Volkswagen ကတော့ နောက်လထဲ Las Vegas မှာကျင်းပမယ့် 2023 Consumer Electronics Show ပွဲကြီးထဲမှာ သူတို့ရဲ့ ID အမျိုးအစား လျှပ်စစ်ကား တွေထဲက နောက်ဆုံးပေါ် ကားသစ်တစ်မျိုးကို ချပြလာမယ်လို့ သိရပါတယ်။ အဆိုပါ ပွဲကြီးကတော့ လာမယ့် ဇန်နဝါရီလ ၅ ရက် ကနေ ၈ ရက် အထိ Las Vegas Convention Center မှာ ကျင်းပမှာဖြစ်ပြီး ကားသစ်ကိုတော့ ဇန်နဝါရီ ၃ ရက်ကတည်းက စတင်ချပြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲမှာ ပြသမယ့် ကား သစ်ကတော့ စတေကာတွေ အုပ်ထားဦးမယ့် Camouflaged Version ပဲ ဖြစ်ပြီးနာမည် အသစ်ကိုတော့ တစ်ပါတည်း အတည်ပြု ပေးပါလိမ့်မယ်။ အရွယ်အစား အလယ်အလတ် လောက်ရှိမယ့် Sedan ကားတစ်စီး ဖြစ်နိုင်ပြီး ပြီးခဲ့တဲ့ ဇွန်လ လောက်ကမှ Concept မြင်ခဲ့ရဖူးတဲ့ ID.Aero လို ဖြစ်လာနိုင်ပါတယ်။ Prototype တွေအရတော့ ကားရဲ့ နာမည်ကလည်း ID.6 ဒါမှမဟုတ် ID.7 စသဖြင့် ဖြစ်လာဖို့ များပါတယ်။ အဆိုပါ ကားသစ်ကိုတော့ လာမယ့် ၂၀၂၃ နှစ်ဝက် လောက်မှာ တရုတ်ဈေးကွက်ထဲကနေ စတင်ပွဲထွက်လာ နိုင်ပြီး နောက်ပိုင်းမှာတော့ မြောက်အမေရိကနဲ့ ဥရောပ ဈေးကွက်တွေကို ရောက်လာမှာပါ။ တရုတ် ပြင်ပရဲ့ ဈေးကွက် တွေ အတွက် ဆိုရင်တော့ ဂျာမနီ နိုင်ငံ အခြေစိုက် ၊ Emden မှာရှိတဲ့ Volkswagen ရဲ့ စက်ရုံကနေ ကားသစ်တွေ ကို ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ကားကိုတော့ VW Group ရဲ့ MEB Platform ပေါ်မှာပဲ အခြေခံဖန်တီးထားမှာဖြစ်ပြီး ပုံမှန်အတိုင်း ဆိုရင်တော့ အရှည် ၁၆.၄ ပေ လောက် အထိ ရှိလာ နိုင်ပါ တယ်။ အဓိကကတော့ အခု ၂၀၂၂ ကုန်ရင် အမေရိက ဈေးကွက်ထဲ မှာ ဆက်မရနိုင်တော့မယ့် Passat Sedan နေရာ အစားထိုး ဝင်ရောက်လိုတာ ဖြစ်ပြီး Passat ကိုတော့ Redesigned Version နဲ့ အတူ အခြားသော ကမ္ဘာ့ဈေးကွက်တွေဆီ ဆက်လက်ပို့ဆောင်မှာဖြစ်ကာ Sedan တော့ မဟုတ်တော့ပဲ Wagon ကား အနေနဲ့ ပဲသီးသန့် ဖြစ်လာတော့မှာပါ။ VW ကတော့ နောက်ပိုင်းမှာလည်း ID လျှပ်စစ်ကားသစ်တွေ ကို ဆက်တိုက် ထုတ်လာဖို့ ရှိနေပြီး လာမယ့်နှစ်မှာ ID.Buzz Minivan  အပြင် Atlas ကား အရွယ်လောက် ရှိမယ့် ထိုင်ခုံ ၃ တန်းပါ SUV တို့ကိုလည်း မြင်ရနိုင်ပါတယ်။ အခုချပြတော့မယ့် ID အသစ်ရဲ့ Sedan Version အပြင် နောက်ထပ် Wagon ပုံစံမျိုးကိုလည်း Tiguan ကား အရွယ်လောက်နဲ့ ချပြလာ နိုင်ပါသေးတယ်။ တစ်ဖက်မှာလည်း ID.3 Compact Hatch ကားရဲ့ Update ပုံစံအသစ် ၊ ID.2 Subcompact Crossover နဲ့ အတူ နောက်ထပ် Project Trinity လို့ အမည်ပေးထားတဲ့ နည်းပညာပိုင်းဆိုင်ရာ Flagship ကားတွေကိုလည်း ဆက်တိုက်ဖန်တီး ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority