Chrysler ကတော့ သူတို့ရဲ့ သမိုင်းကြောင်း တစ်လျှောက် HEMI စွမ်းအင် သုံးထားတဲ့ ကားအဖြစ် 2023 300C Sedan ကားကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ တုန်းက မိတ်ဆက်ခဲ့ဖူးပါတယ်။ 6.4 Liter V8 အင်ဂျင်နဲ့ အဆိုပါ ကားကိုတော့ အစီးရေ ၂,၀၀၀ ပဲ ထုတ်လုပ်တာဖြစ်ပြီး ၁၂ နာရီ အတွင်းမှာတင်ပဲ အမှာစာတွေအကုန် လက်ခံရရှိခဲ့တာပါ။ အခုဆိုရင် တော့ အဆိုပါ ကားတုန်းက မဝယ်ခဲ့ရတဲ့ သူတွေအတွက် Chrysler ရဲ့ V8 အင်ဂျင် ကားသစ်ကို နောက်တစ်ကျော့ ပြန်ရလာ နိုင်ပါပြီ။ သတင်းတွေအရတော့ အဆိုပါ ကားတုန်းကထက် ဈေးပိုသက်သာတဲ့ 300S Version ကို 2023 Model အသစ် အဖြစ် ထုတ်ပေးလာ လိမ့်မယ်လို့ သိရပါတယ်။ အဆိုပါ ကားမှာတော့ 5.7 Liter V8 အင်ဂျင်ကို Eight- Speed Automatic ဂီယာနဲ့ တွဲဖက်ပေးလာနိုင်ပြီး Rear-Wheel Drive စနစ်လည်း ပါလာနိုင်ပါတယ်။ အင်ဂျင် ပိုင်းအရ စွမ်းဆောင်ရည် အနည်းငယ် လျော့သွားနိုင်တာ ဖြစ်ပေမယ့် ခေတ်မှီအဆင့်မြင့် လုပ်ဆောင်ချက် အတော် များများကိုတော့ မြင်လာရဦးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Heated နဲ့ Ventilated စနစ်တွေ သုံးထားမယ့် အရှေ့ဘက် ထိုင်ခုံတွေ ၊ Heated စတီယာတိုင်နဲ့ အဆင့်မြင့် Driving Assist စနစ်တွေ စသဖြင့် အစုံပါလာ နိုင်ပါသေးတယ်။

Photo Credit: motor 1.com

300C တုန်းကနဲ့တူတဲ့ တစ်ချက်ကတော့ အခု 300S ကလည်း အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်လုပ်ပေးမယ် ဆိုတဲ့ အချက်ပါပဲ။ သတင်းတစ်ချို့ အရတော့ 300 C တုန်းကထက်တောင် ပိုရှားနိုင်ပြီး အဆို ပါ ကားသစ်ကို အစီးရေ ၁,၄၅၀ ပဲ ထုတ်ပေးနိုင်မယ်လို့ သိလာရပါတယ်။ ဒါပေမယ့် နောက်တစ်ခု ထူးခြားတာကတော့ Chrysler အနေနဲ့ အဆိုပါ 300 S ကားကိုမှ 3.6 Liter V6 Pentastar အင်ဂျင် တပ်ဆင် ထားမယ့် ကားကိုလည်း ရောင်းချဖို့ ရှိနေတာပါပဲ။ အဆိုပါ ကားကတော့ 300 hp နဲ့ 264 lb-ft Torque လောက်အထိ စွမ်းဆောင်လာနိုင်ပြီး သာမန် 300 S နဲ့ 300 C တို့ ထက်တော့ ပိုပြီးနှေးလာ နိုင်ပေမယ့် လည်း ပိုလည်း ဈေးသက်သာလာမှာပါ။ ပုံမှန်အားဖြင့်တော့ 300 S နဲ့ 300 C တို့ဟာ တစ်နာရီ မိုင် ၆၀ မြန်နှုန်းအတွက်ကို ၅.၃ စက္ကန့်နဲ့ ၄.၃ စက္ကန့်ပဲ အသီးသီး အချိန်ယူတာဖြစ်ပြီး အခုမတူညီတဲ့ အင်ဂျင်နဲ့ 300S မျိုးကွဲကတော့ ၇.၁ စက္ကန့် လောက်အထိ အချိန်ယူရနိုင်တာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဈေးနှုန်းတွေ အနေနဲ့ကတော့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဆိုရင် 300 S ကိုမှ V8 အင်ဂျင်နဲ့ကားဟာ $ 50,975 အထိ ကျသင့်နိုင်ပြီး ဈေးပိုသက်သာမယ့် Version ကတော့ $ 43,750 ဈေးရှိလာနိုင်မယ်လို့ သိရပါတယ်။ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ ယခင် ရောင်းကုန်သွားပြီဖြစ်တဲ့ 300 C မော်ဒယ် အမြင့်တုန်းက‌ဆိုရင် $ 56,595 အထိ ကို ကျသင့်ခဲ့တာဖြစ်ပြီး လက်ရှိအထိတော့ ဈေးအများဆုံးပါပဲ။ တစ်ဖက်မှာ လည်း ထုတ်လုပ်မှု အပိုင်းမှာတော့ 300 S V6 အင်ဂျင်နဲ့ ကားကို အစီးရေ ၈၅၀ ထဲပဲ ထုတ်လုပ်ပေးသွားမယ်လို့ သိထားရပြန်ပါတယ်။ ကံကောင်းတာတစ်ခု ကတော့ အဆိုပါ 2023 300S ကားကိုမှ V6 အင်ဂျင် ရော၊ V8 အင်ဂျင် ကားတွေပါ ဝယ်ယူဖို့ အမှာစာတွေ မဖွင့် ရသေးတာကြောင့် ဝယ်ယူနိုင်ဖို့ အခွင့်အရေး ရှိဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com