Cadillac ကတော့ သူတို့ရဲ့ Sports Sedan ကားတစ်စီး ဖြစ်တဲ့ CT4-V Blackwing ကားကို အပိုအနေနဲ့ထပ်ပြီး ပြင်ဆင် အဆင့်မြှင့်တင် ပေးလိုက်ပြန်ပါပြီ။ အဆိုပါ ကားတွေကိုမှ ကားပြိုင်ပွဲလမ်းကြောင်းသုံး ကားတွေအနေနဲ့ Sahlen ရဲ့ ၆ နာရီကြာ ယှဉ်ပြိုင်ရတဲ့ Glen IMSA ပြိုင်ပွဲမှာ စတင်မြင်ခဲ့ရတာ ဖြစ်ပါတယ်။ Cadillac ကလည်း အစောပိုင်း ကတည်းက 2023 CT4-V Blackwing Track Edition အသစ်ကို ပုံစံ ၃ မျိုးနဲ့ ထုတ်လုပ်ပေးလာ လိမ့်မယ်လို့ ကတိပေးထားခဲ့ပြီးဖြစ်ကာ အခုလည်း အဆိုပါ ကားသစ်တွေကို တစ်မျိုး ၉၉ စီး နှုန်းနဲ့ပဲ ကန့်သတ် ထုတ်လုပ်ပေး သွားမှာပါ။ အခု ကားအသစ်တွေကတော့ နာမည်အတိုင်းပဲ စွမ်းဆောင်ရည် ပိုကောင်းတဲ့ ပြိုင်ကားတွေ အနေနဲ့ ထုတ်လုပ်လာမယ့်အပြင် သာမန် CT4-V Blackwing ကားတွေထက် အများကြီးသာတဲ့ အဆင့်မြှင့်တင်မှုတွေ ကိုပါ ပြုလုပ်ပေးထား ပါတယ်။ အဆိုပါ အခြေအနေတွေကိုတော့ ပိုပြီး Aggressive ဖြစ်တဲ့ Splitter တွေနဲ့ Aerodynamic Canards အပိုင်းတွေ အဖြစ်နဲ့ သိသိသာသာ ဆွဲဆောင်ထားပါတယ်။ အဆိုပါ အပိုင်း ၂ ပိုင်းကိုတော့ $ 4,350 တန် Carbon Fiber I Package နဲ့ $ 2,650 တန် Carbon Fiber II Package ဆိုတဲ့ ရွေးချယ်စရာ တွေနဲ့ ပါဝင်လာမှာပါ။ အခု ကားအသစ်တွေ ကတော့ သီးသန့်ဖြစ်လာမယ့် Edition တွေဆိုတဲ့အတိုင်း ယခင်က သာမန်အပြာနဲ့ အဖြူ ရောင် ကား ပုံစံတွေအပြင် အဖြူနဲ့အနီ စပ်ထားတဲ့ ပုံစံနဲ့ Matter Grey မီးခိုးရောင် အပြင်အဆင်တွေ ကိုလည်း ဖန်တီး ပေးထားပါတယ်။  ကားတစ်စီးချင်းစီရဲ့ အရောင်တွေကတော့ အဆိုပါ ကားတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြေးလမ်း တွေကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။

Photo Credit MotorTrend

အဆိုပါ ကား ၃ မျိုးထဲမှာမှ Electric Blue ဆိုတဲ့ အရောင်နဲ့ ကားကတော့ Watkins Glen ကို ကိုယ်စားပြုပြီး ၊ Maverick Noir Frost အရောင်လေးကတော့ Sebring Car ကို ကိုယ်စားပြုထားကာ Rift Metallic White အဖြူရောင် ကတော့ Road Atlanta ကားကို ကိုယ်စားပြုဖန်တီးထားတယ်လို့ သိရပါတယ်။ Electric Blue အရောင်ကတော့ ကြည့်လိုက်တာနဲ့တင်တက်ကြွပြီး ပြိုင်ဆိုင်ဖို့ အသင့်ဆိုတဲ့ အမြင်ကို ခံစားရစေပါတယ်။ အခုလို အပြာရောင်လေး ကတော့ယှဉ်ပြိုင်ရမယ့် ပွဲရဲ့ အပြာရောင်ပြေး ဘောင်လေးတွေကို နမူနာယူထားတာဖြစ်ပြီး ကားရဲ့ တစ်ဖက် တစ်ချက် ဆီက Rocker Molding လေးတွေကလည်း ကားကို ကြည့်လိုက်တာနဲ့တင် အကြည့်တွေ မခွာနိုင်အောင် ဖန်တီး ပေးထား သလိုပါပဲ။ နောက်ထပ် Sebring အရောင်ကတော့ အနက်ဘက် ပိုသွားထားပြီး အကြောင်း ကတော့ အဆိုပါ ကားက ညဘက်ပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာကြောင့်ဖြစ်ကာ Road Atlanta ကားကတော့ အဖြူရောင်ကို ဖန်တီး ပေးထားပြီး မြို့တစ်မြို့ရဲ့ ရှုပ်ထွေးလှပမှုကို ကိုယ်စားပြုထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အခု ကားတစ်မျိုး စီ ကတော့ အတွင်းခန်းတွေ အတွက် ရွေးစရာအရောင် ၃ မျိုးစီ ထပ်ရပါသေးတယ်။ Watkins Grey နဲ့ Sebring ကားတွေမှာတော့ Sky Cool Gray ကိုမှ Jet Black အနက်ရောင် ထိုင်ခုံတွေနဲ့တွဲရနိုင်ပြီး Trims တွေနဲ့ ထိုင်ခုံ ခါးပတ်တွေ ကိုတော့ အနီရောင် Accents လေးတွေနဲ့ ဖြည့်ဆည်း ပေးထားတာကို ရရှိမှာပါ။ Road Atlanta Edition မှာ ဆိုရင်တော့ Sky Cool Gray အရောင် ဒါမှမဟုတ် Full Adrenaline Red အနီ‌အပြည့်နဲ့ ထိုင်ခုံ အရောင်ကိုမှ အနီရောင် Accents တွေနဲ့ ထပ်မံတွဲဖက် ရရှိမှာပဲ ဖြစ်ပါတယ်။

Photo Credit MotorTrend

လက်ရှိ အချိန်အထိကတော့ အခု ကားတွေမှာ သာမန် CT4-V Blackwing ကားတွေရဲ့ Twin-Turbo 3.6 Liter V6 Engine ကိ ပဲ ဆက်သုံးထာ တယ်လို့ ယူဆရပြီး ‌472 hp နဲ့ 445 lb-ft Torque အထိ စွမ်းဆောင် နိုင်တဲ့ အင်ဂျင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကားတစ်စီ ချင်းစီမှာတော့ IMSA Logo တွေ ၊ Mondrian Pattern တွေကို ကိုယ်ထည်တွေမှာ မြင်ရမှာဖြစ်ပြီး ကြေးနီရောင် Brake Caliper တွေ ၊ ကာဗွန်ဖိုက်ဘာ ထိုင်ခုံတွေနဲ့ စတီယာတိုင် Serial Plate တွေ ကိုလည်း လိုက်ဖက်စွာ ပေါင်းစပ်ပေးထား ပါသေးတယ်။ ဒါ့အပြင် သတ္တုစပ် ‌အနေနဲ့ လှလှပပ ဖန်တီးထားတဲ့ ဂီယာ အုံကိုလည်း Six-Speed Manual ဒါမှမဟုတ် 10-Speed Automatic Transmission အနေနဲ့ တွဲဖက်ကာ ရရှိနိုင်ဦးမှာ ပါ။ အဆိုပါ ကားသစ်တွေကိုတော့ လာမယ့်နှစ် နွေဦးလောက် မှာတင် စတင်ထုတ်လုပ်သွားနိုင်ဖို့ ရည်ရွယ်ထားတယ် လို့ သိရပါတယ်။

Ref: MotorTrend

(14) စွမ်းဆောင်ရည်မြင့် မီးသတ်ကားများ – YouTube