှာ ပါ။ ဒါ့အပြင် ဝယ်ယူသူတွေအနေနဲ့ Rear-Wheel Drive နဲ့ Four-Wheel Drive တွေထဲကလည်း ရွေးနိုင် ဦးမှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု အထူးထုတ် ကားကိုတော့ လာမယ့် ဇူလိုင်လ အလယ်လောက် အရောက်မှာ စတင်မှာယူနိုင်မှာနဲ့ တစ်ပြိုင်နက် တည်းမှာတင် ချပြသွားတော့မှာဖြစ်ပြီး ထုတ်လုပ်တာတွေကတော့ အခုဆောင်းတွင်းလောက် မှာ စတင်လာ နိုင်ပါတယ်။ Ford ကတော့ လက်ရှိ အချိန်အထိ သူတို့ရဲ့ 2023 F-150 Lineup ရဲ့ ပြောင်းလဲ မှုတွေ အကုန်လုံးကို ချပြဖို့ အတွက် လိုအပ်နေဆဲ ဖြစ်ကာ လမ်းကြမ်းပိုင်း ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပါလာမယ်ဆိုတာကတော့ သေချာသိထားပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် F-150 Raptor R အသစ်ကိုလည်း V8 Engine နဲ့ ထွက်လာဖို့ ရှိနေသေးတာ ကြောင့် စောင့်ကြည့်ရဦးမှာပါ။

Ref: MotorAuthority