Dodge ရဲ့ ကားတွေအကြောင်း ပြောမယ် ဆိုရင်တော့ လာမယ့် ၂၀၂၃ ဒီဇင်ဘာ လောက်ကစကာ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းတော့မယ့် နာမည်ကျော် Muscle ကား ၂ မျိုး Dodge Charger နဲ့ Challenger တို့က ပိုအမှတ်ရစရာ ကောင်းနေမှာပါ။ ဒါကြောင့် ၂၀၂၃ အလွန်မှာ Dodge ကား Lineup တွေထဲ Hornet နဲ့ Durango တို့ ၂ စီးသာ ကျန်ရှိတော့မယ်လို့ ကနဦး ယူဆနိုင်ပေမယ့်လည်း Dodge CEO ဖြစ်သူ Tim Kuniskis ရဲ့ ပြောကြားချက်အရ ဆိုရင်တော့ လာမယ့်နှစ်မှာ Muscle ကားတွေအစား ကားသစ်တွေ ဝင်လာလိမ့်ဦးမယ် လို့သိရပါတယ်။

Photo Credit: motor 1.com

Kuniskis ကတော့ Dodge ရဲ့ ရေရှည်စီမံကိန်းတွေ အကြောင်းကို လာမယ့်နှစ်မှာတင် ချပြသွားဖို့ ရှိတယ်လို့ ဆိုလာခဲ့ပြီးအဆိုပါ အစီအစဉ်တွေကို တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ သိလာရတော့မယ်ဆိုတဲ့ သဘော မျိုးဆိုသွား ခဲ့တာဖြစ်ပါတယ်။ အဓိက အားဖြင့် ထိပ်တန်းလျှို့ဝှက်ချက်တွေ အနေနဲ့ ထိန်းသိမ်းထားချင်ရင် တောင် သတင်းတွေတော့ ပေါက်ကြားလာဦးမှာပဲလို့တောင် သတင်းထောက်တွေဆီ ဆိုခဲ့တာကြောင့် ဖြစ်နိုင် ချေကတော့ အတော်လေး များနေခဲ့ပါပြီ။

Photo Credit: motor 1.com

ဒါပေမယ့် အဆိုပါ ၂၀၂၃ မှာ အစားထိုး အနေနဲ့ ဘယ်လို Dodge ကားတွေ ထုတ်လုပ်လာမှာလဲဆိုတာ ကတော့ ဝေခွဲမရဖြစ်နေဆဲပါ။ မျိုးဆက်သစ် အနေနဲ့ Full-Size Durango ကားသစ်ကို မိတ်ဆက်လာ နိုင်တယ် လို့ ယူဆရနိုင်ပေမယ့်လည်း STLA Architecture အကြီးပေါ်မှာ ဖြစ်လာနိုင်တဲ့ Hurricane I6 အင်ဂျင်သုံး Muscle ကားတွေလည်း ထွက်လာ နိုင်ပါသေးတယ်။ အဆိုပါ အနာဂတ် ကားတွေထဲကမှ ဖြစ်နိုင် ဖွယ်ရှိ တဲ့ လျှပ်စစ် Muscle ကားတစ်မျိုး Charger Daytona SRT Concept ကိုမကြာသေးမီ ကမှ မိတ်ဆက် ပေးလိုက်ပြီဖြစ်ပြီး လာမယ့် ၂၀၂၄ မှာ စတင်မြင်လာ ရနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ ကားပေါ် မူတည်ပြီး တော့လည်း eMuscle ဆိုတဲ့ လျှပ်စစ် ကားမျိုးကွဲ အများအပြား ရှိလာနိုင် သေးတာကြောင့် ခန့်မှန်းစရာကတော့ အစုံအလင်ပဲ ဖြစ်ပါတယ်။

Ref: motor 1.com