ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ BMW အနေနဲ့ Refreshed 8 Series ကားအသစ် တွေကို မိတ်ဆက်ခဲ့ပြီး 8 Series Coupe ၊ Cabriolet နဲ့ Gran Coupe တို့ ပါဝင် လာခဲ့တာပါ။ အခုဆိုရင်တော့ Alpina အနေနဲ့လည်း အဆင့်မြှင့်တင် ထားတဲ့ B8 Gran Coupe ကိုပါ မိတ်ဆက် ပေးလာခဲ့ပြီဖြစ်ပြီး BMW ရဲ့ 8 Series အပြောင်းအလဲတွေလိုပဲ ပြုလုပ် ပေးထားတာ တွေ့ရပါတယ်။ အဆိုပါ ကားအသစ်တွေကိုတော့ အခုနှစ် ဇူလိုင်လမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးတွေကတော့ လက်ရှိ ငွေလဲလှယ်နှုန်းတွေနဲ့ဆိုရင် $ 182,505 လောက်ကနေ စတင် ဈေးပေါက်လာနိုင်ပါတယ်။ ကားရဲ့ အမြင်ပိုင်း ပြောင်းလဲမှုတွေထဲမှာ သိသိသာသာ ကွဲပြားသွားတာမျိုး မရှိပေမယ့်လည်း ထူးခြားတဲ့ တစ် ချက် ကတော့ Illuminated Grille အသစ်ပါလာတာပါ။ အပြင်ဘက် အရောင်တွေကလည်း အစိမ်း နဲ့ အပြာရောင် တွေကိုပဲ အတော်လေး သုံးပေးထားပါတယ်။ ဒါ့အပြင် နောက်တစ်ချက် ကောင်းတာကတော့ ကား အရောင်တွေနဲ့ ပတ်သက်လို့ BMW ဆီက အရောင်တွေကို လည်း ရွေးချယ်နိုင်သေးပြီး BMW ရဲ့ သီးသန့် ဖန်တီးထားတဲ့ အရောင် တွေကိုပါ ရွေးနိုင်ဦးမှာ ဖြစ်ပါတယ်။ ကားရဲ့ ဘီးတွေကတော့ ၂၀ လက်မအရွယ် Spoke Wheel တွေ သုံးထားပြီး အရှေ့ဘက်မှာဆိုရင် 245/35 ZR 21 တာယာ တွေနဲ့ အနောက်ဘက်မှာတော့ 285/30 ZR 21 Pirelli တာယာ တွေနဲ့ သုံးနိုင်မှာပါ။ ဒါ့အပြင် နောက်ထပ် လက်မ ၂၀ ဘီး တွေကိုလည်း ဒီဇိုင်းအတူတူကိုပဲ ဆောင်းတွင်းလမ်းတွေ အတွက် အဆင်ပြေမယ့် အထူးထုတ်ဖြစ်ဖြစ် သပ်သပ်မှာယူနိုင် ပါသေးတယ်။
ကားရဲ့ အတွင်းခန်းထဲကို ဝင်လိုက်ပြီဆိုတာနဲ့ မြင်ရမှာကတော့ BMW 8 Series တုန်းကအတိုင်း Dual Screen အတွဲ လိုက်ကိုပါပဲ။ B8 Gran Coupe အသစ်ကတော့ ၁၂.၃ လက်မ အရွယ် Live Cockpit Professional Display နဲ့ တွဲဖက်လာတာ ဖြစ်ပြီး ယခင် ၁၀.၂၅ လက်မ Digital Instrument Cluster ကြီးတစ်ခုလုံး နေရာမှာ အစားထိုး ပေးလိုက်တာ ဖြစ်ပါတယ်။ တံခါး ဘောင်တွေနဲ့ iDrive Controller တွေကလည်း မီးရောင်စုံနဲ့ Illuminated Design ဖြစ်လာခဲ့ပြီး Crystal Glass တွေနဲ့ပါ ပေါင်းစပ်ပေးထားပါတယ်။ ဒါ့အပြင် အဆိုပါနေရာတွေမှာ ထည့်သွင်းပေးထားတဲ့ Alpina ရဲ့ တံဆိပ်ကြောင့်လည်း ကားအတွင်းခန်းကို ပိုပြီးသပ်သပ်ရပ်ရပ်နဲ့ ကြည့်လို့ ကောင်း နေစေ ပါတယ်။ ဒါ့အပြင် စတီယာတိုင်ကလည်း ထူးထူးခြားခြား သဘာဝ Leather သားနဲ့ ပြုလုပ်ထားတဲ့ Hand Made ဖြစ်တယ်လို့ သိရပါသေးတယ်။
အင်ဂျင် ပိုင်းမှာတော့ BMW ရဲ့ 4.4 Liter Twin Turbo V8 အင်ဂျင်ကိုမှ Modified Version ကို သုံးပေးထား တာကြောင့် စွမ်းဆောင် ရည် အပိုင်းအရဆိုရင် 621 hp နဲ့ 590 lb-ft Torque အထိ ရှိ နေမှာပါ။ ဒါ့အပြင် Eight- Speed Torque Converter Automatic ဂီယာကိုလည်းအသုံး ပြုပေးထားသေးတာကြောင့် တစ်နာရီ ၆၂ မိုင် နှုန်း ပမာဏ ကို ၃.၄ စက္ကန့် အတွင်းအရှိန်တင် မောင်းနိုင်မှာ ဖြစ်ပါ တယ်။ အမြင့်ဆုံး မြန်နှုန်းကတော့ တစ်နာရီကို ၂၀၁ မိုင် နှုန်းအထိ ရှိပါတယ်။ အခု ကားအတွက် ရွေးချယ်ခွင့်ပေးထားတဲ့ အရောင်တွေနဲ့ သတ္တုစပ်တွေ အကုန်လုံးက ကိုယ့်အကြိုက် မဟုတ်သေးဘူး ဆိုရင် လည်း Alpina ကနေ ဒီထက် ပိုကောင်းတဲ့ စိတ်ကြိုက် ရွေးချယ်စရာ တွေကို သီးသန့် ပြင်ဆင်ပေးဦးမယ်လို့ သိရပါတယ်။ အပြင်ဘက် အရောင်တွေ၊ Leather သားတွေနဲ့ အတွင်းခန်း Trim တွေ အကုန်လုံး ကို Alpina ရဲ့ Workshop မှာ သေချာရွေးချယ် ပြင်ဆင်နိုင်အုံးမှာပါ။ ဒါပေမယ့် အခု ပြောပြထားတဲ့ ရွေးချယ်မှုတွေနဲ့ ဈေးနှုန်းတွေ အကုန်လုံးကတော့ ဂျာမနီ ဈေးကွက်ထဲက ပမာဏတွေ ဖြစ်တာကြောင့် အခြား ဈေးကွက်တွေရဲ့ ဈေးတွေမှာတော့ အပြောင်းအလဲတွေ ရှိလာဦးမလား စောင့်ကြည့်ရဦးမှာပါ။
Ref: motor 1.com