Audi ရဲ့ RS 5 ဆိုတဲ့ ကားကတော့ စထွက်လာကတည်းက စွမ်းဆောင်ရည် ခပ်မြင့်မြင့်နဲ့ အလန်းစား ထွက် လာတာ ဖြစ်ပေမယ့် အခု ၂၀၂၃ မော်ဒယ်အသစ် အတွက်တော့ Competition Package ဆိုတဲ့ အသစ်တစ် မျိုးကိုပါ ရလာ နိုင်တော့မှာပါ။ အဆိုပါ Pack ကတော့ စွမ်းဆောင်ရည် ပိုကောင်းလာရုံတင်မကပဲ ဒီဇိုင်းပါ တစ်ချို့ကိုပါ ပြောင်းလဲ ပေးလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ Package မှာတော့ လိုသလို ချိန်ညှိနိုင် မယ့် Coil-Over Suspension စနစ် ပါလာပြီး ကားကို ၁၀ မီလီမီတာ လောက်အထိ ထပ်နှိမ့်နိုင်ဦးမှာပါ။ ဒ့ါအပြင် အရှေ့ နဲ့ အနောက် ဘက်မှာလည်း Sway Bars တွေ တပ်ဆင်ထားသေးပြီး Sports အိတ်ဇောစနစ် ကိုလည်း အနက်ရောင် Tailpipe တွေနဲ့ တွဲပေးထားပါတယ်။ ယခင် ကားတွေမှာ ပါဝင်ထားခဲ့တဲ့ Noise Insulation ဆူညံ လျှော့ချတဲ့ ပစ္စည်းကိုလည်း ဖြုတ်ထားတာကြောင့် ကား အင်ဂျင်သံ ခပ်လန်းလန်းကို အတိုင်းသား ကြားရတော့မှာဖြစ်ပြီး ကားရဲ့ အလေးချိန်ကိုပါ ၁၈ ပေါင် လောက် လျော့သွား စေပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်ပိုကောင်းအောင်လို့ နောက်တစ်မျိုး လုပ်ပေးထားတာကတော့ ဂီယာပိုင်း ပြောင်းပေး ထားတာဖြစ်ပြီး ဂီယာချိန်းရတဲ့ အချိန်ကို ပိုမြန်အောင် ဖန်တီးပေးထားတာပါ။ ဒါ့အပြင် ပို အဆင့်မြှင့်တင် ပေးလာတဲ့ All-Wheel Drive စနစ်ကြောင့်လည်း ယခင်ထက်ပိုပြီး ကားရဲ့အနောက်ဘီးတွေဆီ စွမ်းဆောင် ရည် ပိုကောင်းကောင်း ပို့ပေးနိုင်မှာပါ။

Photo Credit: MotorAuthority

ကားရဲ့ ဘရိတ်ပိုင်းကိုလည်း ကာဗွန် Ceramic Brake Rotors တွေ သုံးပြီး ပိုကောင်းအောင် လုပ်ပေးထား သလို ABS Software ကိုလည်း ပိုအဆင့်မြှင့်တင် ပေးထားပါသေးတယ်။ ဒါကြောင့် အခုဆိုရင် တစ်နာရီ မိုင် ၆၀ နဲ့ မောင်းနေရင်း ရုတ်တရတ်ဘရိတ် အုပ်လိုက်ရင်တောင်မှ ယခင်ကထက် ၆ ပေ လောက်အထိ ပိုပြီး စောစောရပ်နိုင် တော့မှာပါ။ နောက်ထပ် သိသာထင်ရှားတဲ့ အဆင့်မြှင့်တင်မှုမှာ ဆိုရင်တော့ ကားရဲ့ Five-Spoke Alloy ဘီးတွေဖြစ်ပြီး Pirelli P Zero Corsa တာယာတွေနဲ့လည်း ပေါင်းစပ်ပေးထား ပါသေးတယ်။ အခုဆိုရင်တော့ အဆိုပါ RS 5 အသစ် က တစ်နာရီ မိုင် ၆၀ နှုန်း ကို ၃.၇ စက္ကန့် အတွင်းမှာတင် ရောက် အောင်မောင်းနိုင်ပြီ ဖြစ်ပြီး Standard အနေနဲ့ ကတော့ တစ်နာရီ ကို ၁၅၅မိုင် မောင်းနိုင် ခဲ့တာပါ။ ယခင်က ပိုကောင်းပါတယ် ဆိုတဲ့ Dynamic Plus Package တုန်းကတော့ အမြင့်ဆုံး အနေနဲ့ တစ်နာရီကို ၁၇၄ မိုင် အထိ မောင်းနှင်နိုင်ခဲ့ပြီး အခု Competition Package အသစ်ကတော့ ၁၈၀ မိုင် အထိ ကို စွမ်းဆောင် သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အင်ဂျင် ပိုင်းမှာတော့ ယခင်အတိုင်း 2.9 Liter Twin-Turbocharged V 6 Engine ကိုပဲ သုံးပေးထားလို့ 444 Hp နဲ့ 442 Lb-Ft Torque အထိ ကို စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်ဂျင်ပိုင်းနဲ့အတူ 8-Speed Automatic Gearbox ကိုလည်း တွဲသုံးပေးထားပြီး Four Wheel Drive စနစ်ကိုတော့ စံ အနေ နဲ့ ထည့်ပေးထားပါတယ်။ အခု Pack ကတော့ ကားရဲ့ အတွင်းအပြင်တို့မှာလည်း ဆန်းသစ်မှုလေးတွေ လုပ်ပေးထားပြီး ဘီးအသစ်တွေအပြင် အပြင်ဘက်နဲ့ ကားရဲ့ Cabin တို့မှာ အနက်ရောင် Chrome အသစ် လေးတွေလည်း ထည့်ပေးလာတာပါ။ တစ်ချို့ အရာလေးတွေ ဆိုရင် လည်း ကာ‌ဗွန်ဖိုက်ဘာလေးတွေ သုံး ထားတာဖြစ်ပြီး အနက်ရောင် Accents တွေကိုမှ အနီရောင် လိုင်းလေးတွေနဲ့ ပေါင်းထားတဲ့ ဒီဇိုင်းတွေ ဖြစ်တာကြောင့် ဘရိတ်ပြားတို့ ဘာတို့ကအစ ပိုပြီးသိသာ ကြည့်ကောင်း သွားပါတယ်။ ဝယ်ယူမယ့် သူတွေ ကတော့ Sebring Black Crystal ဆိုတဲ့ Effect နဲ့ အရောင်ကို အခု Package ရဲ့ သီးသန့် အဖြစ် ဝယ်ယူ ရွေးချယ်နိုင်ဦးမှာပါ။ အဆိုပါ ကားအသစ်ကိုတော့ $ 75,900 က စတင်ကျသင့်ကာ လာမယ့် ဇွန် လ အတွင်း ‌စတင် ရောင်းချသွားမှာဖြစ်ပြီး Competition Package သီးသန့် ကတော့ $ 16,100 လောက် ထပ်ဆောင်း ကျသင့်မှာ ပဲ ဖြစ်ပါတယ်။

Ref: MotorAuthority