BMW ရဲ့ 3 Series Touring G 21 ကားတွေ ကိုတော့ အမေရိက ဈေးကွက်ထဲမှာ ရောင်းချခြင်း မရှိပဲ အခု ဆိုရင်တော့ ဥရောပ ဈေးကွက်အတွက် အသစ်ထွက်လာပြန်ပြီ ဖြစ်ကာ ဒါကလည်း အမေရိက ဈေးကွက်အ တွက် ရောက်လာ ဦးမှာ မဟုတ်ပြန်ပါဘူး။ အဆိုပါ ကားရဲ့ Sedan အမျိုးအစားမှာကတည်းက အပြင်ပိုင်း ဒီဇိုင်း အပြောင်းအလဲတွေနဲ့ အချိုး အစားတွေကို ပြောင်းလဲလာခဲ့တာ ဖြစ်ပြီး အတွင်းပိုင်း Cabin မှာဆိုရင် လည်း iDrive 8 လိုစနစ်မျိုးကို ထည့်သွင်းကာ ကြီးကြီးမားမား အပြောင်းအလဲတွေ စီစဉ်ပေးလာခဲ့ ပါတယ်။ အဆိုပါ ကားသစ်ရဲ့ အလယ်တည့်တည့်မှာပဲ ၁၂.၃ လက်မအရွယ် ယာဉ်မောင်း အတွက် Screen နဲ့ ၁၄.၈ လက်မ အရွယ် Touchscreen တို့ကို ပေါင်းစပ်ပေးထားလိုက် ပါပြီ။ အခု အသစ်ထွက်လာတဲ့ 3 Series အသစ်ကတော့ 330e ပုံစံကိုမှ M Sport Package ပါ ရရှိလာပြီဖြစ်ပြီး လျှပ်စစ်စွမ်းအင် ပေါင်းစပ်ဖို့အတွက် i Version အသစ်ကိုလည်း ထည့်သွင်းပေးလာခဲ့ ပါတယ်။ အဆိုပါ PHEV ကားအသစ်ကိုတော့ အမေရိက ဈေးကွက်ထဲ ရနိုင်တယ် ဆိုပေမယ့် ဥရောပနဲ့ အခြားသော ဈေးကွက်တွေထဲမှာ ဆိုရင် တော့ စွမ်းဆောင်  ရည်နည်းနည်း ပိုနိမ့်တဲ့ 320e ကားအဖြစ် ရလာနိုင်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခုကား မျိုးကွဲ ပေါင်းစုံ အတွက်တော့ BMW က အင်ဂျင်အစုံကို ရွေးချယ်နိုင်အောင် သုံးပေးထားပြီး M 340d ကားမှာဆိုရင် Inline- Six Engine ကိုတောင် ထပ်ထည့်ပေးထားကာ Mid-Cycle Update အနေကစလို့အင်ဂျင်‌တွေ အကုန်လုံးမှာ 48 V Mild-Hybrid နည်းပညာကိုပါ ပေါင်းစပ်ရရှိလာ ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု အသစ်ထွက် ကားဒီဇိုင်း ကတော့ ယခင်ပုံစံကိုပဲ ကြိုက်သူတွေအဖို့ သဘောကျစေနိုင်ပြီး Kidney Grille တွေက သာမန်အရွယ်ပဲ ရှိကာ Split Headlight တွေလည်း ထည့်မပေးထားတော့တာ ဖြစ်ပါတယ်။ Headlight တွေ ကတော့ ဒီဇိုင်းမဆန်းထား ပေမယ့်လည်း Full LED တွေကိုတော့ စံအနေနဲ့ သုံးပေးထား ပြီး ယခင်ကထက်လည်း ပိုပြီး ပါးလျ တဲ့ ဒီဇိုင်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Daytime’s Running Lights တွေကိုပါ ‌အချိုးကျကျ ပေါင်းစပ်ပေးထားတာ ကြောင့် L ပုံစံ ခပ်ချွန်ချွန် အသွင်နဲ့ ပိုလှလာခဲ့ပြီး ရွေးလို့ရဦး မယ့် အပြာရောင် Headlight တွေ ကလည်း အတော်လေး လှပ နေပါတယ်။ ကားရဲ့ အနောက်ဘက်က လည်း အတော်လေး ကြီးမားနေဆဲ ဖြစ်ပေမယ့် အိတ်ဇောပိုက်တွေ ကတော့ ခပ်သေးသေး ဖြစ်သွားကာ အင်ဂျင်ပေါ်မူတည်ပြီး ၉၀ ကနေ ၁၀၀ မီလီမီတာ အထိပဲ ရှိတော့မှာပါ။ Entry Level 3er Engine သုံး ထားတဲ့ ကားမှာဆိုရင်တော့ ၁၇ လက်မအရွယ် အလွိုင်းဘီးတွေကို M Sport Package နဲ့ အတူ သုံးပေး ထားပြီး M Performance Models တွေဆိုရင်တော့ ၁၈ လက်မအထိ ဘီးကို ရွေးချယ်နိုင်မှာပါ။ အခု ကားအသစ် ကတော့ အမိုးရှည် Touring အမျိုးအစားဖြစ်တာကြောင့် ကားရဲ့ အမိုးတွေကို Glossy အနက် ရောင်လေးတွေနဲ့ခြံရံကာ အတော်လေး လှပနေစေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒီ ဒီဇိုင်းကို မကြိုက်သေး ဘူးဆိုရင် အဆိုပါ အမိုးလိုင်းလေးတွေ နေရာမှာ အလူမီနီယံကို အစားထိုး တပ်ဆင်နိုင်ဦးမှာပါ။

Photo Credit: motor 1.com

အခု ဆိုရင်တော့ အဆိုပါ 3 Series Touring ကားရဲ့ သက်တမ်းက ၃၅ နှစ်တောင် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး BMW ကတော့ အခု Wagon ကားတွေကို ဈေးကွက်ထဲ ဝယ်လိုအားမြင့်နေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် ယခင် BMW 3 Series တွေပါ ရောင်းကောင်းနေဆဲ ဥရောပဈေးကွက်မှာ ပိုအလိုရှိနေကြတာ ပါ။ ဒီ အထဲမှာမှ BMW ရဲ့ မူလ ဇစ်မြစ် ဂျာမနီဈေးကွက်မှာ ပိုရောင်းကောင်းနေဆဲ ဖြစ်ပြီး ဥရောပပြင်ပမှာ ဆိုရင်တော့ အဆိုပါ ကားမော်ဒယ် ကို နယူးဇီလန် ၊ ဩစတြေးလျ ၊ ထိုင်ဝမ် ၊ တောင်ကိုရီယား ၊ ဂျပန် ၊ ဟောင်ကောင် နဲ့ အခြားသော နိုင်ငံတွေ အထိကို ရောင်းချနေရဆဲ လည်း ဖြစ်ပါတယ်။ အမေရိက ဈေးကွက် ထဲကိုတော့ 3 Series Sport Wagon တွေလည်း ဝင်လာဖို့ မရှိ သေးပြန်တာပါ။ ဒါ့အပြင် နောက်လထဲ ကျင်းပမယ့် Goodwood Festival Of Speed ဆိုတဲ့ နာမည်ကျော် ကား ပြပွဲ ပြိုင်ပွဲကြီးမှာလည်း  တရားဝင် မိတ်ဆက် ပေးလာမယ့် M3 Touring ကားသစ်လည်း ရှိနေသေးတာကြောင့် စိတ်ဝင်တစား ဆက်လက် စောင့်ကြည့်ကြရပါဦးမယ်။

Ref: motor 1.com