၂၀၁၉ ကတည်းက Concept Version ကို မြင်တွေ့ခဲ့ရပြီး ကြားထဲမှာလည်း ခန့်မှန်း ပုံရိပ်တွေ ၊ ပေါက်ကြားလာတဲ့ ကားရဲ့ ပုံရိပ် အစစ်အ မှန်တွေနဲ့ အတူ စိတ်လှုပ်ရှားနေစေခဲ့တဲ့ ကားသစ်တစ်စီးကိုတော့ အခုဆိုရင် မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရပြီပဲ ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ Alfa Romeo Tonale ကားသစ် ဖြစ်ပြီး Brand ရဲ့ CEO အသစ်က ဒီကားရဲ့ ရလဒ်တစ်ချို့ကို မကြိုက်သေးတာကြောင့် အကောင်းဆုံး ဖြစ်အောင် ပြန်လည် ပြင်ဆင် ရင်းကနေ အနည်းငယ် နောက်ကျသွားခဲ့တာပါ။ ကားသစ်ရဲ့ အင်ဂျင်ပိုင်းကနေ စကြည့်ရမယ် ဆိုရင်တော့ PHEV Q4 AWD အမျိုးအစားမှာ ဆိုရင် 1.3 Liter Turbocharged Four-Cylinder Engine ကိုသုံးပေးထားပြီး Six-Speed Automatic Transmission နဲ့ တွဲဖက်ပေးထားတာ တွေ့ရမှာပါ။ ဒါတင်မကသေးပဲ 15.5 kWh Lithium-Ion Battery ပါ ထပ် ပေါင်းထည့်ပေးထားပြီး 90 kW ရှိတဲ့ လျှပ်စစ်မော်တာကိုပါ ပေါင်းစပ်ပေးထားသေးတာကြောင့် 272 hp ဆိုတဲ့ အကောင်းဆုံး စွမ်းဆောင် ရည် တစ်ခုကို ပြသလာနိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် လျှပ်စစ်သီးသန့်နဲ့ပဲ မောင်းမယ် ဆိုရင်တောင် မိုင် ၃၀ လောက်အထိ Range ရတာကို တွေ့ရပါတယ်။ ကားကတော့ နောက်တစ်မျိုး ရွေးစရာ ပါလာပါသေးတယ်။ အဲ့ဒါကတော့ 2.0 Liter Turbo-Four Engine ကို Nine-Speed Automatic Transmission နဲ့ တွဲပေးထားတဲ့ Q4 AWD ဆိုတဲ့ ကားပါပဲ။ အဆိုပါ ကားကလည်း အကောင်းဆုံးဆိုတဲ့ စွမ်း ဆောင်ရည်အတိုင်း ရှိပြီး တော့ 256 hp နဲ့ 295 lb-ft Torque အထိ ရှိနေတာ ဖြစ်ပါတယ်။
အဆိုပါ ကားအသစ်တစ်မျိုးစီတိုင်းမှာတော့ Dual Power/Dynamic ၊ Natural နဲ့ Advanced Efficiency ဆိုပြီး တော့ Mode ၃ မျိုး အထိ ရွေးချယ် မောင်းနှင်နိုင်ပါတယ်။ မောင်းလို့ အကောင်းဆုံးကို ရွေးမလား ၊ သာမန်ပဲ မောင်းမလား ၊ စွမ်းအင် ချွေတာမလားဆိုတဲ့ ရွေးချယ်မှုတွေ အကြား ကားအတွက် တန်ဖိုးရှိတဲ့ နောက်ထပ် ထူးထူးခြားခြား တစ်ခုလည်း ပါဝင်လာပါသေးတယ်။ အဲ့ဒါကတော့ အခု ကားအသစ်က ဈေးကွက်ထဲမှာ ပထမဆုံး သော NFT Digital Certificate ရထားတဲ့ ကားဖြစ်လာ ခဲ့ပါတယ်။ အခုလို NFT ရထားတာ ကြောင့်ကားအသုံး ပြုနေစေအတွင်းမှာလည်း ကားရဲ့တန်ဖိုးကို ကျမသွားအောင် စွမ်းဆောင်ပေးထားနိုင်မှာဖြစ်ပြီး တစ်ပတ်ရစ် ဈေးကွက် ရောက်သွားရင်တောင် တူတူတန်တန် ဈေးကို ထိန်းထားပေးနိုင် ဦးမှာပါ။ အခု ကားကတော့ Stellantis မူလ ကုမ္ပဏီရဲ့ လက်ရာဖြစ်တာ ကြောင့် Infotainment အပိုင်းမှာဆိုရင် Uconnect 5 စနစ်ကို သုံးထားပြီး ၁၀.၂၅ လက်မ အရွယ် Touchscreen ထည့်ပေးထားပါတယ်။ ၁၂.၃ လက်မအရွယ် Driver Info Display တစ်ခုကိုလည်း ထည့်ပေးထားသေးပြီး Apple CarPlay နဲ့ Android Auto စနစ် ၊ ကြိုးမဲ့ အားသွင်းစနစ် ၊ Amazon Alexa အသံနဲ့ ခိုင်းစေတဲ့ စနစ်တို့ကိုလည်းထည့်သွင်း ပေးထားမှာပါ။ လုံခြုံရေးအပိုင်းမှာလည်း ခေတ်မှီနည်း ပညာတွေ အကုန် နီးပါး ပါဝင်ပြီး Adaptive Cruise Control စနစ် ၊ အလိုအလျောက် အရေးပေါ် ဘရိတ်စနစ်နဲ့ လမ်းသွားလမ်းလာ တွေရဲ့ လှုပ်ရှားမှုကိုပါ ကြိုတင်သိရှိ ထောက်လှမ်းပေးနိုင်မယ့် စနစ်တွေ အထိ ပါဝင်လာပါတယ်။ ဒါ့အပြင် Blind Spot Monitor စနစ် ၊ Driver Attention Assist ၊ Rear Seat Reminder နဲ့ Lane Keep Assist တို့က အစ ပါဝင် လာတာဖြစ်ပြီး ထူးထူးခြားခြားပဲ Level 2 အဆင့် မောင်းသူမဲ့ စနစ်ကိုပါ ထပ်မံရွေးချယ်နိုင်အောင် စီစဉ်ပေးထား ပါသေးတယ်။
ကားကတော့ ၁၇၈.၃ လက်မ အရှည် နဲ့ ၇၂.၄ လက်မ အကျယ်ရှိတာကြောင့် ပါကင်နေရာတွေ အတွက်တော့ အရမ်းမခက်ခဲမယ့် ကားမျိုး ဖြစ်ပါတယ်။ အဓိက ကတော့ မြို့နေ လူငယ်လူရွယ် Customers တွေ အတွက် ပိုရည်ရွယ်ထားတဲ့ ကားဖြစ်တယ်လို့ သိရပါတယ်။ ကားရဲ့ Display ပိုင်းတွေကို ကြည့်ရင်လည်း ဟိုးယခင် GT Line ရဲ့ ဒီဇိုင်းမျိုးခပ်ဆင်ဆင် ဖြစ်တာကြောင့် ၁၉၆၀ ခုနှစ် တွေလောက်က တစ်ချို့ အငွေ့အသက်တွေကို ပြန်အမှတ်ရ စေမှာပါ။ ကားရဲ့ Headlight အပိုင်းတွေမှာဆိုလည်း Trilobo-Inspired ဖြစ်တဲ့ ဒီဇိုင်းတွေကိုယူသုံး ထားပြီး Full LED တွေချည်း ဖြစ်ပါတယ်။ ကားရဲ့ အရောင်တွေနဲ့ ရွေးချယ်စရာ ဘီးအရွယ်တွေကိုတော့ မကြာခင် သပ်သပ်ထုတ်ပြန် ပေးလာမှာပါ။ ဒါပေမယ့်လည်း အခုကားကတော့ သာမန်လမ်းမထက်သုံး ကားတစ်စီး ဆိုတာထက် အများကြီး ပိုပြီး Sports ဆန်တဲ့အရ သာ၊ အလေးချိန် ပေါ့ပါးမှုနဲ့အတူ Four-Piston Brake တွေ၊ MacPherson Suspension တွေကြောင့် မောင်းလို့ ကောင်းလွန်းတဲ့ အရ သာကိုလည်း ပေးစွမ်းနေနိုင်မှာပါ။ အဆိုပါ ကားမိတ်ဆက်ပွဲမှာတော့ မျိုးကွဲ နောက်ထပ် ၃ မျိုးကိုလည်း ပြသသွားခဲ့သေးပြီး Sprint ၊ Ti နဲ့ Veloce တို့ ဆိုပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကားတွေ အကုန်လုံးမှာ အင်ဂျင်က တစ်မျိုးတည်းလား ကွဲပြားလာဦးမလား ဆိုတာ ကိုတော့ မသိရသေးတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် ၂၀၂၃ အစောပိုင်းလောက်မှာ မြောက်အမေရိက ဒေသက Showroom တွေဆီ စတင် ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် ဈေးနှုန်းတွေ အပါအဝင် အခြား အသေးစိတ် အချက်အလက် တွေကိုလည်း မကြာခင် ထပ်မံ သိလာရတော့မှာပဲ ဖြစ်ပါတယ်။
Ref: carbuzz.com