BMW Motorsports လောကရဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ချပြမိတ်ဆက် ခဲ့တဲ့ XM Plug-In Hybrid ကားသစ် ကတော့ သူမတူအောင် ထူးခြားနေတဲ့ ဒီဇိုင်းပိုင်းတွေနဲ့တင် အထင်ကြီးစရာ ဖြစ်လို့နေပါပြီ။ ဒါ့အပြင် SUV ကားကြီး တစ်စီးအနေနဲ့ လျှပ်စစ်စွမ်းအင်ပါ တွဲဖက်သုံးပေးထားတာကြောင့် ပိုစိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ကားရဲ့ V8 Engine ကြီးကလည်း 653 hp နဲ့ 590 lb-ft Torque အထိကို စွမ်းဆောင် ထားနိုင်ပါတယ်။ ဒီထက်ပိုကြမ်းမယ့် Red Label Version ပါ ထပ်ထွက်လာဖို့ ရှိနေသေး ပြီး 750 hp နဲ့ 737 lb-ft Torque လောက် အထိ ရှိနိုင်တာ ကြောင့် SUV ကားတစ်စီးအတွက် တကယ်အံ့အားသင့်စရာပါပဲ။

Photo Credit: InsideEvs

အခု ချပြလာခဲ့တဲ့ အခါမှာတော့ XM ကားသစ်ကို အမေရိကနဲ့ တရုတ်ကား ဈေးကွက်အတွင်း အဓိက ထိုးဖောက်ဖို့ ရည်ရွယ်ထားပြီး အတော်လေး ကောင်းတဲ့ ရလဒ်တွေလည်း ရထားတာကြောင့် အောင်မြင်မှုရဖို့ လည်း မျှော်လင့်ထား နိုင်ပါပြီ။ ဒါ့အပြင် SUV တွေ နာမည်ကျော်လာတဲ့ ရိုမေးနီးယားတို့လို ကားဈေးကွက်ထဲ အထိပါ အစီးရေ အကန့် အသတ် အချို့နဲ့ ရောင်းချလာနိုင်ပြီး အခုတစ်ခေါက် ကားကိုချပြ မိတ်ဆက် စဉ်မှာတင်ပဲ အစီးရေ ၁၅ စီး လောက်အကြို မှာယူထားပြီးပြီလို့ သိရပါတယ်။ အဆိုပါ ကားတွေမှာတော့ အခြား အပိုရွေးချယ် ဝယ်ယူတာ တွေနဲ့ဆိုရင် တစ်စီးကို ယူရို ၁၈၀,၀၀၀ လောက် ကျသင့်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: InsideEvs

တစ်ချို့ကတော့ Sports ကားလောက ရဲ့ နှစ် ၅၀ ပြည့်ကို SUV ကား မိတ်ဆက်တာကြောင့် သိပ်သဘောမတွေ့ ခဲ့ကြပေမယ့် အခုလက်တွေ့ မြင်ရတဲ့ အခါမှာတော့ M တံဆိပ် နဲ့ကားက အတော်လေးကို အမြင်တွေ ပြောင်းစေခဲ့ ပါတယ်။ ကားရဲ့ ဒီဇိုင်းကလည်း ကြည့်လိုက်တာနဲ့တင် အားအင်အပြည့်နဲ့ ခန့်ညားတဲ့ အသွင်ကိုပေးနိုင်ပြီး အရှေ့နဲ့အနောက် Fascia တွေကအစ တကယ်ကို ဝံ့ကြွားလို့နေပါတယ်။ ဒါပေမယ့် ဘေးဘက် ကကြည့်ရင် ပိုလို့တောင် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အပြင်အဆင်တွေကို မြင်ရနိုင်ပါတယ်။ အတွင်းခန်းမှာကတော့ အပြင်လောက် အလန်းစား အပြင်အဆင်တွေ မမြင်ရပေမယ့် ထိုင်ခုံတွေမှာလည်း အပြာရောင် လယ်သာသားတွေ ထည့်ပေးထားတာပါ။ ကားရဲ့ Dashboard မှာတော့ Vintage Style အညိုရောင် လယ်သာသားတွေ သုံးထားပြီး  ပုံမှန်မဟုတ်တဲ့ Illuminated Headliner ဒီဇိုင်းနဲ့ Sport ဆန်ဆန် Driving Position တွေလည်း ပါဝင်လာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Bespoke Sedan ကားတွေ နေရာမှာ အခုလိုမျိုး အလန်းစား အပြင်အဆင်တွေနဲ့ SUV တွေကို မျှော်လင့်တယ် ဆိုရင်တော့ အခု BMW XM ကားက ရွေးချယ်စရာ တွေထဲက တစ်စီးဖြစ်လာ နိုင်ပါတယ်။

Ref: InsideEvs