Audi TT ကား အမျိုးအစားကတော့ သက်တမ်းအားဖြင့် ၂၅ နှစ် ပြည့်ပြီဖြစ်လို့ ကုမ္ပဏီကနေ TT RS Iconic Edition ဆိုတဲ့ ကားတစ်မျိုးကို အထူးထုတ်လုပ်ပေးတော့မှာပါ။ အခုလာမယ့် ၂၀၂၃ အစောပိုင်း လောက် မှာ စတင် ရောင်းချ ပေးမယ့် အဆိုပါ ကားကိုတော့ အစီးရေ ၁၀၀ ပဲ ကန့်သတ်ထုတ်လုပ်ပေးမှာ ဖြစ်ပြီးလက်ရှိမှာ TT RS ကားတွေ ဈေးကွက်ဝင်နေဆဲဖြစ်တဲ့ ဥရောပ ဈေးကွက်မှာပဲ ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေ မယ့် အဆိုပါ ကားကိုပဲ 2022 TT RS Heritage Edition ဆိုတဲ့ Hardcore Coupe အနေနဲ့ အမေရိက ဈေးကွက်အတွင်း အခုနှစ် အစောပိုင်းမှာ ရောင်းချ ခဲ့ပါသေးတယ်။ အခု ထုတ်လုပ်ပေးမယ့် Iconic Edition အသစ်ကိုတော့ Nardo Gray ဆိုတဲ့ မီးခိုးရောင် တစ်မျိုးတည်းနဲ့ပဲ ဖန်တီးမှာဖြစ်ကာ မူလ Bauhaus TT ကို ပြန်ပြီး အသွင်ယူထားတာလည်း ဖြစ်ပါတယ်။ အဆိုပါ မူလ ကားကတော့ ၁၉၉၅  ခုနှစ် ရဲ့ ဖရန့်ဖတ် ကားပြပွဲ မှာ Concept အနေနဲ့ စတင်မြင်ခဲ့ရပြီး ၁၉၉၈ အရောက်မှာ အတူတူနီးပါးဖြစ်တဲ့ဒီဇိုင်းနဲ့ ပွဲထွက်လာနိုင်ခဲ့ပါတယ်။

Photo Credit: MotorAuthority

အခု အထူးထုတ်အတွက် စွမ်းဆောင်ရည်ပိုင်း အဆင့်မြှင့်တင်မှုတွေ အနေနဲ့ကတော့ Aerodynamic Package အသစ် ထည့်ပေးထားပြီး အရှေ့ဘက်မှာလည်း Fascia ကို Splitter နဲ့ Flics အသစ်တွေကို သုံးပေး ထားမှာပါ။ အနောက်ဘက်မှာလည်း အသေတပ်ဆင်ထားတဲ့ တောင်ပံတစ်ခုကို ကာဗွန်ဖိုက်ဘာနဲ့ ပြင်ဆင်ထားတဲ့ အပြင် Swan-Ne00ck Struts နဲ့လည်း ပံ့ပိုးပေးထားပါသေးတယ်။ ကားသစ်မှာတော့ TT ရဲ့ Matrix LED Headlights တွေကို ရွေးချယ်စရာအဖြစ် ထည့်ပေးထားမှာဖြစ်ပြီး ကိုယ်ထည် တစ်လျှောက်မှာလည်း အနက်ရောင် Accents လေးတွေကို ထည့်ပေးထားပါသေးတယ်။ အဆိုပါ အနက်ရောင် Accents လေးတွကိုတော့ ကားရဲ့ ဘီးတွေအထိ ဆက်ထည့်ပေးထားပြီး သီးသန့်ဖြစ်တဲ့ လက်မ ၂၀ အရွယ် ဘီးအပြင် အနက်ရောင် Brake Caliper တွေလည်း ပါဝင်လာဦးမှာပါ။

Photo Credit: MotorAuthority

အတွင်းခန်းမှာတော့ Nappa Leather သားနဲ့ Alcantara တွေကို ကောင်းကောင်း ပေါင်းစပ်ပေးထားပြီး အဝါရောင်လိုင်းတွေကိုလည်း ကားရဲ့ အနက်‌နဲ့ဆန့်ကျင်ဘက်ထင်းနေအောင် လှလှပပ ထည့်ပေးထားပါတယ်။ Iconic Edition ဆိုတဲ့ စာသားလေးတွေကိုလည်း ကားရဲ့ Cabin တစ်လျှောက်နေရာ အတော်များများမှာ ထည့်ပေးထားကာ စတီယာတိုင်ရဲ့ ၁၂ နာရီ နေရာ ထိပ်တည့်တည့်မှာလည်း အဝါရောင် အမှတ်အသား‌လေး ပြပေးထားတာ တွေ့ရပါတယ်။ ထူးခြားတာ ကတော့ ဂီယာအုံရဲ့ အပေါ်မှာပါလာတဲ့ နံပါတ်လေးတွေဟာ အစီးရေ ၁၀၀ ထဲမှာမှ ဘယ်နှစ်စီးမြောက် ကားလဲဆိုတာ ကိုပြသပေးနေမှာပါ။ အခုကားကတော့ TT RS Models တွေလိုပဲ 2.5 Liter Turbo-5 အင်ဂျင်ကို တပ်ဆင်ထားပြီး 400 hp အထိ စွမ်းဆောင်နိုင်ပါတယ်။ 7-Speed Dual-Clutch Automatic Transmission ဂီယာကိုမှ All-Wheel Drive စနစ် ဖြစ်တာကြောင့် 0-62 mph ပမာဏကို ၃.၇ စက္ကန့် အတွင်း အရှိန်တင်မောင်းနိုင်မှာဖြစ်ကာ အမြင့်ဆုံး မြန်နှုန်းကလည်း ၁၇၄ မိုင် အထိ ရှိနေမှာ ဖြစ်ပါတယ်။ လက်ရှိ သိထား ရသလောက် ‌ကတော့ TT ကားတွေက တတိယမြောက် မျိူးဆက်အထိ ရောက်နေပေမယ့် ၄ ခုမြောက် မျိုးဆက် အတွက်တော့ မသေချာတော့ပါဘူး။ နောက်ပိုင်းမှာ လျှပ်စစ်စွမ်းအင် သီးသန့်နဲ့ TT မျိုးဆက်သစ်တွေကို မြင်ရဖို့ ရှိပေမယ့်လည်း Coupe Design နဲ့ Sports ကား ဒါမှမဟုတ် အမိုးဖွင့် ကားကိုယ်ထည်တွေနဲ့ ဖြစ်လာမလား ဆိုတာ ကတော့ အတည်မပြုနိုင်သေးတာမို့ စောင့်ကြည့်ရဦးမှာပါ။

Ref: MotorAuthority