Full Size SUV ကားတွေဖြစ်ကြတဲ့ 2023 Chevrolet Tahoe နဲ့ Suburban ကားတွေဟာဆိုရင် General Motors ရဲ့ နောက်ဆုံးပေါ် Super Cruise စနစ်နဲ့ အတူ လက်လွှတ်ပြီးပါ စိတ်ချလက်ချ မောင်းလို့ရမယ့် Driver Assist စနစ်ကို ရရှိလာခဲ့ပါပြီ။ Chevrolet ကတော့ အခုစနစ်ကို အဆိုပါ ကားနှစ်စီးမှာသုံးလို့ ရနိုင် ပြီဆိုတာကို ပြီးခဲ့တဲ့ သောကြာနေ့ ကပဲ တရားဝင်အတည်ပြုခဲ့တာဖြစ်ပြီး ‌ဒီစနစ်တွေတင်မကပဲ နောက်ထပ် ရွေးချယ်စရာ ကားအရောင်အသစ်တွေနဲ့ Grille ရွေးစရာအသစ်ကိုလည်း ထည့်ပေးထား ပါသေးတယ်။ ဒါပေမယ့် ဒီ Update ကတော့ 2023 Tahoe နဲ့ Suburban တို့အတွက် သီးသန့်သာ ဖြစ်ပြီး အနောက်ဘက် Grille မှာဆိုရင်လည်း CHEVROLET ဆိုတဲ့စာတန်းလေးကို လှလှပပထည့်ပေးထားသေးတာပါ။ ဒါ့အပြင် အဆိုပါ ဒီဇိုင်းကို LS ၊ LT ၊ RST နဲ့ အခြားသော Premier Model တွေမှာပါ ရရှိနိုင်မယ်လို့ သိရပါတယ်။

                                                                 Photo Credit: MotorAuthority

အခု Super Cruise စနစ်ကိုတော့ Cadillac Escalade SUV နဲ့ Chevy Silverado 1500 ၊ GMC Sierra 1500 Pickup Truck တို့မှာလည်း ရရှိထားပြီးဖြစ်ကာ အရှိန်နှုန်း ၊ ဘရိတ်နဲ့ စတီယာတိုင် တွေကိုကအစ တစ်ချို့သော ကြိုတင် သတ်မှတ် ပေးထားတဲ့ မြေပုံတွေမှာ ကောင်းကောင်း ထိန်းချုပ်မောင်းနှင်နိုင်တာပဲ ဖြစ်ပါတယ်။ ယာဉ်မောင်းကိုပါ ပြန်လည် ထောက်လှမ်းထိန်းချုပ်တဲ့ စနစ် ထည့်ပေးထားတာကြောင့် ယာဉ်မောင်းရဲ့ မျက်လုံးအသွားအလာကို ကြည့်ပြီး လမ်းပေါ်မှာပဲ အာရုံ ထားစေနိုင်ဖို့ ကူညီပေးနိုင် ဦးမှာပါ။ ပြီးခဲ့တဲ့ မတ်လ တုန်းကတော့ GM ကနေ အခု စနစ် ကို ၂၀၂၃ မော်ဒယ်စုစုပေါင်း ၂၂ မျိုး လောက်မှာ စတင် ရလာ နိုင်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခု ဆိုရင်လည်း စနစ်ကိုပါ အဆင့်မြှင့် ပေးထားတာတွေ ရှိလာတာကြောင့် အလိုအလျောက် လမ်းကြောင်းပြောင်း မောင်းပေးတာတွေ ၊ Pickup နဲ့ SUV ကားတွေ မှာ ဆိုရင် နောက်တွဲယာဉ်အတွက် ချိတ်ဆက်မှုတွေ အလိုလို လုပ်ပေးတာတွေအထိ တိုးတက်လာပြီ ဖြစ်ပါ တယ်။ ၂၀၂၁ မော်ဒယ် ကားပိုင်ရှင်တွေ ကလည်း အခု Software အသစ် ကို OTA Update တွေ ကနေ တစ်ဆင့် ရရှိနိုင်မှာ ဖြစ်ပေမယ့် GM ရဲ့ နောက်ဆုံးပေါ် Electrical Architecture ပေါ်မှာသာရနိုင် မယ့် စနစ် တစ်ချို့ကိုတော့ ရနိုင်ဖို့ မရှိတော့ပါဘူး။

                                                                   Photo Credit: MotorAuthority

ဒါ့အပြင် လာမယ့် ၂၀၂၃ ခုနှစ် ထဲမှာတော့ အခုထက် ပိုအဆင့်မြင့်တဲ့ Ultra Cruise စနစ်ကိုလည်း ချပြဦး မှာပါ။ Super Cruise စနစ်မှာတော့ အမေရိကနဲ့ ကနေဒါ ဒေသတွေရဲ့ မိုင်ပေါင်း ၂၀၀,၀၀၀ ဝန်းကျင် လောက်မှာ အခုလို အဆင့်မြင့် စနစ်တွေ ကောင်းကောင်း လုပ်ဆောင်နိုင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အသစ်ပေါ်လာဦးမယ့် Ultra Cruise စနစ် ကတော့ Door To Door ဆိုတဲ့ စနစ်အတိုင်းပဲ အမေရိက ၊ ကနေဒါတို့ရဲ့ ဒေသအတော်များများ လမ်းတိုင်းမှာ မောင်းသူမဲ့ စနစ်လိုမျိုးကို သုံးလို့ရလာနိုင်တော့မှာပါ။ ဒါတင်မကသေးပဲ ယာဉ်မောင်းနှင်ခြင်းရဲ့ ၉၅ % သော အခြေအနေတွေမှာလည်းလက်လွှတ်ပြီးကို မောင်းလို့ ရပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လုံးဝမောင်းသူမဲ့ စနစ်ကြီး မဟုတ် သေးတာကြောင့်တော့ လက်ရှိ Super Cruise စနစ်လိုပဲ ယာဉ်မောင်းရဲ့ ထိန်းချုပ်မှု အတွင်းမှာတော့ ရှိနေဦးမှာပါ။ Tahoe နဲ့ Suburban တို့က အခုလို Super Cruise အသစ်ကို ရလာတဲ့ အချိန်မှာ Ford ကလည်း သူတို့ရဲ့ Full-Size SUV တွေနဲ့ Pickup Truck တွေအတွက် BlueCruise ဆိုတဲ့ ကိုယ်ပိုင် စနစ်တစ်ခုကို ဖန်တီးနေကာ F-150 နဲ့ Expedition ကားတွေလည်း ပါဝင်ပါတယ်။ ဒါတင်မကသေးပဲ 2022 Lincoln Navigator ကားဆိုရင် လည်း Activeglide ဆိုပြီး နာမည်အသစ် ပြန်ခွဲထုတ်ထားတဲ့ BlueCruise နဲ့အလားတူ စနစ်အသစ်ကို ရရှိလာနိုင် ခဲ့ပြီပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

https://www.youtube.com/watch?v=AUSD3ktCh