အကောင်းဆုံးသော Alpina ကား တွေကို ပြပါဆိုရင်တော့ BMW 3-Series တွေအပေါ် အခြေခံဖန်တီးထားတဲ့ B 3 ကားတွေပါပဲ။ အဆိုပါ ကားတွေကတော့ Sedan အနေနဲ့ရော Wagon အနေနဲ့ပါ ရနိုင်တာဖြစ်ပြီး BMW M3 ရဲ့ နောက်ထပ် အသွင်ကွဲ ကားတစ်စီး အဖြစ် ရနိုင် တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခု ကားသစ်တွေကတော့ 2023 မော်ဒယ် BMW တွေထက်တောင်မှ ပိုကောင်းအောင် လုပ်ပေးလာ နိုင်တာ ကို မြင်နေရပါပြီ။ အခု ကားသစ်တွေကိုတော့ 2023 BMW 3 Series တွေပေါ်မှာပဲ အခြေခံ ဖန်တီးထားပြီး အင်ဂျင်ပိုင်း ပြုပြင်ပြောင်းလဲမှု တွေ ထပ်လုပ်ထားတာတဲ့အပြင် အပြင်ပိုင်းနဲ့ အတွင်းပိုင်းတွေမှာလည်း Alpina ရဲ့ မူလစတိုင်တွေကို ပေါ်လွင်အောင် အပြောင်းအလဲ လေး တွေ ထပ်ထည့် ပေးထားပါသေးတယ်။

Photo Credit: MotorAuthority

အခု ကားရဲ့ အရေးကြီးတဲ့ အချက်ကတော့ 3.0 Liter Twin-Turbocharged Inline-6 Engine ပဲဖြစ်ပြီး BMW M 3 နဲ့ အတူတူပဲ သုံးထားတာ ဖြစ်ပေမယ့် စွမ်းဆောင်ရည်ကတော့ 488 hp နဲ့ 538 lb-ft Torque အထိ ရှိလာပါတယ်။ ယခင် Alpina B 3 ရဲ့ ကားတွေမှာ တုန်းကတော့ 462 hp နဲ့ 516 lb-ft Torque အထိ ရှိခဲ့ပြီး တစ်နာရီ ၆၂ မိုင် ပမာဏ အထိရောက်ဖို့ ဆိုရင်တော့ ၃.၆ စက္ကန့် အထိပဲ အချိန် ယူခဲ့ ရတာပါ။  အမြင့်ဆုံး မြန်နှုန်းကတော့ Sedan ကားအတွက် တုန်းက ဆိုရင် ၁၉၀ မိုင် အထိ ရှိခဲ့ပြီး Wagon အတွက် ဆိုရင်တော့ ၁၈၈ မိုင်အထိ ရှိထားတာ ဖြစ်ပါတယ်။ တစ်ချို့ သော ဈေးကွက်တွေမှာ ဆိုရင်တော့ Alpina အနေနဲ့ ဒီဇယ်အင်ဂျင်ကိုလည်း ထည့်ပေးလေ့ရှိပြီး 3.0 Liter Twin Turbocharged Inline-6 ကိုပဲ တွဲဖက်ပေးထားတာကြောင့် 350 hp နဲ့ 538 lb-ft Torque အထိ ရှိခဲ့ပါတယ်။ အခု ကားသစ်တွေမှာ ဆိုရင်တော့  8-Speed Automatic နဲ့ All-Wheel Drive တွေကို စံအနေနဲ့ပဲ ထည့်ပေးထားပြီး အဆင့်မြှင့်တင်ထားတဲ့ Torque Converter ကိုလည်း ပေါင်းထည့် ပေးထားပါသေးတယ်။ ဒါ့အပြင် ကားရဲ့ Chassis ပိုင်းမှာလည်း Alpina ကတော့ ကိုယ်ပိုင် စနစ်တွေကိုသုံးလာပြီး  စတီယာတိုင်စနစ် အတွက် လည်းကိုယ်ပိုင် Setting တွေ ၊ Suspension ပိုင်းတွေ ၊ Spring ပိုင်းတွေကိုလည်း ကိုယ်တိုင် ဖန်တီးပေးလာတာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အပြင်ပိုင်းမှာ ဆိုရင် အရှေ့ဘက်မှာတော့ Lip Spoiler ထည့်ပေးထားပြီး အနောက်ဘက်မှာ ဆိုရင်လည်း Fascia ကို အနက်ရောင်လေးနဲ့ ဖန်တီး ပေးထားပါတယ်။ ဒါတင်မကသေးပဲ Alpina ရဲ့ အမှတ်သညာလို ဖြစ်နေတဲ့ အိတ်ဇောပိုက် လေးလုံးတွဲရယ် ဘီး Pattern အသစ် တွေရယ်ကိုပါ သုံး ပေးထားပါသေးတယ်။ အတွင်းခန်းမှာ ဆိုရင်တော့ BMW ရဲ့ အဆင့်မြင့် 3-Series Dashboard ပုံစံကိုပဲ သုံးပေးထားပြီး ၁၂.၃ လက်မ အရွယ် Floating Screen ကြီး ကို Instrument Cluster အဖြစ်သုံးကာ ၁၄.၉ လက်မအရွယ် Infotainment Screen နဲ့လည်း တွဲဖက် ပေးထားပါသေး တယ်။ ဒါပေမယ့် Alpina ကတော့ Instrument Cluster အတွက် သူတို့ရဲ့ကိုယ်ပိုင် Gauge တွေ ထပ်ထည့်ပေးထားပြီး Cabin တစ်ဝိုက်မှာပါ သူတို့ရဲ့ ကိုယ်ပိုင် Logo လေးတွေ ထပ်ထည့် ပေးထားတာပဲ ဖြစ်ပါတယ်။ အခု ကားသစ်တွေ ကတော့ $ 94,690 ဝန်းကျင်လောက်နဲ့ ထွက်ပေါ်လာမှာဖြစ်ပြီး အမေရိက ဈေးကွက်ထဲ ရောက်ဖို့တော့ မဖြစ်နိုင် သေးပဲ နောက်ပိုင်းတော့ ဈေးကွက်ချဲ့ထွင်ပြီး ရောက်လာနိုင်ပါတယ်။ BMW အနေနဲ့ Alpina ဆိုတဲ့ Brand နာမည်ကို ပြီးခဲ့တဲ့ မတ်လ ကတည်းက  သီးသန့်ချပြ ထားတာဖြစ်ပြီး ကိုယ်ပိုင် ကားကုမ္ပဏီ အနေနဲ့ ကားသစ်တွေကို လာမယ့် ၂၀၂၅ က စလို့ စတင်ချပြလာမှာလည်း ဖြစ်ပါတယ်။ Alpina ကတော့ နောက်ပိုင်းမှာလည်းဈေးကွက်ဝင် ကားတွေရဲ့ ပိုမို တိုးတက်ရေး အပိုင်းတွေ သူတို့ ကားတွေရဲ့နောက်ပိုင်းဝန်ဆောင်မှုတွေ ၊ အပို ပစ္စည်းတွေ ထုတ်လုပ်ပေးတာ တွေကိုပါ ဆက်ပြီး အားစိုက်ထုတ်သွား ဦးမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority