Audi ရဲ့ E-Tron ကား အမျိုးအစားကို လျှပ်စစ် SUV အနေနဲ့ ဆက်မထွက် လာတော့ဘူး ဆိုတဲ့ သတင်းတွေကတော့ မှန်ကန်ခဲ့ပြီး E-Tron ကားအစား Q8 E-Tron နဲ့ Q8 Sportback E-Tron အသစ်တို့ကိုလာမယ့် နိုဝင်ဘာမှာ အစားထိုး ထုတ်လုပ်လာတော့မှာပါ။ အခုဆိုရင်တော့ အဆိုပါ လျှပ်စစ်ကားသစ်တွေရဲ့ ပုံရိပ်တစ်ချို့ကို အကြိုချပြလာတာ ဖြစ်ပြီး Teaser Video တစ်ခုမှာလည်း ကားသစ် ၂ စီးရဲ့ တစ်ချို့ သော အချက် အလက်တွေကိုပါ သိလာ ရတာပဲ ဖြစ်ပါတယ်။ အခု မြင်ထားရတဲ့ Teaser ပုံရိပ်တွေနဲ့ Video တွေမှာတော့ ဘယ်ကားက ဘယ်အမျိုးအစားလဲ ဆိုတာကို တိတိကျကျ မဖော်ပြထား သေးပေမယ့် Caption အရတော့ တစ်ချို့သော အချက်အလက်လေးတွေ သိလာ ရပါတယ်။ အဆိုပါ အချက်အလက် လေးတွေကတော့ Q8 E-Tron ဆိုရင် 100 km မှာ 24.4 ကနေ 20.1 kWh ပမာဏ ခန့် ၊ Q8 Sportback E-Tron ဆိုရင် 100 km ခရီးကို 24.1 ကနေ 19.5 kWh ဘက်ထရီ ပမာဏ လောက်အထိ စွမ်းအင်သုံးစွဲလာနိုင်တယ် ဆိုတဲ့ အပေါ်ယံ အချက် လေး တွေပါပဲ။ အခု ကားသစ် ၂ စီးက ယခင် E Tron မူလ လျှပ်စစ် ကားကို အစားထိုးသွားမှာ ဖြစ်တယ်လို့ Teaser ထဲ သေချာမပြောထား သေးပေမယ့်လည်း မနှစ်က Audi ရဲ့ အတည်ပြုချက်အရတော့ ၂၀၂၆ မှာ ထွက်လာမယ့် Q8 E-Tron က မူလကားရဲ့ မျိုးဆက်သစ် ဖြစ်လာလိမ့်မယ်လို့ သိထားရပြီး ဖြစ်နေပါတယ်။

Photo Credit: motor 1.com

သတင်းတွေ အရတော့ အခု ကားသစ်တွေဟာ ထင်ထားတာထက်ကို ပိုစောစော ထွက်လာတာဖြစ်ပြီး E-Tron Facelifted Version တွေအစား အခုကားသစ်တွေ တန်းထွက်လာတဲ့သဘော ပါပဲ။ အခု Teaser တွေအရတော့ Audi ဘက်ကတော့ တရားဝင် ချပြလာတဲ့ ပုံရိပ်တွေလည်း ဖြစ်တာကြောင့် အတည်ပြုရမယ့် အချက်တွေ များပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လာမယ့် ရက်တွေမှာ ကားသစ်တွေရဲ့ အသေးစိတ် အချက် အလက်တွေကို သိလာရမယ့် အပြင် ၊ ကားသစ်တွေရဲ့ ပုံစံ အတိအကျတွေကိုလည်း မျက်ဝါးထင်ထင် မြင်လာရဖို့ ရှိပါတယ်။

Ref: motor 1.com