Alpina ကတော့ BWM 4-Series ကို အခြေပြုပြီး ထုတ်လုပ်ထားတဲ့ B4  မျိုးဆက်သစ် ကားကို ချပြလာ ခဲ့ပါတယ်။ အဆိုပါ ကား‌ကတော့ 4-Series ရဲ့ ကိုယ်ထည် ပုံစံအတိုင်းဖန်တီးလာခဲ့ပြီး ပိုပြီး လက်တွေ့ကျကျ ပြောရရင်တော့ 4- Series Gran Coupe အနေနဲ့ဖန်တီးထားတာပါ။ ဒါကြောင့်လည်း အခုလို Gran Coupe ရဲ့ Hatchback  ကား ကိုယ်ထည်မျိုး မရှိတဲ့ M4 Series တွေနဲ့တော့ ကွဲပြားမှုကို ချပြလာနိုင်ပါတယ်။ 4-Series Gran Coupe ကားတွေ ကိုက ပြီးခဲ့တဲ့ နွေရာသီကတည်းက ချပြခဲ့တာဖြစ်ပြီး Alpina Version ကတော့ အခု ထွက်ပေါ်လာပေမယ့်နှစ်ကုန်ပိုင်း လောက်မှသာ စတင် ရောင်းချမှာပါ။

Photo Credit: MotorAuthority

ကားရဲ့ အင်ဂျင်ပိုင်းကတော့ 3.0 Liter Twin-Turbocharged Inline-6 ကို သုံးပေးထာ ပြီး 8-Speed Automative Engine နဲ့ အတူ All-Wheel Drive စနစ်လည်း ပါဝင် လာပါသေးတယ်။ စွမ်းဆောင်ရည် အမြင့်ဆုံး အနေနဲ့ကတော့ 488 hp နဲ့ 438 lb-ft Torque အထိ ရှိပြီး တစ်နာရီ ၆၂ မိုင် နှုန်းတင်ဖို့ ဆိုရင် တော့ ၃.၇ စက္ကန့် လောက်ပဲ အချိန်ယူ ရမှာ ဖြစ်ကာ အမြင့်ဆုံး မြန်နှုန်းအနေနဲ့ ၁၈၇ မိုင် အထိ မောင်းနှင်နိုင် ပါတယ်။ အဆိုပါ အင်ဂျင်စွမ်းဆောင်ရည် ပမာဏ တွေ ကတော့ Alpina B 3 ရဲ့ အဆင့်မြှင့်တင်ထားတဲ့ Version တွေ မှာလည်း မြင်ရတာဖြစ်ပြီး မကြာခင်မှာပဲ ပွဲထုတ်လာဖို့ ရှိပါသေးတယ်။ အခုလို ကားအသစ် တွေတင် မကပဲ 4-Series Gran Coupe ရဲ့ Chassis တွေကိုပါ အဆင့်မြှင့်တင် ပေးခဲ့သေးတာ ဖြစ်ကာ ကားအကွေ့တွေမှာ ပိုကောင်းစေမယ့် Anti-Roll Bars တွေကိုလည်း အရှေ့ဘက် ဝင်ရိုးမှာ ပေါင်းထည့် ပေးထားပါသေးတယ်။ Dampers တွေ အတွက်လည်း သေချာချိန်ညှိနိုင်မယ့် Springs အသစ်တွေ ပါဝင် လာသေးတာ တွေ့ရပါတယ်။

Photo Credit: MotorAuthority

ကားတွေရဲ့ ဘရိတ်တွေ အတွက်လည်း ၁၅.၆ လက်မအရွယ် Rotor တွေကို အရှေ့ဘက်ဝင်ရိုး၊ ၁၃.၆ လက်မ အရွယ် တွေကို အနောက်ဘက် ဝင်ရိုးမှာတပ်ကာ အဆင့်မြှင့်တင်ပေးထားပြီး Carbon Ceramic Rotors တွေကိုလည်း ရရှိ နိုင်ပါသေးတယ်။ ဘီး တွေကတော့ Alpina ရဲ့ ကိုယ်ပိုင် လက်မ ၂၀ အရွယ်ဘီး တွေ ဖြစ်ပြီး Pirelli P Zero တာယာ တွေနဲ့ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ ကား အတွင်းခန်းမှာ ဆိုရင် တော့ 4-Series Gran Coupe ရဲ့ အရေးကြီးတဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေ အကုန် ပါဝင်လာပြီး နောက်ဆုံးပေါ် ခေတ်မှီ ယာဉ်မောင်းအကူ စနစ်တွေလည်း ပါဝင်လာပါတယ်။ Alpina Logo တွေ ကိုလည်း ကားရဲ့ နေရာအနှံ့မှာ ထည့်သွင်းပေးထားပြီး ကားရဲ့ Center Console နေရာမှာလည်း သီးသန့် နံပါတ်တွေနဲ့ Build Plaque တွေကို သုံးပေးထားပါတယ်။ လာမယ့် ၂၀၂၅ ကစလို့ Alpina ယာဉ်တွေကို BMW ကပဲ သူတို့ရဲ့ ကိုယ်ပိုင်စက်ရုံတွေမှာ တပ်ဆင် ထုတ်လုပ်ပေးသွားတော့မှာ ဖြစ်ပြီး Alpina ကတော့ ယာဉ်တွေရဲ့ တိုးတက်ထိန်းသိမ်းမှု အပိုင်းတွေ ၊ အစိတ်အပိုင်းတွေ ဘက်ကိုပဲ အာရုံစိုက် ပေးသွားတော့မှာ ဖြစ်ပါတယ်။

Ref: MotorAuthority