Ford Escape ကားမော်ဒယ်ကတော့ အမျိုးအစားအသစ်မှာ ရှေ့ခေါင်းပိုင်း ရုပ်ထွက် အပြောင်းအလဲ ကြီးကြီးမားမား ရှိလာမှာ ဖြစ်တဲ့ Facelift Version ကို ရလာတော့မှာပါ။ အခု ဆိုရင်တော့ အဆိုပါ ကားအတွက် နောက်ဆုံး အဆင့် စမ်းသပ် Prototype Version တွေကို ဘယ်လို Camouflage စတေကာတွေ ဖုံးအုပ်ထားတာတွေမှ မပါပဲနဲ့ အထိ မြင်တွေ့လာရပါပြီ။ လက်ရှိ Escape ကားကိုတော့တစ်ချို့ ဈေးကွက်တွေထဲမှာ Kuga လို့ လူသိများပြီး ၂၀၂၀ မော်ဒယ် အနေနဲ့ စတင် မိတ်ဆက်ခဲ့တာပါ။ ဒီဇိုင်းပိုင်း အရတော့ သာမန်လောက်ပဲ ရှိတဲ့ပုံနဲ့ စတင်လာခဲ့တာ ဖြစ်လို့ အဆိုပါ ကားထွက်ပြီး နောက်တစ်နှစ် အကြာမှာ မြင်လာရတဲ့ Ford Bronco Sport နဲ့ ယှဉ်ရင် အမေ့ခံ ကားတစ်မျိုးလို တောင် ဖြစ်ခဲ့ ရပါတယ်။ အခု ဆိုရင် အဆိုပါ Compact Crossover ကားလေးကို Mid-Cycle Update အနေနဲ့ အသစ် ဖြစ်လာ အောင် ပြုပြင်ပြောင်းလဲပေးဖို့ Ford တို့က စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

လက်ရှိ မြင်ရသလောက်ကတော့ ပုံစံ အသစ် မှာ ခပ်ဝိုင်းဝိုင်းလေးဖြစ်လာတဲ့ မျက်နှာစာပိုင်းက ယခင်ကထက်စာရင် ပိုပြီးအကြမ်းခံ Aggressive ဖြစ်တဲ့ သွားပေးထားပြီး ပိုပြီးလည်း ထုနဲ့ထည်နဲ့ ဆိုတဲ့ ခံစားချက်မျိုးကို သေချာပေါက် ပေးစွမ်းလာ နိုင်ပါတယ်။ ကားရဲ့ Headlights တွေကတော့ အသစ်တွေ လုံးဝဖြစ်သွားပြီး Grille ကလည်း ယခင်ကထက် ပိုမြင့်လာခဲ့ကာ Ford ရဲ့ Logo ကိုတော့ အလယ်တည့်တည့်မှာ ထည့်ပေးထားပါတယ်။ လက်ရှိ အမျိုးအစားမှာတော့ ကား Logo က စက်ဖုံး အစွန်းဘက်ကို ရောက်နေတာ ဖြစ်ပါတယ်။ ခြုံကြည့်ရမယ် ဆိုရင်တော့ ကားက Mustang Mach-E လို အသွင်မျိုး ဘက်ကို ပိုသွားထားတာ တွေ့ရနိုင်ပါတယ်။ အနောက်ဘက်ပိုင်း အပြောင်းအလဲတွေက သိပ်မရှိသေးလို့ ရိုးရိုးကြီးပဲ ဖြစ်နေသေးကာ Fascia အသစ်နဲ့ အိတ်ဇောပိုက်တွေ အတွက် ဒီဇိုင်းအသစ်တွေကိုတော့ သုံးပေးထားတာ ဖြစ်ပါတယ်။ အတွင်းခန်းထဲ ကြည့်ရသလောက်ကတော့ ပိုကြီးလာတဲ့ Infotainment Screen ကို မြင်နိုင်ပြီး Physical ခလုတ်တွေ ကလည်း Screen နဲ့ လိုက်ဖက်အောင် ယခင်ကလို အပေါ်ဘက်မှာ မဟုတ်တော့ပဲ Screen‌ အောက်ဘက် ထိ ပြောင်းပေးထားပါတယ်။

Photo Credit: MotorAuthority

အခု ကားအတွက် ဘယ်လိုမျိုး အင်ဂျင်အတွဲအဖက်တွေ သုံးထားလဲ ဆိုတာသေချာ မသိရသေးပေမယ့်လည်း လက်ရှိ Escape ကားကတော့ Turbocharged 1.5 Liter Inline-3 Engine ကို သုံးထားတာဖြစ်လို့ စွမ်းဆောင်ရည်က 181 hp အထိ ရှိနေပါတယ်။ ပိုကောင်းတဲ့ စွမ်းဆောင်ရည်အဖြစ် 250 hp လောက် လိုချင်တယ် ဆိုရင်တော့ Turbocharged 2.0 Liter Inline-4 Engine ကိုလည်း လက်ရှိကားမှာ ရွေးချယ်နိုင်ပြီး ဆီစားသက်သာဖို့ အတွက် 2.5 Liter Inline-4 Engine ကိုမှ Hybrid နဲ့ Plug-In Hybrid တို့ ဆိုပြီး ဝယ်ယူရရှိ နိုင်ပါသေးတယ်။ အဆိုပါ ၂ မျိုး ရဲ့ စွမ်းဆောင်ရည် တွေကတော့ 200 hp နဲ့ 221 hp တွေ အသီးသီး ရှိကြပါတယ်။ ဒါကြောင့် အခု အသစ်မြင်လာ ရတော့မယ့် 2023 Escape Model တွေမှာရော ဘယ်လို စွမ်းဆောင်ရည်တွေနဲ့ ဘယ်လောက်အထိ ပြောင်းလဲလာမလဲ ဆိုတာကို စောင့်ကြည့် ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

(18) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube