အသစ် ထွက်လာမယ့် မျိုးဆက်သစ် Audi A4 ကားကတော့ Audi ရဲ့ ကားတွေထဲ အကောင်းဆုံးသော မျိုးဆက် ကားကောင်းတစ်စီးအဖြစ် မှတ်တမ်းဝင်လာနိုင်ဖို့ ရှိနေပါတယ်။ လက်ရှိမှာ ‌အဆိုပါကားကို လမ်းမ တွေပေါ် စမ်းသပ် နေတဲ့ Prototype အဆင့် အနေနဲ့ ၂ ခါ လောက်ပဲ မြင်ဖူးသေးတယ် ဆိုပေမယ့် Motor.es ကတော့ ထုံးစံအတိုင်းပဲ ဒီဂျစ်တယ်ပုံကြမ်းတစ်ချို့ကို ခန့်မှန်းရေးဆွဲလာနိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါကားသစ် နဲ့ ပတ်သက်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေမှာ ဆိုရင်တော့ ကုမ္ပဏီရဲ့ MQB Platform အသစ်ပေါ် မှာ တည်ဆောက်လာမယ်ဆိုပြီး ဖော်ပြနေကြတာ တွေလည်း တွေ့ရပါတယ်။ အဆိုပါ Platform အသစ်က တော့ ကုမ္ပဏီ ဘက်က ၁ ဘီလီယံ လောက် အထိတန်ကြေးနဲ့ ရင်းနှီးမြုပ်နှံထားတဲ့ တိုးတက်မှု စီမံကိန်းတွေ ထဲကတစ်ခုပါပဲ။ ဒါပေမယ့်လည်းမသေချာသေးတဲ့ သတင်းတွေသာဖြစ်နေတာကြောင့် အခု A4 ကားအသစ် ကို လက်ရှိ MLB Platform ပေါ်မှာပဲ ဆက်လက်အသုံး ပြုလာနိုင်ပြီး တကယ်သာ ဆိုရင်တော့ အင်ဂျင်ကို ပုံမှန်အတိုင်း အရှည်လိုက် ထည့်ထားမယ့် ပုံစံပဲ ဖြစ်လာမှာပါ။ ပိုအရေးကြီးတဲ့ တစ်ချက်ကတော့ အခု ကား ဟာ အဆိုပါ ကားမျိုးဆက် ကြီး တစ်ခုလုံးရဲ့ Combustion Engine တွေ သုံးပေးထားတဲ့ နောက်ဆုံးသော ကားတစ်စီး ဖြစ်ဖို့ များလာနေတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

လက်ရှိမှာ ကားထုတ်လုပ်သူ အများစုကတော့ ဒီဇယ် အင်ဂျင်တွေကို လက်ရှောင်နေကြတယ် ဆိုပေမယ့် Audi A4 အသစ် ကတော့ ဓာတ်ဆီ ရော ဒီဇယ် အနေနဲ့ ပါ ပွဲထုတ်လာနိုင်ပြီးခေတ် အခြေအနေ အရလည်း လျှပ်စစ် စွမ်းအင် နဲ့ တွဲဖက် ပေးလာဖို့လည်း မျှော်လင့်ရပါတယ်။ အိတ်ဇောပိုက်နဲ့ အင်ဂျင်နဲ့ပါလာမယ့် နောက်ဆုံး မျိုးဆက်လည်း ဖြစ်လာ ဖို့ များတာကြောင့် ဒါပြီးရင်တော့ လျှပ်စစ် ကားတစ်စီး အဖြစ် A 4 ကို ဆက်လက် မျှော်လင့်လို့လည်း ရနိုင်ပါပြီ။ မနှစ် က အောက်တိုဘာ လမှာ တုန်းကတော့ Audi ရဲ့ နည်းပညာ ဌာနပိုင်း အကြီးအကဲ တစ်ယောက်ကတော့ Audi A 4 EV အနေနဲ့ ထွက်လာမယ်ဆိုရင် PPE Platform ပေါ်မှာ အခြေခံ လာမယ်လို့ တရားဝင်ပြောထား ဖူးတာကြောင့် လျှပ်စစ် ကား အနေနဲ့လည်း မျှော်လင့်ရဖို့ သိပ်မကြာတော့မယ့် အနေအထားပါပဲ။

Photo Credit: motor 1.com

ဒါပေမယ့် အခုပုံကြမ်းမြင်ရသလောက်ကတော့ လက်ရှိ ကားတွေကနေလုံးဝကို ကွဲထွက်နေတဲ့ ဒီဇိုင်းအသစ် တွေနဲ့ A 4 ကို မြင်ရဖို့ ဆိုတာ အနည်းငယ် သံသယလေးတွေနဲ့ စောင့်ကြည့်ရဦးမယ်လို့ပဲ ဆိုရမှာပါ။ ဘယ် လိုပဲ ဖြစ်ဖြစ် အခု ပုံကြမ်းကြောင့် A 4 ကားအသစ်ရဲ့ အပြင်ဒီဇိုင်းပိုင်းက ဘယ်လိုရှိလာမလဲ ဆိုတာကို ကောင်းကောင်းကြီး ပုံဖော် ကြည့်လို့ ရလာခဲ့ပြီး လုံးဝဒီဇိုင်းမတူတော့တာထက် အခုလက်ရှိ Facelift ပိုင်း ထက် ပိုကြီး ပိုကောင်းပြီး လေးနက်တဲ့ အသွင်ကို မြင်လာရလိမ့်မယ်လို့တော့ မျှော်လင့်ရတာ ဖြစ်ပါတယ်။ အဆိုပါ 2023 Audi A 4 ကားအသစ် ဘယ်အချိန် လောက် ထွက်ပေါ်လာမလဲဆိုတာ ခန့်မှန်းရခက်နေသေး ပြီး သေချာတာကတော့ အခု ဆယ်စုနှစ် ကုန်လောက် အထိ ကို ဒီကားကဈေးကွက်ထဲ ရှိနေဦးမယ် ဆိုတာပါ ပဲ။ အတော်များများ ခန့်မှန်းချက်တွေကတော့ အခုနှစ်ကုန်လောက်မှာ ဈေးကွက်ထဲ စတင်ဝင်ရောက်လာနိုင် ပြီး ထုတ်လုပ်မှုတွေကိုတော့ နှစ်လယ် လောက်မှာပဲ စတင်လာမယ်လို့ ဖော်ပြနေကြပါတယ်။ ဒါပေမယ့် လည်း လက်ရှိ ကြုံတွေ့နေရတဲ့ Chip ပြားပြတ်လပ်မှု ပြဿနာတွေနဲ့ အခြား ထုတ်လုပ်မှု ပိုင်းဆိုင်ရာ နှောင့် နှေးနေရမှုတွေရဲ့ ‌အခြေအနေတွေ မူတည်ပြီးတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com