BMW ရဲ့ 2023 7 Series အသစ် တွေ တော့ ဧပြီလ ၂၀ ရက်နေ့ တုန်း ကပဲစတင် မြင်လာရပြီ ဖြစ်ကာ သာမန် အင်ဂျင် သုံး ကားတွေအပြင် လျှပ်စစ်ကား သီးသန့်အဖြစ် All-New i7 ပါ ပါဝင်လာ ခဲ့ပါတယ်။ ဘယ် လို စွမ်းအင် ပုံစံမျိုးနဲ့ ကား ကိုပဲရွေးရွေး ကားတွေရဲ့ ပုံစံကတော့ ပိုကြီးလာတဲ့ Grille နဲ့ Headlight ကိုမှ ခွဲထားတဲ့ ဒီဇိုင်းပုံတွေနဲ့ ပွဲထွက် လာတာာ ဖြစ်ပြီး လူပြောများနေတဲ့ အချက် ဆိုရင်လည်း မမှားပါဘူး။ ဒီဇိုင်း ဆိုတာကတော့ ကားတစ်စီး အတွက် အရေးပါပြီး အတော် များများ အဖို့ကတော့ BMW ရဲ့ အခု ကား ဒီဇိုင်း သစ်တွေက နည်းနည်း ပြောစရာဖြစ်လို့ နေပါတယ်။ အခု လိုမျိုး ရှေ့မီးကြီးကို ခွဲထုတ်ထားတဲ့ ဒီဇိုင်းကိုတော့ နောက်လာမယ့် BMW ရဲ့ ထိပ်တန်း ကားအမျိုးအစားတွေမှာ လည်း ဆက်သုံးလာနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် BMW 7 Series တွေကို ပွဲထုတ် မကြေညာသေးခင် မြင်ခဲ့ရတဲ့ အချက် အလက် တစ်ချို့ကတော့ ဒီလိုမဟုတ်ပါဘူး။ Kolesa က ဖန်တီး ခဲ့တဲ့ ဒီဂျစ်တယ်ပုံရိပ်ကြမ်း တစ်ချို့မှာ ဆိုရင်တော့ ဒီဇိုင်း တွေက ပိုပြီး ကျစ်ကျစ်လစ်လစ် ရှိပုံ ပေါက်ခဲ့ဖူးတာ ဖြစ်ကာ Conventional Design ၂ မျိုးလောက်လည်း စဉ်းစားခဲ့ ကြဖူးဟန်တူပါတယ်။

Photo Credit: motor 1.com

ပုံကြမ်းမှာတုန်းကတော့ ကားရဲ့ အရှေ့ဘက်မှာ ခွဲထုတ်ထားတဲ့ ဒီဇိုင်းနဲ့ Split Headlight တွေကတော့ မရှိ တော့ပဲ အတော်လေး သေးသွယ်သွားတဲ့ Grille နဲ့ ခပ်ကျဉ်းကျဉ်း Lenses တွေသာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့ ‌Fascia အောက်ဘက်မှာ ဆိုရင်လည်း ဒေါင်လိုက် ထောင့်ချိုးလေးတွေ ထည့်ပေးထားဆဲ ဆိုပေမယ့် Chiseled Lines တွေ ကိုပါ အချိုးကျကျ ထည့်ထားတာကိုလည်း တွေ့ရပြန်ပါတယ်။ အခုပုံထဲ မှာ မြင်ရတဲ့ တရားဝင် မဟုတ်ခဲ့တဲ့ ကား ဒီဇိုင်း ပုံကြမ်းတွေကိုတော့ ၁၉၉၀ ခုနှစ် တွေရဲ့ အလယ်လောက် ဆီက E 38 7-Series တွေကို မှီငြမ်းထားတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် နောက်ထပ် ပုံကြမ်းတစ်မျိုးမှာကတော့ ယခင်မျိုးဆက် ကားအဟောင်းရဲ့ နောက်ဆက်တွဲ ဆင့်ကဲ ပြောင်းလဲလာတဲ့ ကား တစ်စီး အသွင်ကို ပိုပိုပြီး တွေ့ရပါတယ်။ ပထမ တစ်ခုနဲ့ ယှဉ်ရင်တော့ ရှေ့မီးတွေနဲ့ Grille တို့က သိသိသာသာ ကို ပိုကြီးလာခဲ့ပြီး ကားရဲ့ ဒီဇိုင်းကို လေးထောင့် ဆန်တယ်လို့ ထင်မှတ်စေရမယ့် ဒေါင်လိုက် Vents တွေ ကလည်း ထင်ထင်ရှားရှားကို ရှိလို့ နေခဲ့ပါတယ်။ Grille တွေ အနေနဲ့ကတော့ ယခင် မျိုးဆက် အဟောင်းနဲ့ အခု အသစ် ကြေညာခဲ့တဲ့ မျိုးဆက်သစ်တို့ အကြားက ပုံစံတစ်ရပ်လိုဖြစ်နေတယ်လို့ ဆိုလို့ရပြီး ကားရဲ့ အကျယ်ကို ပိုကောင်းအောင် ထိန်း ပေးထားတဲ့ ဒီဇိုင်းမျိုးကိုတော့ မြင်နေခဲ့ရတာ ဖြစ်ပါ တယ်။ တကယ်တော့ အခု ထွက်လာပြီဖြစ်တဲ့ 7 Series ကားသစ်တွေရဲ့ အပြင်ပိုင်းဒီဇိုင်းတွေကို မကြိုက်တဲ့ သူဆိုရင်တောင်မှ အတွင်းခန်းထဲ ဝင်လိုက်ရင် တော့ စိတ်ကျေနပ်စရာ ဆန်းဆန်းပြားပြားတွေနဲ့ အတူ အံ့အားသင့်သွားစေမိမှာ သေချာပါတယ်။ အထူးသဖြင့် အနောက်ဘက် ထိုင်ခုံမှာ ထိုင်မယ့် သူတွေအတွက် ၃၁ လက်မ အရွယ်အထိကို ဆွဲဆန့်လို့ ရပြီး အမိုးပေါ်ကနေ ခေါက်ထားလို့ ရမယ့် Screen ကြီးက တကယ့် ဆွဲဆောင်မှု အကြီးစားကြီး ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အရှေ့ ဘက် ထိုင်ခုံက ယာဉ်မောင်း နဲ့ ခရီးသည် တို့အတွက်လည်း အဆင်ပြေစေဖို့ ၁၂.၃ လက်မ အရွယ် Digital Cluster နဲ့ ၁၄.၉ လက်မ အရွယ် Center Display တို့လည်း ပါဝင် လာပါသေးတယ်။ ဒါကို မှ မလုံလောက်သေးဘူး ဆိုရင်လည်း ကားရဲ့ စွမ်းဆောင် ရည် တွေကတော့ တကယ် ကို စိတ်‌‌ကျေနပ်မှု ပေးနိုင်မှာသေချာနေပြီး 760i xDrive ဒါမှမဟုတ် i7 xDrive 60 တို့မှာ မှ ရနိုင်မယ့် 536 hp အထိ လုပ်အားနှုန်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

Ref: motor 1.com