X7 Full-Size SUV ရဲ့ 2023 Model ကားသစ်ကိုပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကပဲ BMW တို့ ချပြခဲ့ပြီဖြစ်ပြီး ပိုပြီး ထောင့်ကျကျ ဒီဇိုင်းမျိုးနဲ့ ပွဲထွက်လာ ခဲ့တာပါ။ အဆိုပါ ဒီဇိုင်းကိုတော့ Redesigned 7-Series အသစ်တွေနဲ့ XM Performance SUV တွေမှာလည်း ဆက်တိုက် အသုံးပြုလာနိုင်ပါတယ်။ ကားရဲ့ ဒီဇိုင်းကတော့ တကယ်ကို ဆွဲဆောင်မှု ရှိနေပြီး Headlight ကို ခွဲထားတဲ့ ဒီဇိုင်းနဲ့ Daytime Running Lights တွေ အချိုး ကျကျ ပေါင်းစပ်ထားပုံက အင်ဂျင်စက်ဖုံးထိပ်မှာ အတော်လေး ဆွဲဆောင်မှု ရှိ နေပါတယ်။ ကားရဲ့ အဓိက Cluster Light ကိုတော့ အောက်ဘက် နားလေးမှာ မသိမသာ ထည့်ပေးထားပြီး Taillight တွေ ကလည်း Jewel လိုမျိုး ပြောင်လက် လှပ နေတဲ့ ပုံစံ မျိုးတွေ နဲ့ ကောင်းမွန် နေတာ ကို တွေ့ရမှာပါ။ ဒါ့အပြင် ကားရဲ့ အရှေ့ ဘက် Grille ကလည်း Lighting Accents တစ်ချို့နဲ့ အတူ ပိုကောင်းတဲ့ အသွင် ကို ယူဆောင် ပေး လာနိုင်ပါတယ်။
အတွင်းခန်းကလည်း Display အကွေးကြီးတစ်ခုနဲ့ အတူပိုပြီး ခေတ်မှီကောင်းမွန်လာခဲ့ပြီး အဆိုပါ Display အထဲမှာ တင် ၁၂.၃ လက်မ အရွယ် Digital Instrument Cluster နဲ့ ၁၄.၉ လက်မ အရွယ် Infotainment Hub တွေ ထည့်ထားတာ ကိုတွေ့ရပါတယ်။ အလယ် မှာတော့ Center Console နဲ့ ချိတ်ဆက်ထားပြီး Rotary Dial Controller ကိုလည်း ထည့်သွင်း ထားကာ အင်ဂျင် ခလုတ်တွေ ၊ Gear ရွေးတဲ့ ခလုတ်တွေနဲ့ အခြား သော Parking Brake နဲ့ Air Suspension Settings တွေ ကိုလည်း အစီအရီ ထည့်ပေးထားတာပါ။ ကား ကတော့ အမေရိက ဈေးကွက် အတွက် ဆိုရင် All-Wheel Drive ပါဝင် လာမယ့် Version ၂ မျိုး ချပြလာ မယ်လို့ သိရပြီး Base Grade ကတော့ X 7 xDrive 40i နဲ့ ဖြစ်ကာ 3.0 Liter Twin-Turbocharged Inline-6 Engine နဲ့ က တစ်မျိုး ဖြစ်ပါတယ်။ အဆိုပါ အင်ဂျင် နဲ့ ကားရဲ့ စွမ်းဆောင်ရည် ကတော့ 375 hp အထိ ရှိထား ပြီး 383 lb-ft Torque အထိလည်း ရှိထားပါတယ်။ ဒါ့အပြင် အဆိုပါ ပမာဏ ကတော့ ယခင် X7 xDrive 40i အဟောင်းထက် စာရင် 40 hp နဲ့ 52 lb-ft Torque လောက် အထိကို တိုးတက်လာခဲ့တာ ဖြစ်ကာ ဈေးနှုန်းကတော့ $ 78,845 ကနေ စတင်လာမှာ ဖြစ်ပါတယ်။ ကားရဲ့ စွမ်း ဆောင်ရည် ကတော့ တစ်နာရီ မိုင် ၆၀ အထိ ရောက်နိုင်ဖို့ အတွက် ၅.၆ စက္ကန့်ပဲ အချိန်ယူရမှာပါ။ တစ်ဖက် မှာတော့ X 7 M60 i ဆိုတဲ့ ကားအသစ်ရှိနေပြီး 4.4 Liter Twin-Turbocharged V 8 Engine ကို တပ်ဆင် ပေးထားမှာ ဖြစ်တာကြောင့် 523 hp နဲ့ 553 lb-ft Torque အထိ ရှိနေမှာဖြစ်ကာ ယခင် V 8 အင်ဂျင်နဲ့ စွမ်းဆောင်ရည်အတူတူ ဖြစ်ပေမယ့် တစ်နာရီ မိုင် ၆၀ နှုန်းအထိ ရောက်ဖို့ ဆိုရင်တော့ ၄.၅ စက္ကန့် အတွင်းမှာပဲ မောင်းနှင်ပြနိုင်ပါလိမ့်မယ်။ ဈေးနှုန်းအနေနဲ့ကတော့ $ 104,095 အထိ ကိုရှိမှာပဲ ဖြစ်ပါတယ်။
ကား ၂ စီး လုံးမှာတော့ Transmission ပိုင်းက 8-Speed Automatic ဂီယာ တွေ တပ်ဆင်ပေးထားမှာ ဖြစ်ပြီး Mild- Hybrid စနစ် ကြောင့်လည်း စွမ်းဆောင်ရည် ကို ပိုကောင်းနေပါစေလိမ့်မယ်။ All-Wheel စတီယာတိုင်နဲ့ Action Roll အငြိမ် စနစ်တို့ကိုတော့ အဆိုပါကား ၂ စီး လုံးမှာ နဂိုပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု ကားသစ်တွေနဲ့ အတူတူ လာမယ့် ၂၀၂၃ အရောက်မှာတော့ Alpina XB 7 ရဲ့ အဆင့်မြင့် ကား သစ်လည်း ရောက်ရှိလာဖို့ ရှိနေပြီး V 8 Engine ကိုပဲ ဆက်သုံးလာနိုင် ပေမယ့် စွမ်းဆောင်ရည် ကတော့ 630 hp နဲ့ 590 lb-ft Torque အထိ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အဆိုပါ Alpina ကားသစ် ကတော့ တစ်နာရီ မိုင် ၆၀ အထိ ရဖို့ ဆိုရင် ၄ စက္ကန့် အတွင်း ရောက်အောင် မောင်းနိုင်ပြီး အမြင့်ဆုံး မြန်နှုန်း ကတော့ ၁၈၀ မိုင်အထိ ရှိပါလိမ့်မယ်။ အဆိုပါကားသစ်တွေ အကုန်လုံးကိုတော့ အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယား တောင်ပိုင်းက BMW Group ရဲ့ ကားထုတ်လုပ်ရေး စက်ရုံမှာပဲ ထုတ်လုပ် သွားမှာ ဖြစ်ပါတယ်။
Ref: MotorAuthority