လူကြိုက်များတဲ့ Compact Crossover ကားတစ်စီး ဖြစ်တဲ့ BWM X 1 ကတော့ အရွယ်အစား ပိုကြီးပြီးအသစ် ထွက်လာ ခဲ့ပါပြီ။ အခု နှစ်ကုန်ပိုင်း‌မှာ ၂၀၂၃ မော်ဒယ် အနေနဲ့ စတင် ထွက်လာတော့မယ့် အဆိုပါ ကားသစ်ကတော့ $ 39,595 နဲ့ စတင် လာမယ်လို့ သိရပါ တယ်။ လက်ရှိ X 1 ကားသစ်ကတော့ Compact ကားတွေထဲမှာ အတော်လေး ကောင်းမွန် လူကြိုက်များတာကြောင့် အခု တတိယမြောက် မျိုးဆက်သစ်ကိုလည်း ပိုကောင်းတဲ့ ဒီဇိုင်း ဖြစ်အောင် သေချာ ကြိုးစားထားတာ တွေ့ရမှာပါ။ ဒီဇိုင်းပိုင်း အကြီးမားဆုံး အပြောင်းအလဲက တော့ အရှေ့ဘက်မှာ ပိုတိကျ လှပလာတဲ့ Nose နဲ့ လေးထောင့်ဆန်ဆန် Traditional BMW Kidney တွေပါပဲ။ LED Lights တွေကို လည်း Standard အနေနဲ့ ထည့်ပေးထားပြီ ဖြစ်ပါတယ်။ နောက်တစ်ချက် တိုးတက်လာတာတွေကတော့ ကားရဲ့ အရွယ်အစား အချိုး အစားဖြစ်ပြီး အရှည်က  ၁၇၇.၂ လက်မ အထိကို ရှည်လာပြီး အကျယ်ကလည်း ၇၂.၆ လက်မ အထိ ကျယ်လာတာပဲ ဖြစ်ပါတယ်။ ကားရဲ့ Wheelbase ကလည်း ၀.၉ လက်မ လောက် ပိုရှည်လာခဲ့သလို အတွင်းခန်းနဲ့ ပစ္စည်းထည့်စရာနေရာတွေကတော့ ပိုကျယ်လာတာ သိသာ နေပြီပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ကားရဲ့ Platform ကတော့ BMW ရဲ့ နောက်ဆုံးပေါ် FAAR လို့ အမည်ရတဲ့ Front-Wheel Drive Structure ကို သုံးပေးထားပြီး လက်ရှိ X1 ရဲ့ UKL Platform ကို အဆင့်မြှင့်တင် ထားတာပဲ ဖြစ်ပါတယ်။ အကြီးမားဆုံး အပြောင်းအလဲ ကတော့ ဘက်ထရီ လျှပ်စစ်ပါ သုံးလို့ရ လာတာ ဖြစ်ပြီး Electric iX 1 ကိုပါ တစ်ပါတည်း ချပြ လိုက်တာ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ လျှပ်စစ်ကားမျိုးကွဲ ကတော့ လာမယ့် ၂၀၂၃ မှာ BMW ချပြထားမယ့် လျှပ်စစ်ကား အစီးရေ ၁၃ စီးထဲက တစ်စီး အပါအဝင် ဖြစ်လာခဲ့ပါပြီ။ အခု 2023 X 1 ကားမှာ ဆိုရင်တော့ xDrive 28i Grade မှာ ဆိုရင် 2.0 Liter Turbocharged Inline-4 Engine တပ်ဆင်ပေးထားပြီး 241 hp နဲ့ 295 lb-ft Torque အထိ ရှိနေပါတယ်။ 7-Speed Dual-Clutch Transmission ဂီယာကို တွဲဖက်ပေးထားတဲ့ အပြင် All-Wheel Drive ကိုပါ အခြေခံ အနေနဲ့ တစ်ပါတည်း ထည့်ပေးထားပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နာရီ မိုင် ၆၀ လောက် အထိ မြန်နှုန်းရဖို့ ဆိုရင် ၆.၂ စက္ကန့်အတွင်း အရှိန်တင် နိုင်ပြီး အမြင့်ဆုံးအရှိန် ဆိုရင်တော့ ၁၄၉ မိုင် အထိကိုရှိ နေမှာပါ။ အခု BMW M ကနေ X 1 M ဆိုတဲ့ နောက်ဆက်တွဲကား မျှော်လင့်လို့  မရနိုင်သေးပေမယ့် Sport ဆန်တဲ့ X 1 M 35i ကိုတော့ 340 hp လောက် အထိ စွမ်းဆောင်ရည်နဲ့ ထွက်ပေါ်လာနိုင်ပါတယ်။ Plug-In Hybrid ကား ၂ မျိုး လောက်နဲ့ ထွက်ပေါ်လာ နိုင်တဲ့ အဆိုပါ ကားကတော့ တကယ်တမ်း ဈေးကွက်ထဲ ရောက်လာမယ် ဆိုရင် အမေရိက ဈေးကွက်လောက်အထိ ကို ခြေဆန့်လာ နိုင်တာပါ။

Photo Credit: MotorAuthority

အခုမြင်ရတဲ့ ကားရဲ့ အတွင်းခန်းကတော့  2 Series Active Tourer ရဲ့ ပုံစံဖြစ်ပြီးတော့ Instrument Cluster ကို Floating Screen အနေနဲ့ ဖန်တီး ပေးထားပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် Infotainment Screen ကိုလည်း ထပ်ထည့် ပေးထားပြီး ယခင်က ဂီယာ အရှည် နေရာမှာလည်း အလယ်မှာ ပြောင်းတပ်ထားတဲ့ Nub လေး အဖြစ်ပဲ မြင် ရတော့မှာပါ။ BMW ရဲ့ နောက်ဆုံးပေါ် iDrive Interface 8.0 ကို သုံးပေးထားမှာဖြစ်ပြီး Physical ခလုတ်တွေ ကတော့ လုံးဝကို မမြင်ရတော့ပါဘူး။ ဒါပေမယ့်လည်း စတီယာတိုင် ပေါ် မှာတော့ ခလုတ်တစ်ချိုနဲ့ အခြားသော တံခါး အတင်အချတွေ ၊ မီးကြီး အပြောင်းအလဲတွေနဲ့ အသံ အတိုးအချဲ့လို အရေးပါတဲ့ လုပ်ဆောင် ချက်တွေ အတွက်တော့ ခလုတ်တွေ ထည့်ပေးထား ပါသေးတယ်။ သာမန် အသံကိုပဲ နားလည်လုပ်ဆောင် ပေးနိုင်မယ့်အသံ ထိန်းချူပ်စနစ် ပါ ပါဝင် လာသေးသလို အပေါ်က ‌Panoramic အမိုးဖွင့် ပိတ်တာတွေ ၊ အပူချိန် ပြောင်းလဲတာတွေကိုက အစ ‌အသံနဲ့ ခိုင်းစေ နိုင်ပါသေး တယ်။ Standard Features တွေ အနေနဲ့ကတော့ Apple CarPlay နဲ့ Android Auto တို့အပြင် Power စနစ် နဲ့ ကားနောက်ဖုံး ၊ Driver Assist စနစ်မျိုးစုံတို့ကို မြင်ရမှာပါ။ ဖုန်းအားသွင်းဖို့ အတွက် ကြိုးမဲ့အားသွင်းစနစ် ၊ Head-Up Display နဲ့ Surround View ကင်မရာတို့ ကလည်း တော်တော်လေးကို အသုံးတည့် စေမယ့် လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ အခု ကားသစ်ကိုတော့ Mini ရဲ့ Redesigned Countryman ကားနဲ့ တွဲဖက်ပြီး ဂျာမနီ နိုင်ငံ ၊ လိုက်ပ်ဇစ်မှာ ရှိတဲ့ BMW ရဲ့ ကားစက်ရုံကြီးမှာ အတူတူ ဖန်တီး ထုတ်လုပ်သွားတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority