Chevrolet ရဲ့ Compact Crossover ကားကောင်း တစ်စီး ဖြစ်တဲ့ 2023 Chevrolet Equinox ကားကို တော့ အသစ် မထွက်လာခင် ကတည်းက အများကြီး မျှော်လင့်ထားခဲ့ကြပြီး All-New Electric Version လျှပ်စစ် ကားအသစ် ကလည်း စိတ်ဝင်စားစရာပါ။ ဒါပေမယ့် အဆိုပါ လျှပ်စစ်သီးသန့် ကားကတော့ ၂၀၂၃ အမှီ မရောက်လာနိုင်သေး ပေမယ့် ဒီကား မတိုင်ခင် လတ်တလော အသစ်ရောက်လာတဲ့ ဂတ်စ် အင်ဂျင် ကားကိုပဲ ပိုပြီး အာရုံစိုက်လာကြမှာ ဖြစ်ပါတယ်။ 2023 Model ကထက်တော့ ပိုပြီး ဈေးတက်လာတယ် ဆိုပေမယ့် ယခင်က ရွေးလို့ရခဲ့တဲ့ 2.0 Liter Engine မပါလာတော့သလို Sports ပိုဆန်တဲ့ Special Edition တစ်ချို့ကိုလည်းမမြင် လာရတော့ ပါဘူး။ အသေးစိတ် တရားဝင် အချက်အလက် တစ်ချို့ကို မသိ ရသေးပေမယ့်လည်း 2023 Equinox ကားသစ်မှာတော့ LSD Engine အသစ် ပါဝင်လာနိုင်ပြီး ယခင် 1.5 Liter Turbocharger အင်ဂျင်အစား ဝင်လာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည် ပိုင်းကလည်း 175 hp အထိ ရှိလာပြီး ယခင်ကထက် 5 hp အထိ တိုးလာခဲ့တာ ဖြစ်ကာ Torque အပိုင်းကတော့ 203 lb-ft Torque အတိုင်းပဲ ရှိပါသေးတယ်။ ဒါပေမယ့် အဆိုပါပမာဏ ကတော့ ယခင်က 2.0 Liter အင်ဂျင် ရဲ့ 252 hp နဲ့ 260 lb-ft Torque ထက်စာရင်တော့ လျော့နည်း နေပါသေးတယ်။

Photo Credit: CARBUZZ

2022 Equinox ကား တုန်းကတော့ ‌ရွေးချယ်စရာ အင်ဂျင်တစ်မျိုး ဖြုတ်ချလိုက်တာ တင်မကပဲ ယခင် နာမည် ရထားတဲ့ Midnight Edition နဲ့ Sport Edition တို့ကိုပါ မရလာတော့တာပဲ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ မော်ဒယ် အနေနဲ့ ကတော့ အဆိုပါ Package ၂ မျိုး လုံး ပြန်ပါလာတော့မယ်လို့ သိရပြီး အဆိုပါ Package တွေ မှာ တော့ ပုံပန်း သွင်ပြင် အရပဲ ထူးခြားဆန်းသစ်လာမှာ ဖြစ်ကာ စွမ်းဆောင်ရည် ပိုင်းတော့ အတူတူပဲလို့ သိရပါတယ်။ တကယ်တော့ အသစ် ထွက်လာဦးမယ့် 2023 Version တွေက ယခင် 2021 တုန်းကလို ပုံစံမျိုး ပြန်သွားမှာလား ဆိုတာ မသေချာ သေးပေမယ့် အနက်ရောင်ဘီးတွေ ၊ အနက်ရောင် အပြင်ဘက် Trim တွေ ၊ အနက်ရောင် တံဆိပ်တွေနဲ့ အနက်ရောင် အတွင်းခန်း အပြင်အဆင်တွေကိုပါ မြင်လာရဖို့ ရှိပါတယ်။

Photo Credit: CARBUZZ

အဆိုပါ 2023 Equinox ကားသစ် တွေကိုတော့ မကြာခင် ထွက်ပေါ်လာတော့မှာ ဖြစ်ပြီး တရားဝင် ဈေး နှုန်းတွေနဲ့ အခြားသော အချက်အလက် တွေကို လာမယ့် ရက်သတ္တပတ် အတွင်း အမှန်တကယ် သိလာရနိုင် လောက်ပါတယ်။ ဒါ့အပြင် လာမယ့်နှစ်မှာလည်း အဆိုပါ ကားရဲ့ လျှပ်စစ်သီးသန့် မျိုးကွဲကို ရလာနိုင်‌တော့ မှာ ဖြစ်လို့ 2023 ကတော့ ဂတ်စ် စွမ်းအင်နဲ့ Equinox အမျိုးအစား အတွက် နောက်‌ဆုံးနှစ် တစ်နှစ်တောင် ဖြစ်လာနိုင်နေပါပြီ။ Chevrolet ကတော့ အသစ် ထွက်လာမယ့် လျှပ်စစ်ကား အသစ်အတွက်လည်း အချက် အလက် အနည်းငယ်လောက်ကိုပဲ ချပြထားပြီး ‌အတော်လေး သက်သာလာနိုင်မယ့် အခြေခံကား ဈေးနဲ့တင် လျှပ်စစ်ကားတွေထဲနေရာ တစ်နေရာ ကောင်းကောင်း ရလာနိုင်ပါတယ်။

Ref: carbuzz.com