Ferrari ရဲ့ ပထမဆုံးသော SUV ကား Purosangue ဒီဇိုင်းကို ရိုးလွန်းသေးတယ်ထင်လို့ ထပ်ပြီး Aggressive  ဖြစ်ဖြစ် ဆန်းသစ်ချင် သေးတယ်ဆိုရင်တော့ အခုမိတ်ဆက်ပေးမယ့် ဂျာမန် Tuner DMC ရဲ့ Widebody Kit က ရွေးချယ် စရာ တစ်ရပ်ဖြစ်လာမှာပါ။ ပိုကောင်းတာကတော့ အခု Kit အသစ်နဲ့ အတူတူ ကားပုံစံ ပြောင်းသွားတယ်ဆိုတာ ကို ပိုသိသာစေမယ့် အနီရောင်အဖြစ် ထုတ်လုပ် ပေးထားတာပါပဲ။ အဆိုပါ ကာဗွန်ဖိုက်ဘာ Kit မှာတော့ ၃ စင်တီမီတာ လောက်ရှည်တဲ့ Fender Extension အပြင် ဘေးဘက် Side Skirts တွေကြောင့် ကားက ပိုကျယ်လာ‌သယောင် ထင်ရစေပါတယ်။ ဒါ့အပြင် Kit မှာပါဝင်တဲ့ အနောက်ဘက် Spoiler အတွဲကြောင့်လည်း ပိုကြည့်ကောင်းလာစေပြီး အနောက်ဘက် အမိုးနဲ့ Tailgate ထိပ်တို့မှာ တစ်ခုစီ တပ်ဆင်ထားတာပါ။ DMC အနေနဲ့ ကားရဲ့အရှေ့ဘက် Lip ၊ ကားစက်ဖုံးနဲ့ အနောက် ဘက် Diffuser တွေကိုလည်း ကာဗွန်ဖိုက်ဘာနဲ့ ရအောင် ဖန်တီး ပေးထားသေးကာ မူလကားပစ္စည်းတွေနဲ့ အတူတူကိုပဲ လိုချင်တယ် ဆိုရင်တောင် ပိုပေါ့ပါးတဲ့ ပစ္စည်းတွေအနေနဲ့ ရနိုင်ဦးမယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

အခု Tuning မှာ သုံးထားတဲ့ ပစ္စည်းတွေ အကုန်လုံးကတော့ OEM ရဲ့ စံနှုန်းတွေ ထက်ကိုတောင် ကျော်လွန် ကောင်းမွန်နေပြီး Matte Finish ဒါမှမဟုတ် High-Gloss Finish ဆိုတဲ့ ခပ်ပြောင်ပြောင် အသွင်တွေ ကိုလည်း ရနိုင်ဦးမယ်လို့ Tuner က ဆိုထားပါတယ်။ တကယ်တော့ Purosangue SUV ကားတွေက ၂၀၂၃ အထိ ဈေးကွက်ထဲ ရောက်လာဖို့ မဖြစ်နိုင်သေးတာကြောင့် ၀.၂ မီလီမီတာ လောက်ပဲ ကွာနိုင်မယ့် အတိုင်းအဆတွေနဲ့ ဖန်တီး ပေးထားတယ်လို့ သိရပါတယ်။ အခု Kit အသစ်မှာတော့ ဘီးတွေကလည်း ၂၄ လက်မအရွယ် DMC Velocita ဘီးတွေ ဖြစ်လာခဲ့ပြီး Y ပုံစံ Spoke ၇ ချောင်း အထိကိုလည်း ဘီးတွေမှာ သုံးပေးထားပါသေးတယ်။ DMC ကတော့ အခု ကားရဲ့ အိတ်ဇော စနစ်ကိုကအစ တိုက်တေနီယမ်သားတွေ သုံးပေးထားပြီး အသံမျိုးစုံ ပြောင်းပေးနိုင်မယ့် Valve- Control စနစ်လည်း ပါဝင်ပါသေးတယ်။

Photo Credit: motor 1.com

Ferrari အနေနဲ့ တကယ်တော့ အခုကားသစ်ကို Crossover လို့ အမည်မတပ်ချင်တာ ဖြစ်ပေမယ့် အခြားသော Lamborghini Urus နဲ့ Aston Martin DBX တို့လို တိတိကျကျ အမည်တပ်နိုင်ဖို့ရာ ခက်ခဲတဲ့ ကားပုံစံမျိုးလည်း ဖြစ်နေပြန်တာပါ။ ကားမှာတော့ 6.5 Liter Naturally Aspirated V12 အင်ဂျင်ကို သုံးထားပြီး 715 hp နဲ့ 528 lb-ft Torque အထိကို စွမ်းဆောင်ထားနိုင်တာ ဖြစ်ကာ တစ်နာရီ ၆၂ မိုင် မြန်နှုန်း ရဖို့ ဆိုရင်လည်း ၃.၃ စက္ကန့် အတွင်း အရှိန်တင်နိုင်ကာ အမြင့်ဆုံး အနေနဲ့တစ်နာရီကို ၁၉၃ မိုင်ကျော်အထိ မောင်းနှင်နိုင်တာ ဖြစ်ပါတယ်။ Ferrari အနေနဲ့ လက်ရှိမှာတော့ အဆိုပါ ကားသစ်မှာယူမှုတွေ လက်ခံ တာကို ခေတ္တရပ်နားထားလိုက်ပြီး ကုမ္ပဏီရဲ့ နှစ်စဉ် ထုတ်လုပ်မှု ၂၀% တောင် မရှိတဲ့ ကားမို့လို့ ဝယ်လိုအားထက်လည်း အများကြီး အကန့်အသတ် ရှိနေတဲ့ ကားတစ်စီး ပဲ ဖြစ်ပါတယ်။

Ref: motor 1.com