2023 Chevrolet Silverado Pickup Truck ရဲ့ ကား အ‌ရောင်းပြခန်းတွေမှာ လုံးဝမရ နိုင်မယ့် Version တစ်မျိုး အသစ် ထွက်ပေါ်လာ ပါတယ်။ ဒါပေမယ့်လည်း သင်ကကားကို စည်းကမ်းတကျ မမောင်းပဲ သတ် မှတ် အရှိန်နှုန်း ကျော်‌မောင်းတာတို့ ဘာတို့ လုပ်မယ်ဆိုရင်တော့ အခု Silverado Version အသစ်ကို သင့်ကားရဲ့ ဘက်မှန်ထဲမှာ တော့ မြင်တွေ့ခွင့် ရသွားနိုင်ပါတယ်။ အကြောင်းကတော့ အခု ကားအသစ်က လမ်းပေါ်က ဘယ်လို ရာဇဝတ်မှုမျိုးကို မဆို ကောင်းကောင်း ကိုင်တွယ်နိုင်ဖို့အတွက် သီးသန့် ဒီဇိုင်းထုတ် ပေးထားတဲ့ 2023 Silverado Police Pursuit Vehicle ရဲကား အသစ်တစ်စီး ဖြစ်လို့ပါပဲ။ အခု ကားက တော့ တန်ဝက် Silverado Crew Cab ကို အခြေခံထားတာ ဖြစ်ပြီး Z 71 Off- Road Package နဲ့ အတူ Standard အနေနဲ့ Short Bed တစ်ခုလည်း ပါဝင်ပါသေးတယ်။ ကား ရဲ့ အင်ဂျင် ပိုင်းကတော့ 5.3 Liter V 8 ဖြစ်တာကြောင့် စွမ်းဆောင်ရည်ကလည်း 355 hp အထိ ရှိပါတယ်။ ဒါပေမယ့် အခု ရဲကား အတွက်တော့ Heavy-Duty Engine Air Filter ပါ ထပ်ထည့်ပေးထားသေးလို့ အပြစ်ပြောစရာရှိမနေပါဘူး။ အခြားသော အဆင့်မြှင့်တင်မှုတွေ အဖြစ် လက်မ ၂၀ အရွယ်ဘီးတွေနဲ့ Six-Piston Brembo Brake တွေကို ၁၆ လက်မ Rotor တွေ နဲ့ အတူအရှေ့ဘက်မှာ ထည့်သွင်းတပ်ဆင် ထားပါတယ်။ ဒါ့အပြင် မြန်နှုန်းမြင့်မောင်းနိုင်တဲ့ All-Terrain တာယာတွေ ကိုလည်း အသုံးပြုထားပြီး ထပ်မံရွေးချယ်လို့ ရဦးမယ့် ၂ လက်မ အရွယ် Suspension Lift ကြောင့်လည်း လမ်းကြမ်းတွေမှာ ကောင်းကောင်း အသုံးခံနိုင်ဦးမှာပါ။

Photo Credit: motor 1.com

ရဲကား တစ်စီးဖြစ်တာကြောင့် ကားအပြင်ပိုင်းထက်စာရင်သီးသန့် ပြင်ဆင်မှု အတော်များများကို အတွင်းခန်း မှာ ပိုတွေ့နိုင်ပြီး ထိုင်ခုံတွေ ရဲ့ အောက်မှာ ဗီနိုင်းကြမ်းခင်း ၊ ဂီယာကိုလည်း 10-Speed Automatic စနစ် တို့ နဲ့ ထည့်သွင်း ပေးထား ပါတယ်။ အတွင်းခန်းမှာ ပိုပြီးနေရာအကျယ် လိုချင်တယ်ဆိုရင်တော့ အရှေ့ဘက် က ထိုင်ခုံတွေကိုတော့ လျှော့ချမှာယူနိုင်မှာ ဖြစ်ပြီး အနောက်ဘက်က Bed ကလည်း သုံးဆင့်လောက် ခေါက်လို့ရပြီး အကြမ်းခံ ရာသီဥတုဒဏ် ခံနိုင်အောင် စီစဥ်ထားပါတယ်။ နောက်ပိုင်းမှာတော့ ရဲဌာန အများစု က အခုလို အထူးထုတ်ဓာတ်ဆီ ကားတွေ အတွက် Upfitters တွေကို သုံးဖို့ လုပ်လာကြတာကြောင့် အခု ကားမှာလည်း တစ်ခါတည်း တပ်ဆင်ပြီး Plug- And-Play သုံးနိုင်တဲ့ 220 amp Alternator ကို Standard အနေနဲ့ ထည့်သွင်း ပေးထား ပါတော့တယ်။ ဒါ့အပြင် ကား အတွင်း မီးအား အတွက်လည်း 30 amp နဲ့ 20 amp Circuit တွေအကြား လှည့်သုံးနိုင်အောင် တကူးကတ စီစဥ် ပေးထားပါသေးတယ်။

Photo Credit: motor 1.com

တကယ်ကတော့ ရဲကားတွေဆိုတာ Chevrolet အဖို့ မစိမ်းတော့ပဲ ဟိုးယခင်ကတည်းက  Caprice နဲ့ Impala တို့က ရဲကားကောင်းတွေ အဖြစ် နာမည်ရခဲ့ကာ Tahoe ဆိုရင်လည်း PPV ရဲကားတစ်စီး အနေနဲ့ ရနေတုန်းပါပဲ။ အဆိုပါ SUV ကားကတော့ ၁၉၉၇ ခုနှစ် ကတည်းက ရဲကားတစ်စီး အဖြစ်နဲ့ စတင်ခဲ့တာ ဖြစ်ကာ ယခင် B-Body Caprice ဆက်မထုတ်တော့ကတည်းက ဖြစ်ပါတယ်။ GM ရဲ့ အမေရိက စျေးကွက် Vice President ဖြစ်သူ Ed Peper ကတော့ သူတို့ရဲ့  Customers တွေ လိုအပ်ချက်တွေကို စဥ်ဆက်မ ပြတ် ဖြည့်ဆည်းပေးနိုင်ဖို့ လေ့လာ ကြိုးစားနေတာ ဖြစ်ပြီး Chevrolet ရဲ့ နှစ်ပေါင်း ၁၀၀ လောက် အောင် မြင်မှုတွေထဲမှာ လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက Tahoe ရဲကားတွေကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်ခဲ့ပြီး အခု လည်း Silverado PPV ကားက ရဲကားတစ်စီး အဖြစ် အသင့် ရှိကြောင်းကို ပြသနိုင်ဦးမှာ ဖြစ်တယ်လို့ ဆိုထား ခဲ့ပါတယ်။

Ref: motor 1.com