Dodge Challenger နဲ့ Charger တို့ရဲ့ Special Edition Models ဖြစ်တဲ့ 2023 Dodge Charger Super Bee ကားကတော့ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ကားကတော့ Dodge က ထုတ်ဖော်ပြသလာမယ့် ၇ မျိုးမြောက် သော မော်ဒယ်တွေ အနက်က ဒုတိယမြောက်မော်ဒယ် အထူးထုတ်ကားတစ်စီးလည်း ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

Dodge Charger တံဆိပ်ကပ်နှိပ်ထားတဲ့ Super Bee ကားကိုနောက်ဆုံးတွေ့မြင်ခဲ့ရတာက ၂၀၁၄ ခုနှစ်မှာပဲဖြစ်ပြီး 2023 Dodge Charger Super Bee ကတော့ ထွက်ရှိခဲ့တဲ့ Super Bee ကားတွေအနက် စွမ်းဆောင်ရည်အကောင်းဆုံး ကားတစ်စီး ဖြစ်တယ်လို့ Dodge ကဆိုထားပါတယ်။ အဆိုပါကားမှာတော့ 6.4 Liter Hemi V8 Engine ကိုတပ်ဆင်ထားကာ 485 hp အထိစွမ်းဆောင်နိုင်မှာဖြစ်ပြီး Rear-Wheels Drive စနစ်ကိုမှ Eight-Speed Automatic Transmission စနစ်နဲ့ တွဲဖက်ပေးထားမှာပါ။ Drag Mode နဲ့ဆိုရင် မျဉ်းဖြောင့်အတိုင်း မောင်းနှင်မှုမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်မယ့် Adaptive Suspension စနစ်ကိုလည်း တပ်ဆင်ပေးထားပါသေးတယ်။ ကားရဲ့ SRT Hood မှာတော့ Heat Extractors ၂ ခုနဲ့ Hood Pins တွေပါဝင်တဲ့ Scoop တစ်ခု ပါဝင်မှာဖြစ်ပြီး အနောက်ဖက်မှာတော့ အနက်ရောင် SRT အိတ်ဇောပိုက်တွေ တပ်ဆင်ပေးထားပါတယ်။

Photo Credit: AllAutoExperts

ကားရဲ့ အရှေ့ဖက် Grille နဲ့ Fenders တွေပေါ်မှာတော့ Bee တံဆိပ်တွေကိုတပ်ဆင်ပေးထားသလို အတွင်းပိုင်းက Seat Backs နဲ့ Instrument Panel မှာလည်း တံဆိပ်တွေပါဝင်လာပါသေးတယ်။ Dodge ကတော့ Super Bees ကားကို အစီးရေ ၁၀၀၀ သာ ထုတ်လုပ်လာမှာဖြစ်ပြီး အစီးရေ ၅၀၀ က B5 Blue အရောင်နဲ့ Scat Pack Model ဖြစ်ကာ အခြားသော အစီး ၅၀၀ က Plum Crazy အရောင်ခြယ်သထားမယ့် Scat Pack Widebody နဲ့ ထုတ်လုပ်မှာပဲ ဖြစ်ပါတယ်။ အခုချိန်ကစပြီး Dodge ကတော့ Last Call Charger ဒါမှမဟုတ် Challenger လို့ခေါ်တဲ့ ကားသစ်တွေကို အဓိက မော်ဒယ် ၆ မျိုးကုန်တဲ့အထိအပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်း ထုတ်ဖော်ပြသသွားမှာဖြစ်ပြီး နောက်ဆုံး ၇ မျိုးမြောက် မော်ဒယ်ကိုတော့ 2022 SEMA Show မှာ ထုတ်ဖော်ပြသလာမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts