2023 Cadillac Lyriq လျှပ်စစ် ကားသစ်ရဲ့ ဈေးနှုန်းကို သိရပြီဖြစ်ပြီး $ 62,990 က စတင်မှာဖြစ်ကာ EPA စံနှုန်း အရတော့ ၃၁၂ မိုင် Range အထိ ရှိမှာဖြစ်ပါတယ်။ အဆိုပါ အချက်အလက် တွေကတော့ အခု မေလ ၁၉ ရက်နေ့က စလို့ ကြိုတင်မှာယူလို့ ရတော့မယ့် Rear-Wheel Drive Version ကား အတွက်ပဲ ရှိပါသေးတယ်။ အဆိုပါ ကားတွေကို တော့ လာမယ့် ဆောင်းတွင်းလောက်မှာ စတင်ပို့ဆောင် ပေးလာနိုင်ပြီး နွေရာသီ အရောက်မှာတော့ Lyriq ရဲ့ ပွဲဦးထွက် ကားသစ် Debut Edition ကို ဦးဆုံး ချပြလာ ပါဦးမယ်။ အဆိုပါ ကားအတွက်‌ဈေးကတော့ $ 59,990 ကနေ စတင် ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ All-Wheel Drive Version ကားသစ်အတွက် အကြိုမှာယူမှုတွေကိုလည်း တစ်ပါတည်းရအောင် စီစဉ်ပေးထား ပြီဖြစ်ပြီး အဆိုပါကားဆိုရင်တော့ $ 64,990 ကနေ စတင်ကျသင့်လာမှာဖြစ်ကာ အသေးစိတ် အချက်အ လက်တွေတော့ မထုတ်ပြန် ထားသေးပါဘူး။ ကားသစ်တွေကိုတော့ နောက်နှစ် အစပိုင်း လောက်ကနေ စတင်ပို့ဆောင် ပေးလာနိုင်ပြီး ကားတွေရဲ့ Range အမျိုးမျိုးနဲ့ အသေးစိတ် အချက်အလက်တွေကို တော့ ထုတ်လုပ်ဖို့ နီးလာချိန်မှပဲ ထပ်မံချပြပေးလာ နိုင်ပါတယ်။ Cadillac ကတော့ လက်ရှိမှာ EPA ဘက်က သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ထုတ်ပြန်ထား သေးတာကြောင့် ဒီထက်ပိုတိကျတဲ့ တရားဝင် အချက်အ လက် မှတ်တမ်းတွေလည်း ထွက်ပေါ်လာဖို့ ရှိနေပါသေးတယ်။

                                                                Photo Credit: MotorAuthority

Rear-Wheel Drive ကားမှာတော့ 100 kWh Battery နဲ့ အတူ လျှပ်စစ်မော်တာ တစ်လုံး တပ်ဆင်ထား တာကြောင့် 340 hp နဲ့ 325 lb-ft Torque အထိ ရှိလာနိုင်ပါတယ်။ All-Wheel Drive Version မှာဆိုရင် တော့လျှပ်စစ် မော်တာ နောက်တစ်လုံး ထပ်ပါသေးတာကြောင့် အနည်းဆုံး 500 hp နဲ့ 3,500 lb-ft Torque လောက် အထိကို စွမ်းဆောင် လာနိုင်မှာပါ။ Leve 2 အဆင့် ရှိ AC အားသွင်းစနစ်ကြောင့်လည်း 19.2 kW နဲ့ သွင်းရင်တောင် တစ်နာရီကို ၅၂ မိုင်စာ လောက် အထိ ရနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Dual-Power သုံးနိုင်တဲ့ စနစ်ကြောင့် 120 V ဒါမှမဟုတ် 240 V သုံးထားမယ့် Outlet တွေ ပလပ်ခေါင်း တွေကိုပဲ Standard အနေနဲ့ ထည့်ပေးလာ နိုင်တာပါ။ ဒါပေမယ့် အိမ်မှာပဲ အားသွင်း ချင်တယ် ဆိုရင်တော့ Cadillac ရဲ့ 19.2 kW အထိ ရှိတဲ့ အားသွင်းနှုန်း ရှိနိုင်ဖို့ ပစ္စည်းတစ်ချို့ လိုအပ်နိုင်ပြီး Home Charger တွေကို အိမ်အထိ လိုက်လံ တပ်ဆင်ပေးနိုင်ဖို့ အတွက်လည်း ကုမ္ပဏီဘက်က ပြင်ဆင်နေပါတယ်။ Lyriq ကားသစ်ကတော့ DC အမြန် အားသွင်းစနစ်ကိုမှ 190 kW အထိကို အားသွင်းနိုင်တာဖြစ်လို့ ၇၆ မိုင်စာ လောက် သွားဖို့ကို ၁၀ မိနစ် လောက်တည်းနဲ့ အဆင်ပြေစေမှာပါ။ ဒါတင်မကသေးပဲ အခု ကားဝယ်မယ့် သူတွေက Qmerit ဆိုတဲ့ အိမ်မှာပဲ အားသွင်းတဲ့ စနစ်ကို တပ်ဆင်မလား ဒါမှမဟုတ် $ 1,500 တန် EVgo အခမဲ့ အားသွင်းနိုင်မယ့် အခွင့်အရေးကိုပဲ ယူမလားဆိုတာ ‌ရွေးချယ်နိုင်ပါဦးမယ်။

                                                                      Photo Credit: MotorAuthority

နည်းပညာပိုင်းတွေ ‌အနေနဲ့တော့ အခုကားမှာ ၃၃ လက်မအရွယ် Display ကြီးကို တပ်ဆင်ထားပြီး Escalade မှာလို မျိုး အတူတူပဲ ဖြစ်ပါတယ်။ အသံ စနစ်ကတော့ စပီကာ ၁၉ လုံး အထိ ပါဝင်တဲ့ AKG အသံ စနစ်ကို ထည့်ပေးထားပြီး မျိုးဆက်သစ် နည်းပညာနဲ့ အပြင် ဆူညံသံ လျှော့ခ‌ပေးတဲ့ စနစ်တို့လည်း ပါဝင်လာပါတယ်။ ဒါတင်မ‌ကသေးပဲ Google ရဲ့ နဂိုရထားပြီးသား Build-In Features အတော်များများ ကိုလည်း အစုံအလင် သုံးနိုင်ဦးမှာပါ။ ကားတွေကို စတင် မှာယူလို့ရပြီ ဆိုတာနဲ့ Opulent Blue Metallic ဒါမှမဟုတ် Crystal White Tricoat အရောင်တို့ကို ရွေးချယ်နိုင် တော့မှာ ဖြစ်ကာ နဂိုရထားပြီးသား Satin Steel Metallic နဲ့ Stellar Black Metallic အရောင်တွေ ကိုလည်း ဆက်ပြီး ရွေးချယ် နိုင်ပါသေးတယ်။ ပထမ‌ဆုံးသော ထုတ်လုပ်ရေး အဆင့်ကားတွေကို General Motors ရဲ့ အမေရိကန်နိုင်ငံ ၊ Tennessee ပြည်နယ်ထဲက စက်ရုံမှာ စတင် ဖန်တီးသွားမှာ ဖြစ်ကာ အဆိုပါ စက်ရုံကတော့ Cadillac XT5 နဲ့ XT6 တို့ အပြင် GMC Acadia တို့ကိုလည်း လက်ရှိမှာ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီကတော့ အနာဂါတ် မှာ သူတို့ရဲ့ လျှပ်စစ်ကားသစ် တွေထုတ်လုပ်နိုင်ဖို့ အတွက်တော့ $ 2 Billion လောက် အထိကို ရင်းနှီးမြုပ်နှံ ပေးထားပါသေးတယ်။ GM ကတော့ ဒါတင်မကသေးပဲ LG Energy Solution ဆိုတဲ့ ကုမ္ပဏီ နဲ့ ပူးပေါင်းကာ $ 2.3 Billion တန် ပူးတွဲ စက်ရုံတစ်ရုံ တည်ထောင်သွားဖို့လည်း ရှိနေပါသေးတယ်။

Ref: MotorAuthority